English Section

Myanmar Extends State of Emergency for Six More Months to Address Ongoing Challenges

Nay Pyi Taw, January 31, 2024

Myanmar has extended its state of emergency for an additional six months, as declared in an official statement by the State Administration Council (SAC). The decision, reached during a session of Myanmar’s National Defence and Security Council in Nay Pyi Taw today, extends the emergency rule until July 31, 2024.

During the council meeting, Senior General Min Aung Hlaing, Chairman of the SAC and Commander in Chief, emphasized the ongoing necessity for Myanmar to attain stability, peace, and return to normalcy. He underscored that the current situation is far from normal and requires a further six-month extension to address pressing needs and initiatives.

He reaffirmed the ongoing preparations for a free and fair multi-party democracy general election and a nationwide census.

Following that, NDSC members deliberated on the current situation, analyzing it thoroughly, and subsequently endorsed another six-month emergency period.

Afterward, Acting President U Myint Swe informed the council that the state of emergency would be extended for another six months based on the consensus among its members.

Acting President U Myint Swe, Vice President U Henry Van Thio, Commander-in-Chief Senior General Min Aung Hlaing, Deputy Commander-in-Chief Vice Senior General Soe Win, Union Minister for Defence Admiral Tin Aung San, Union Minister for Home Affairs Lieutenant General Yar Pyae, Union Minister for Foreign Affairs U Than Swe, and Union Minister for Border Affairs Lieutenant General Tun Tun Naung were present at the council meeting.

Additionally, SAC Secretary Lieutenant General Aung Lin Dway and Joint Secretary Lieutenant General Ye Win Oo participated in the meeting as special invitees.

@ymg/knl

Senior General Stresses Political Dialogue in Hluttaw for Self-Administration and Autonomy Rights

January 27, 2023 (Nay Pyi Taw)

The Chairman of Myanmar's State Administration Council, Senior General Min Aung Hlaing, stressed that the rights to self-administration and autonomy should be discussed and approved through political dialogues within the Hluttaw. He emphasized that resorting to armed methods to assert these rights is not acceptable.

Senior General Min Aung Hlaing addressed attendees at the committee meeting on Security, Peace, and Stability, as well as Rule of Law, convened in Nay Pyi Taw on January 26, 2024, as stated in an official press release.

The Senior General emphasized the ongoing challenge of pursuing rights to self-administration and autonomy for states and regions outside the established legal framework. He stressed the importance of ensuring that actions are in accordance with established laws and rules.

Senior General cautioned that the Constitution of 2008, endorsed by voters with a majority approval of 92.48 percent, is binding, and no actions can transgress its provisions.

Moreover, he added that the State Administration Council (SAC) is adhering to the principles outlined in the 2008 Constitution while governing the country.

Moreover, the Senior General provided details about the Public Security System during the meeting, underscoring its importance. He emphasized that achieving objectives related to security, stability, and rule of law relies on the unity and solidarity of all public administrations and security personnel.

He stressed the importance of identifying terrorists while ensuring informant confidentiality. He further emphasized the need for a systematic implementation of the Public Security System and the execution of the Public Defense System through it.

SAC Joint Secretary Lt. Gen. Ye Win Oo, Council members Admiral Tin Aung San, General Yar Pyae, U Wunna Maung Lwin, Daw Dwe Bu, and Mahn Nyein Maung, along with Union Ministers and other senior officials, attended and discussed on the issues.

 Ymg/knl

Myanmar Reaffirms 'One China Policy' and Backs China's Reunification Efforts

Date: January 15, 2024

Myanmar's ruling State Administration Council (SAC) has affirmed its unwavering commitment to the "One China Policy" and has restated that Taiwan (Chinese-Taipei) is an integral part of the People’s Republic of China.

Following the Taiwan Election held on Saturday, January 13, the Myanmar Foreign Ministry issued a statement expressing Myanmar’s stance on the development of Taiwan.

The statement declares Myanmar's opposition to any separatist activities aiming "Taiwan independence" and foreign interference in the internal affairs of other states. Additionally, Myanmar fully supports China’s efforts to achieve peaceful reunification, as stated in the official statement.

The statement highlights Myanmar's maintenance of good neighborly Pauk-Phaw relations with China, emphasizing the consistent support for the "One China Policy".

-ymg/knl

Asean

Most Popular - Local News

  • ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာကြသူ မြန်မာနိုင်ငံသား (၇၉)ဦးကို ထိုင်းနိုင်ငံတွင် နေရာအနှံ့၌ ဖမ်းဆီးရမိ

    ၂၈ မတ် ၂၀၂၄

    ထိုင်းနိုင်ငံသို့တရားမဝင်ခိုးဝင်လာကြတဲ့ မြန်မာနိုင်ငံသား ၇၉ ဦးပါတဲ့ အုပ်စု (၅)စုကို လွန်ခဲ့တဲ့ နှစ်ရက်အတွင်း Thong Pha Phum ခရိုင်အတွင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ သူတို့နှင့်အတူ မှောင်ခိုသွင်းသူ ၅ ဦးကိုလည်းဖမ်းဆီးမိခဲ့ပါတယ်။

    ပထမဖမ်းဆီးမှုမှာ ရဲ၊စစ်သားနှင့် ဒေသအရာရှိတွေပါဝင်တဲ့အဖွဲ့ဟာ သမ်ဘွန်သာခါနန်က အိမ်တစ်အိမ်အောက်မှာ ပုန်းနေကြ တဲ့ မြန်မာအမျိုးသား (၉)ဦးကို ဗုဒ္ဓဟူးနေ့ မနက်၁၀နာရီခန့်က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

    သူတို့အားလုံးကို တရားမဝင် ဝင်ရောက်မှုနှင့် ဖမ်းဆီးထားပြီး အိမ်ပိုင်ရှင် ဘန်လတ်ဘိုရစ်ဆတ်ကိုလည်း ဝှက်ထားပေးတဲ့ အတွက် ဖမ်းဆီးခဲ့ပါတယ်။

    အဲဒီနေ့ နှောငင်းပိုင်းမှာလည်း ရဲတွေဟာ သွန်ပါပမ်လမ်းဆုံအနီးမှာ ကချာနာပူရီလိုင်စင်ပြားတပ်ထားတဲ့ ပစ်ကပ်ကားတစ်စီး ကိုရပ်ဖို့ပြောတာကို မရပ်ဘဲမောင်းပြေးတဲ့အတွက် ရဲအရာရှိနှစ်ဦးဟာ ကားနောက်ခန်းကို ခုန်တက်လိုက်ခဲ့ကြပါတယ်။ ဒါပေမယ့် ကားကရပ်မပေးခဲ့ပါဘူး။ အခြားအရာရှိတွေက ကားနောက်ကို ထပ်ချပ်မကွာလိုက်တော့မှ စစ်ဆေးရေးဂိတ်နှင့် ၅ကီလိုမီတာအကွာမှာကားကရပ်သွားပါတယ်။ အဲဒီကားမှာ မြန်မာနိုင်ငံသား အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ကိုတွေ့ရှိဖမ်းဆီးခဲပြီး ယာဉ်မောင်းကိုပါ ဖမ်းဆီးခဲ့ပါတယ်။

    ဖမ်းဆီးရမိတဲ့မြန်မာနိုင်ငံသားတွေက သူတို့ဟာ ဘုရားသုံးဆူအနီးနယ်စပ်ပေါက်ကနေ ခြေလျင်လမ်းလျှောက်ဝင်လာခဲ့ကြတာ ဖြစ်တယ်လို့ ပြောကြပါတယ်။ စစ်ဆေးရေးဂိတ်တော်တော်များများမှာ သူတို့ဟာ လမ်းညွှန်တစ်ဦးရဲ့အကူအညီနှင့် ကျော်ဖြတ်နိုင်ခဲ့ကြတယ်လို့ဆိုပါတယ်။

    နောက်တစ်နာရီအကြာမှာ ရဲတွေဟာ တမ်ဘွန်စစ်ဆေးရေးဂိတ်မှာ မရပ်ဘဲမောင်းပြေးတဲ့ ထရပ်ကားတစ်စီးနောက်လိုက်ပြီး ဖမ်းဆီးခဲ့ရာမှာ မြန်မာအမျိုးသား (၆)ဦးနှင့် ထိုင်းမှောင်ခိုကူးသူ (၂)ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

    အင်္ဂါနေ့ညမှာ တမ်ဘွန်သာခါနမ်အပန်းဖြေစခန်းအနီး မှောင်ခိုကူးသူ (၁)ဦးနှင့် တရားမဝင်အလုပ်လာရှာသူ ၁၉ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။ မှောင်ခိုကူးသူဟာ “ ဝင်း” လို့သိထားကြပြီး ဆန်ခလာပူရီဒေသခံဖြစ်ကာ တိုရိုတာကားကို ကိုယ်တိုင် မောင်းလာသူဖြစ်ပါတယ်။

    Source BKK Post

    @ymg/knl

  • ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သူရဲကောင်းဗိမာန်(နေပြည်တော်)တွင် သူရဲကောင်းစစ်သည်များအား ဂုဏ်ပြုပန်းခြင်းချပြီး အလေးပြု

    ၂၇ မတ် ၂၀၂၄

    နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်  မတ် ၂၇ ရက် (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ်  သူရဲကောင်းဗိမာန်(နေပြည်တော်)တွင် သူရဲကောင်းစစ်သည်များအား ဂုဏ်ပြုပန်းခြင်းချ အလေးပြုခဲ့ကြပါတယ်။

    ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချူပ်မှူးကြီးစိုးဝင်း၊ညှိနှိုင်းကွပ်ကွဲရေးမှူး၊ ကာကွယ်ရေးဦီးစီးချုပ်(ရေ)၊ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊အငြိမ်းစားတပ်မတော် အရာရှိကြီးများတက်ရောက်ခဲ့ကြပါတယ်။

    အဲဒီနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများသည် သူရဲကောင်း ဗိမာန် (နေပြည်တော်) ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရှိရပါတယ်။

    W@ymg/knl

  • နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်နှင့် အငြိမ်းစားတပ်မတော်အရာရှိကြီးများကို ဗိုလ်ချုပ်မှူးကြီးနှင့် တပ်မတော်(ကြည်း၊ရေ၊ လေ)မိသားစုများက ဂါရဝပြုကန်တော့

    ၂၇ မတ် ၂၀၂၄

    နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ မတ် ၂၇ရက်မနက်ကကျင်းပသည့် အငြိမ်းစားတပ်မတော်အရာရှိကြီး   များအား တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစု များက ဂါရဝပြုကန်တော့သည့် အခမ်းအနားသို့ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် (အငြိမ်းစား  ဗိုလ်ချုပ်ကြီး) နှင့် တပ်မတော်အရာရှိကြီးများတက်ရောက်ခဲ့ကြပါတယ်။

    အငြိမ်းစားတပ်မတော်အရာရှိကြီးများ (၇၉)နှစ်မြောက် တပ်မတော်နေ့   စစ်ရေးပြ အခမ်း အနားသို့ တက်ရောက်လာစဉ် ယခု အခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။

    အဆိုပါအခမ်းအနားသို့ အငြိမ်းစားတပ်မတော်အရာရှိ ကြီး ၁၆ ဦးနှင့် ဇနီး ၁၀ ဦးတို့ကန်တော့ခံတက်ရောက်ကြပြီး နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့ဦးဆောင်၍ နစက ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေး   ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက တက်ရောက် ဂါရဝပြု ကန်တော့ခဲ့ကြပါတယ်။

    အခမ်းအနားတွင် နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်နှင့်အတူ ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး(ဒုတိယဗိုလ်ချုပ်ကြီးတင်အေး-ငြိမ်း)နှင့် ထိပ်တန်းတပ်မတော်အရာရှိကြီးအချို့ တက်ရောက်ခဲ့ကြကြောင်း  ထုတ်ပြန်သော ရုပ်သံသတင်းများအရသိရပါတယ်။

    “ယခုအခမ်းအနားတက်ရောက်လာကြသည့် တပ်မတော်အငြိမ်းစားအရာရှိကြီးများသည် မိမိတို့၏မိဘဆရာများပင်ဖြစ်ပါ ကြောင်း” ဗိုလ်ချုပ်မှူးကြီးက ပြောကြားပြီး လက်ရှိတာဝန်ယူနေသည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ ဗုဒ္ဓဘာသာအစဉ်အလာနှင့်အညီ ယခုကဲ့သို့ အထက်အောက်ရိုသေလေးစားမှုဖြင့် ကျေးဇူးတရားကိုသိရှိစွာဂါရဝ ပြု ကန်တော့   ခြင်းသည် မိမိတို့တပ်မတော်၏ အစဉ်အလာကောင်းတစ်ခုပင်ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။

    အဲဒီနောက် ကန်တော့ခံအငြိမ်းစားတပ်မတော်အရာရှိကြီးများကိုယ်စား နိုင်ငံတော်သမ္မတ(ငြိမ်း)ဗိုလ်ချုပ်ကြီး သိန်းစိန်၊ ဗိုလ်မှူးကြီးညွန့်ဆွေနှင့် ဒုတိယဗိုလ်ချုပ်ကြီး အောင်ထွေးတို့က ဆုမွန်ကောင်းများနှင့် ဩဝါဒ စကားများကို ပြောကြားခဲ့ကြ  ကြောင်းသတင်းရရှိပါတယ်။

    @ymg/knl

  • အိန္ဒိယက မြန်မာနှင့်နယ်စပ်တလျောက် အမေရိကန်ဒေါ်လာ ၃.၇ဘီလျံအကုန်အကျခံကာ ခြံစည်းရိုးခတ်မည်

    နယူးဒေလီ, မတ် ၂၇ (ရိုက်တာ)

    အိန္ဒိယနိုင်ငံက အမေရိကန်ဒေါ်လာ ၃.၇ ဘီလျံအကုန်အကျခံကာ မိုင်၁၀၀၀ခန့်ရှည်လျားသည့် မြန်မာနှင့်နယ်စပ်  တစ်လျှောက် ခြံစည်းရိုးခတ်ဖို့ စီစဉ်နေတယ်လို့ အဆိုပါကိစ္စနှင့်တိုက်ရိုက်သက်ဆိုင်တဲ့ သတင်းအရင်းအမြစ်က ရိုက်တာသတင်းဌာနကိုပြောပါတယ်။ မှောင်ခိုလုပ်ငန်းတွေနှင့် တရားမဝင်လှုပ်ရှားမှုတွေကိုဟန့်တားနိုင်ဖို့လို့ ဆိုပါ တယ်။

    နယူးဒေလီက နယ်စ်တွင်ခြံစည်းရိုးများခတ်ကာ  ဆယ်စုနှစ်များစွာကြာခဲ့တဲ့ ဗီဇာမလိုဘဲဝင်ထွက်သွားလာခွင့်ကို  လည်း အဆုံးသတ်မယ်လို့ နှစ်ဆန်းကတည်းက ပြောခဲ့ပါတယ်။

    အိန္ဒိယအစိုးရကော်မတီတစ်ရပ်ဟာ ခြံစည်းရိုးခတ်မယ့် ကုန်ကျစရိတ်ကို ဒီလစောစောပိုင်းမှာ အတည်ပြုခဲ့ပါ တယ်။ ကော်မတီက အတည်ပြုပြီးနောက် ဝန်ကြီးချုပ် နာရင်ဒရာမိုဒီရဲ့ အစိုးရအဖွဲ့က အတည်ပြုပေးဖို့လိုအပ်ပါ သေးတယ်လို့ အစိုးရ အရင်းအမြစ်တွေက ပြောပါတယ်။

    အိန္ဒိယ-မြန်မာနယ်စပ် ပဋိပက္ခတွေကြောင့် နယူးဒေလီအနေနှင့် အိန္ဒိယသို့ လူမှုတင်းမာမှုတွေကူးစက်လာမှာကို စိုးရိမ်နေပါတယ်။

    စစ်အခြေစိုက် စခန်းတွေ နှင့် နယ်စပ်ကို လမ်းတွေနှင့်ချိတ်ဆက်နိုင်အောင်နယ်စပ်ခြံစည်းရိုးတစ်လျောက်မှာ အိန္ဒိယနိုင်ငံအတွင်းဘက်မှာ အပြိုင်လမ်းတွေဖောက်လုပ်ဖို့ အိန္ဒိယအကြီးတန်းအရာရှိတွေရဲ့ကော်မတီတစ်ရပ်က သဘောတူခဲ့ပါတယ်လို့ သတင်းအရသိရပါတယ်။ ခြံစည်းရိုးနှင့် ယင်းနှင့်ကပ်လျက် လမ်းအတွက် ကုန်ကျစရိတ် ဟာ တစ်ကီလိုမီတာကို ရူပီး ၁၂၅သန်းကုန်ကျမယ်လို့ တွက်ချက်ထားပါတယ်။ အဲဒီကုန်ကျစရိတ်ဟာ ၂၀၂၀ခုနှစ်က ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ခြံစည်းရိုးကာစဉ်က ကုန်ကျစ၇◌ိတ် တစ်ကီလိုမီတာကို ၅၅သန်း  နှုန်းထက် နှစ်ဆခန့်ဈေးကြီးနေပါတယ်။ဘာဖြစ်လို့လဲဆိုတော့ အဲဒီနယ်စပ်တလျောက်မှာ တောင်တွေထူထပ်ခြင်း နှင့် ကျူးကျော်ဝင်ရောက်မှုနှင့် ပျက်စီးယိုယွင်းမှုကို ဟန့်တားဖို့နည်းပညာအသုံးပြုကြရမှာကြောင့်ဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

    @ymg/knl

Most Popular - World News

  • ညအိပ်ရာဝင်ခါနီးတိုင်းမျက်နှာသစ်သင့်သလား

    Published 28 March 2024
    ညဘက်အိပ်ရာမဝင်မီ မျက်နှာသစ်ခြင်းက ဘယ်လောက်အရေးကြီးလဲ ဆိုတာကို တော်တော်များများ မသိကြပါဘူး။

    ညဘက်မျက်နှာသစ်ခြင်းက မိတ်ကပ်ဖယ်ရှားရုံမက တစ်နေကုန်ကပ်ငြိနေတဲ့ အညစ်အကြေးတွေကိုလည်း ဖယ်ရှားမှာ ဖြစ်ပါတယ်။

    မျက်နှာပေါ်ကစုပြုံလာတဲ့ အညစ်အကြေးတွေကို မှန်ပေါ်မှာ မမြင်ရနိုင်ဘူးလို့ နယူးယော့ခ်စီးတီးမှ UnionDerm တည်ထောင်သူ အရေပြားပညာရှင် အန်းချာပတ်စ်က ပြောပြပါတယ်။

    အိပ်ရာမဝင်ခင် မျက်နှာသစ်ခြင်းဖြင့် ချွေးပေါက်ပိတ်ဆို့ခြင်းမှ ကာကွယ်ပေးပြီး ဝက်ခြံနဲ့အခြားအရေပြားပြဿနာများ ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။

    အိပ်နေစဥ်မှာ အရေပြားအနေနဲ့ သဘာဝအတိုင်း သစ်လွင်စေပြီး ပိုမိုကျန်းမာဝင်းလက်စေပါတယ်။

    အညစ်အကြေးတွေကို ဖယ်ရှားပေးတဲ့အတွက် အစိုဓာတ်ထိန်းသိမ်းဆေးရည်တွေနဲ့ ဆီရမ်အရည်များ အသားထဲသို့ ဝင်စေရန်အထောက်အကူပေးပါတယ်။

    လူနေထူထပ်တဲ့ မြို့ပြနေရာတွေမှာ အညစ်အကြေးများ အဆိပ်အတောက်များ ထိတွေ့ခဲ့ရတာကိုလည်း မျက်နှာသစ်ခြင်းဖြင့် ဖယ်ရှားနိုင်ပါတယ်။

    အလှကုန်ပစ္စည်းများ အသုံးပြုနေတဲ့ အမျိုးသမီးတွေအတွက် မျက်နှာသစ်ခြင်းက ပိုပြီးတော့တောင်အရေးကြီးပါတယ်။

    ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မျက်နှာသစ်ဆေးတွေကို အသုံးပြုနိုင်ပေမယ့် အလွန်အကျွံတော့ မသုံးသင့်ပါဘူး။
    အလွန်ပွတ်တိုက်ပြီး မျက်နှာချေးချွတ်တာမျိုးကိုလည်း ဆရာဝန်တွေက အကြံမပြုပါဘူး။
    အရေပြားမှာ အဆီလွှာတစ်မျိုးက ကာကွယ်ပေးထားပြီး မကြာခဏ မျက်နှာသစ်ခြင်း၊ ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်ခြင်းတို့ ပြုလုပ်ပါက ထိုအလွှာပျက်စီးသွားနိုင်ပါတယ်။

    မျက်နှာသစ်ပြီးတဲ့အခါ ဆုံးရှုံးသွားတဲ့ရေဓာတ်ကို ဖြည့်တင်းရန် အစိုဓာတ်ဖြည့်အရည် အသုံးပြုသင့်ပါတယ်။
    အရေပြားပြဿနာတစ်ခုခု ကြုံတွေ့နေရသူတွေအနေနဲ့ ကျွမ်းကျင်ပညာရှင်များနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
    #World_Health
    #ညအိပ်ရာဝင်ခါနီးတိုင်းမျက်နှာသစ်သင့်သလား
    #Source: New York Post.

  • ထိုင်းနိုင်ငံအောက်လွှတ်တော်က လိင်တူလက်ထပ်ခွင့် ဥပဒေကြမ်းကို တစ်ခဲနက်အတည်ပြု

    ဘန်ကောက်, မတ် ၂၇ (ရိုက်တာ)

    ထိုင်းနိုင်ငံရဲ့ အောက်လွှတ်တော်က လက်ထပ်မှုတန်းတူရေး a marriage equality ဥပဒေကြမ်းကို မတ်လ ၂၇ ရက် ဗုဒ္ဓဟူးနေ့ က အတည်ပြုပေးလိုက်ပါတယ်။ အဲဒါကြောင့် ထိုင်းနိုင်ငံအနေနှင့် အာရှနိုင်ငံတွေထဲမှာ လိင်တူလက်ထပ်မှုကို တရားဝင်  စေမယ့် တတိယမြောက် နိုင်ငံအနေနှင့်ဖြစ်လာစေဖို့ နောက်တစ်ဆင့်နီးကပ်သွားပြီဖြစ်ပါတယ်။

    ဒါပေမယ့် အဲဒီဥပဒေကြမ်းကို ဥပဒေဖြစ်လာစေဖို့ အထက်လွှတ်တော်(ဆီးနိတ်)က အတည်ပြုပြီး ဘုရင်မင်းမြတ်ရဲ့ ထောက်ခံချက်လိုအပ်ပါသေးတယ်။ ယခုဥပဒေကြမ်းကို ထိုင်းနိုင်ငံရဲ့ အဓိကပါတီကြီးတွေက ထောက်ခံပေးပြီး အောက်လွှတ် တော်အမတ် ၄၁၅ ဦးထဲမှာ ၄၀၀ ဦးက ထောက်ခံပေးခဲ့တာဖြစ်ပါတယ်။ ကန့်ကွက်တဲ့ မဲက ၁၀မဲပဲရှိပါတယ်။

    “ လူ့အဖွဲ့အစည်းမှာ ကွာဟချက်တွေလျှော့ချဖို့နှင့် သာတူညီမျှမှုစတင်ဖန်တီးနိုင်ဖို့ ထိုင်းပြည်သူတွေအားလုံးအတွက် လုပ်ခဲ့ တာဖြစ်ပါတယ်” လို့ ပါလီမန်ကော်မတီဥက္ကဋ္ဌ ဒါနုဖွန်ပန်နာကန်တာက  ရလာဒ်မကြေညာခင် အမတ်တွေကို ပြောကြား ခဲ့ပါတယ်။

    ဥပဒေကြမ်းအတည်ပြုပေးလိုက်နိုင်ခြင်းဟာ အာရှရဲ့ လွတ်လပ်မှုအရှိဆုံး လူ့အဖွဲ့အစည်းတွေထဲကတစ်ခုဖြစ်တဲ့ LGBT ကိစ္စတွေအပေါ် ထိုင်းနိုင်ငံရဲ့ ရပ်တည်ချက်ကို ခိုင်မြဲစေတဲ့ သိသာထင်ရှားတဲ့ ခြေလှမ်းလှမ်းလိုက်နိုင်ခြင်းဖြစ်ပါတယ်။  ဒါဟာ ရိုးရာအစဉ်အလာနှင့်  ရှေးရိုး ဗုဒ္ဓဘာသာတန်ဖိုးတွေနှင့်အတူ လွတ်လပ်ပွင့်လင်းတဲ့ သဘောထားတွေ အတူတကွ ယှဉ်တွဲ ရပ်တည်မယ့်အနေအထားဖြစ်ပါတယ်။

    ဥပဒေကြမ် ဘုရင်မင်းမြတ်အတည်ပြုချက်ရယူဖို့ ရက်ပေါင်း ၁၂၀ ရက်အတွင်း သက်ဝင်လာနိုင်လာနိုင်ပါတယ်။ အဲသလိုဆိုရင် ထိုင်းနိုင်ငံဟာ အာရှမှ  တိုင်ပေ(ထိုင်ဝမ်ကျွန်း)နှင့် နီပေါနိုင်ငံတို့ နောက် တတိယမြောက် လိင်တူလက်ထပ်ခွင့် တရားဝင်တဲ့ နိုင်ငံဖြစ်လာပါလိမ့်မယ်။

    ထိုင်းနိုင်ငံမှာ ယခုလိုဥပဒေတစ်ခုပေါ်ပေါက်လာဖို့ကြိုးပမ်းခဲ့ကြတာ ဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပါပြီ။ နိုင်ငံရေး အုံကြွမှုတွေ နှင့် သဘောမတူညီမှုတွေကြောင့် နှောင့်နှေးကြန့်ကြာခဲ့ရတာဖြစ်ပါတယ်။

    @ymg/knl

  • အမေရိကန်ပြည်ထောင်စု ဘာလ်တီမိုးတွင် မြစ်ကူးတံတားကြီးတစ်စီးကို ကွန်တိနာသင်္ဘောဝင်တိုက်မိ၍ တံတားပြိုကျပြီး ကားနှင့်လူများ မြစ်ထဲပြုတ်ကျ

    ၂၆ မတ် ၂၀၂၄

    ဘာလ်တီမိုး, မတ် ၂၆ (ရိုက်တာ) အမေရိကန်ပြည်ထောင်စု ဘာလ်တီမိုးဆိပ်ကမ်းရှိ  လေးလမ်းသွား တံတားတစ်စင်းကို ကွန် တိန်နာသင်္ဘောတစ်စီးက ဝင်တိုက်မိပြီးနောက် တံတားပြိုကျကာ တံတားပေါ်က ကားတွေနှင့်လူတွေ တံတားအောက် မြစ်ထဲကို ထိုးကျသွားခဲ့ပါတယ်။

    ကယ်ဆယ်ရေးသမားတွေက လူနှစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး အဲဒီအထဲက တစ်ဦးဟာ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်။ အဲဒီ ပါတက်စ်ကိုမြစ်ထဲ အသက်ရှင်ကျန်ရစ်နိုင်မယ့်သူတွေ ဆက်လက်ရှာဖွေနေပါတယ်။ ရေထဲကျိုးကြသွားခဲ့တဲ့ အဆိုပါ ဖရန်စစ်စကော့တ်ကီး တံတားဟာ ၁.၆ မိုင်ရှည်လျားပါတယ်။

    အဆိုပါ ဒါလီကုန်တင်သင်္ဘောဟာ ဆိပ်ကမ်းကထွက်ခွာခဲ့ပြီးနောက် ထိန်းကျောင်းမောင်းနှင်၍မရတော့ဘဲဖြစ်ခဲ့ကာ ယင်းကို မာရီလန်းအရာရှိများ  ထံ အကြောင်းကြားခဲ့တယ်လို့ သတင်းအချို့မှာရေးသားပါတယ်။ ရေထဲသို့ ကားအစီးရေ အနည်းဆုံး (၇)စီးပြုတ်ကျသွားခဲ့ပြီး အတိအကျတော့ မသိဘူးလို့ ဘာလ်တီမိုးအရာရှိတွေကပြောပါတယ်။

    ဘာလ်တီမိုးမြို့မီးသတ်ဋ္ဌာနပြောရေးဆိုခွင့်ရသူ ကေဗင် ကတ်ရိုက်က ရိုက်တာသတင်းဌာနကို ခပ်စောစောပိုင်းက ပြောကြား ရာမှာ များစွာသော ယာဉ်တွေနှင့်အတူ လူ၂၀ ဦးခန့် ရေထဲကျသွားတယ်လို့ဆိုပါတယ်။

    ယခုမတော်တဆမှုဟာ ၂၀၀၇ခုနှစ်နောက်ပိုင်း အမေရိကန်ပြည်ထောင်စုမှာ အဆိုးရွာဆုံး တံတားပြိုကျမှုဖြစ်နိုင်ဖွယ်ရှိနေ ပါတယ်။ ၂၀၀၇ခုနှစ်က မီနီယာပိုလိစ်တံတားဟာ မစ်စစ္စပီမြစ်ထဲပြိုကျကာ လူ၁၃ ဦးသေဆုံးခဲ့ပါတယ်။

    အဆိုပါ ဒါလီသင်္ဘောဟာ စင်္ကာပူအလံတင်ကွန်တိန်နာသင်္ဘောတစ်စီးဖြစ်ပြီး ပိုင်ရှင်မှာ ဂရေ့စ်အိုရှင်းကုမ္ပဏီဖြစ်ပါတယ်။  ဆိုင်နာဂျီမရင်းအုပ်စုက စီမံခန့်ခွဲနေပါတယ်။ သင်္ဘောဟာ တံတားရေလည်တိုင်တစ်လုံးကို တိုက်မိတာဖြစ်တယ်လို့ ဆိုင်နာဂျီ မရင်းအုပ်စုကပြောပါတယ်။

    မတော်တဆမှုကြောင့်  အမေရိကန်ရဲ့ ကားတင်ပို့မှုအလုပ်အများဆုံးဆိပ်ကမ်းတစ်ခုဖြစ်တဲ့ ဘာလ်တီမိုးမှာ ယာဉ်အသွားအလာ တွေ ရပ်ဆိုင်းထားလိုက်ပါတယ်။

    @ymg/knl

     

  • မော်စကိုမြို့ပြင်ဖျော်ဖြေခန်းမအကြမ်းဖက်တိုက်ခိုက်ခံရမှုမှ လွတ်မြောက်လာသူက ကြောက်မက်ဖွယ်ရာမြင်ကွင်များ ပြန်ပြောပြ

    ၂၄  မတ် ၂၀၂၄

    ရုရှားနိုင်ငံ မော်စကိုမြို့ အနောက်မြောက်ဖက် ဆင်ခြေဖုံးအရပ်ရှိ ဖျော်ဖြေပွဲခန်းမကြီးတစ်ခု အကြမ်းဖက်တိုက်ခိုက်ခံရရာမှ လွတ်မြောက် လာခဲ့သည့်သူတစ်ဦးက သေနတန်သမားများ အဲဒီအဆောက်အဦထဲဝင်လာပြီး အပြစ်မရှိတဲ့ အရပ်သားတွေကို သေနတ်နှင့် ပစ်ခတ်ခဲ့တဲ့ ကြောက်ဖက်ဖွယ်ရာ မြင်ကွင်းတွေကို ပြန်လည်ပြောပြခဲ့ပါတယ်။

    Source CCTV+

     

  • ဗြိတိန်ဝေလမင်းသမီး ကိတ် ကင်ဆာရောဂါဖြစ်နေကြောင်း ပြည်သူကိုအသိပေး

    လန်ဒန်, မတ် ၂၂ (ရိုက်တာ)

    ဗြိတိန်၏ ဝေလမင်းသမီး ကိတ်သည် ဇန်နဝါရီလတွင် အကြီးစား ဝမ်းဗိုက်ခွဲစိတ်မှုပြုလုပ်ခဲ့ရာမှ ကင်ဆာရှိနေကြောင်း တွေ့ရှိ ရသဖြင့် ကီမိုကုထုံးဖြင့် ကုသခံနေကြောင်း သောကြာနေ့က ပြောပါတယ်။

    အသက် ၄၂နှစ်ရှိပြီဖြစ်တဲ့ ကိတ်သည် မင်းသား ဝီလျံနှင့်လက်ထပ်ထားသူဖြစ်ပြီး ကင်ဆာရှိကြောင်းသိရှိလိုက်ရ၍ အလွန် တုန်လှုပ်သွားခဲ့ရတယ်လို့ ပြောပါတယ်။ အဲဒီသတင်းဟာ ဗြိတိန်တော်ဝင်မိသားစုအတွက် နောက်ထပ် စိတ်ပူစရာ သတင်းတစ်ခု ဖြစ်ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရင်ချားလ်ကလည်း ကင်ဆာဖြစ်နေတဲ့အတွက် ဆေးဝါးကုသခံနေရ လို့ဖြစ်ပါတယ်။

    ဇန်နဝါရီတုန်းက ကိတ်ဟာ ဆေးရုံနှစ်ပတ်တက်လိုက်ရပြီး အမည်အတိအကျမပြောတဲ့ ကင်ဆာမဟုတ်တဲ့ အခြေအနေတစ်ခု ကြောင့် ကြိုတင်စီစဉ်ထားတဲ့ ခွဲစိတ်ကုသမှုခံယူခဲ့ပြီး အောင်မြင်ခဲ့တယ်လို့ သူမရဲ့ရုံးကပြောပါတယ်။

    ဒါပေမယ့် နောက်ထပ်ကျန်းမာရေးစစ်ဆေးမှုတွေမှာ ကင်ဆာကိုတွေ့ရှိခဲတာလို့ ကိတ်က ဗွီဒီယိုမက်ဆေ့ချ်မှာပြောကြားခဲ့ပြီး သူမဟာ နေကောင်းပြီး ပိုပြီး ကျန်းမာလာပါတယ်လို့ လည်းပြောပါတယ်။

    “ ကျွန်မရဲ့ကျန်းမာရေးအဖွဲ့က ကျွန်မကို ကြိုတင်ကာကွယ်တဲ့အနေနှင့် ကီမိုသွင်းဖို့ အကြံပြုခဲ့လို့ ကုထုံးကိုခံယူခဲ့ပါတယ်။ ယခု ကျွန်မဟာ ကင်ဆာရဲ့အစောပိုင်းအဆင့် ကုသမှုတွေဆောင်ရွက်နေပါတယ်” လို့ ကိတ်ကပြောပါတယ်။

    သူမရဲ့ဗွီဒီယိုထဲမှာ သူမဟာ ဂျင်းဘောင်းဘီနှင့် ဆွယ်တာကိုဝတ်ဆင်ထားပါပြီး ဖြူဖျော့ဖျော့ဖြစ်နေပါတယ်။

    “ အကြီးအကျယ်တုန်လှုပ်တာပေါ့။ ဝီလျံနှင့် ကျွန်မတို့ဟာ ဆက်လုပ်လို့ရသမျှအကုန်လုပ်နေပါတယ်။ ငယ်ရွယ်တဲ့ မိသားစု အရေးအတွက် ကျွန်မတို့ သိုသိုသိပ်သိပ်လုပ်နေကြတာပါ” လို့ ကိတ်ကပြောပါတယ်။

    ခွဲစိတ်ကုသမှုခံယူပြီးနောက် သူမဟာ ယခုလကုန်မှာကျင်းပမယ့် အိစတာပွဲတော်အထိ ရုံးတက်နိုင်ဦးမှာမဟုတ်ဘူးလို့ လည်း သိရပါတယ်။

    ကိတ်ကျန်းမာစေကြောင်း မင်းသားဟယ်ရီ၊ဗြိတိန်နိုင်ငံရေးခေါင်းဆောင်တွေနှင့် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ရုံးတို့ကလည်း ဆုတောင်းသဝဏ်လွှာများပေးပို့ခဲ့ကြပါတယ်။

    @ymg/knl

  • အဂတိလိုက်စားမှုကြောင့် ဗီယက်နမ်သမ္မတဗိုဗန်သွန်းနှုတ်ထွက်ရမှုကို ဗီယက်နမ်လွှတ်တော်အတည်ပြု

    ၂၁ မတ် ၂၀၂၄

    ဗီယက်နမ်လွှတ်တော်က သမ္မတဗိုဗန်သွန်းရဲ့ နှုတ်ထွက်စာကို မတ်၂၁ရက် ကြာသပတေးနေ့မှာ အတည်ပြုပေးလိုက်ပါ  တယ်။ အာဏာရ ဗီယက်နမ်ကွန်မြူနစ်ပါတီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးအရှိန်မြှင့်တင်ဆောင်ရွက်နေရာမှာ သမ္မတ နှုတ်ထွက်လိုက်ရခြင်းဟာ ထိပ်တန်းအရာရှိကြီးတွေ နှုတ်ထွက်ရတာတွေထဲက နောက်ဆုံးဖြစ်ပါတယ်။

    အသက်၅၃နှစ်အရွယ်ရှိ သွန်းဟာ ဗီယက်နမ်မှာ တစ်နှစ်အတွင်း ဒုတိယမြောက်နှုတ်ထွက်လိုက်ရတဲ့ သမ္မတဖြစ်ပါတယ်။ ဗီယက်နမ်မှာ လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးအစီအစဉ်မှာ ယခုတလော ခေါင်းဆောင်တွေအပြောင်းအလဲတွေ  ရှိနေပါ  တယ်။

    သွန်းနေရာမှာ ဘယ်သူဆက်ခံမလဲဆိုတာ နိုင်ငံပိုင်မီဒီယာက မကြေညာပေမယ့် ဗီယက်နမ်အခြေခံဥပဒေအရ ဒုတိယ  သမ္မတဗိုသီအန်ရှန်ဟာ သမ္မတနေရာ တာဝန်ယူရမှာဖြစ်ပါတယ်။

    ဗီယက်နမ်သမ္မတဟာ နိုင်ငံရဲ့ ပွဲတက်ရာထူးကြီးတစ်ခုမျှသာဖြစ်ပေမယ့် နိုင်ငံရဲ့ စတုတ္ထမြောက် ထိပ်ဆုံးနိုင်ငံရေရာထူးတော့ ဖြစ်ပါတယ်။

    ကြာသပတေးနေ့က ဗီယက်နမ်ရဲ့ အမျိုးသားလွှတ်တော်က သွန်ရဲ့ နှုတ်ထွက်စာကို လက်ခံခဲ့ပြီး သူ့ကို ထိပ်ဆုံးအဆုံး  အဖြတ်ပေးတဲ့အဖွဲ့ဖြစ်တဲ့ ပေါလစ်ဗျုရိုနှင့် နိုင်ငံရဲ့ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအကြီးအကဲရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။

    ဗီယက်နမ်ပါတီဗဟိုကော်မတီက သွန်းဟာ ပါတီစည်းကမ်းတွေကိုချိုးဖောက်ခဲ့တယ်လို့ပြောပါတယ်။ သူ့ရဲ့ လုပ်ဆောင်မှု  တွေဟာ ပြည်သူတွေရဲ့ အမြင် မှာ ဆိုးရွားစေပြီး ပါတီရဲ့ ဂုဏ်သတင်းကို ထိခိုက်စေတယ်လို့လည်းဆိုပါတယ်။ ဒါပေမယ့် ဘာအမှားလုပ်ခဲ့တယ်ဆိုတာကိုတော့ အတိအကျပြောမသွားပါဘူး။

    ဒုသမ္မတရှန်ဟာဗီယက်နမ်နိုင်ငံရေးမှာ အကြီးတန်းရာထူးရထားတဲ့ အနည်းငယ်မျှသော အမျိုးသမီးတွေထဲက တစ်ဦးပါ။ သူမဟာ တစ်နှစ်မပြည့်ခင်ကလေးမှာပဲ သမ္မတတာဝန်ရယူရမှာဖြစ်ပါတယ်။ သူမဟာ မနှစ်က စည်းကမ်းဖောက်ဖျက်မှုနှင့်    အမှားလုပ်မှုကြောင့် သမ္မတ ဂုယင်ရှန်ဖူး နှုတ်ထွက် ပေးလိုက်ရကတည်းက ဒုသမ္မတဖြစ်လာခဲ့သူပါ။

    သွန်းဟာ အိုမင်းနေပြီဖြစ်တဲ့ ပါတီအထွေထွေအတွင်းရေးမှူး ငုယင်ဖူသရွန်းနှင့် နီးကပ်သူလို့ သိထားခံခဲ့ရသူဖြစ်ပါတယ်။  ငုယင်ဖူသရွန်းဟာ ဗီယက်နမ်ရဲ့ အာဏာအရှိဆုံးသူဖြစ်ပြီး လက်ရှိ အဂတိကိစ္စတွေကို ပြင်းပြင်ထန်ထန်ကိုင်တွယ်ကာ အကြီး  တန်းအရာရှိတော်တော်များများကို ဖြုတ်ပစ်နေသူဖြစ်ပါတယ်။

    @Source Reuters

    @knl/ymg

Politics

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာကြသူ မြန်မာနိုင်ငံသား (၇၉)ဦးကို ထိုင်းနိုင်ငံတွင် နေရာအနှံ့၌ ဖမ်းဆီးရမိ

၂၈ မတ် ၂၀၂၄

ထိုင်းနိုင်ငံသို့တရားမဝင်ခိုးဝင်လာကြတဲ့ မြန်မာနိုင်ငံသား ၇၉ ဦးပါတဲ့ အုပ်စု (၅)စုကို လွန်ခဲ့တဲ့ နှစ်ရက်အတွင်း Thong Pha Phum ခရိုင်အတွင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ သူတို့နှင့်အတူ မှောင်ခိုသွင်းသူ ၅ ဦးကိုလည်းဖမ်းဆီးမိခဲ့ပါတယ်။

ပထမဖမ်းဆီးမှုမှာ ရဲ၊စစ်သားနှင့် ဒေသအရာရှိတွေပါဝင်တဲ့အဖွဲ့ဟာ သမ်ဘွန်သာခါနန်က အိမ်တစ်အိမ်အောက်မှာ ပုန်းနေကြ တဲ့ မြန်မာအမျိုးသား (၉)ဦးကို ဗုဒ္ဓဟူးနေ့ မနက်၁၀နာရီခန့်က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

သူတို့အားလုံးကို တရားမဝင် ဝင်ရောက်မှုနှင့် ဖမ်းဆီးထားပြီး အိမ်ပိုင်ရှင် ဘန်လတ်ဘိုရစ်ဆတ်ကိုလည်း ဝှက်ထားပေးတဲ့ အတွက် ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနေ့ နှောငင်းပိုင်းမှာလည်း ရဲတွေဟာ သွန်ပါပမ်လမ်းဆုံအနီးမှာ ကချာနာပူရီလိုင်စင်ပြားတပ်ထားတဲ့ ပစ်ကပ်ကားတစ်စီး ကိုရပ်ဖို့ပြောတာကို မရပ်ဘဲမောင်းပြေးတဲ့အတွက် ရဲအရာရှိနှစ်ဦးဟာ ကားနောက်ခန်းကို ခုန်တက်လိုက်ခဲ့ကြပါတယ်။ ဒါပေမယ့် ကားကရပ်မပေးခဲ့ပါဘူး။ အခြားအရာရှိတွေက ကားနောက်ကို ထပ်ချပ်မကွာလိုက်တော့မှ စစ်ဆေးရေးဂိတ်နှင့် ၅ကီလိုမီတာအကွာမှာကားကရပ်သွားပါတယ်။ အဲဒီကားမှာ မြန်မာနိုင်ငံသား အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ကိုတွေ့ရှိဖမ်းဆီးခဲပြီး ယာဉ်မောင်းကိုပါ ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့မြန်မာနိုင်ငံသားတွေက သူတို့ဟာ ဘုရားသုံးဆူအနီးနယ်စပ်ပေါက်ကနေ ခြေလျင်လမ်းလျှောက်ဝင်လာခဲ့ကြတာ ဖြစ်တယ်လို့ ပြောကြပါတယ်။ စစ်ဆေးရေးဂိတ်တော်တော်များများမှာ သူတို့ဟာ လမ်းညွှန်တစ်ဦးရဲ့အကူအညီနှင့် ကျော်ဖြတ်နိုင်ခဲ့ကြတယ်လို့ဆိုပါတယ်။

နောက်တစ်နာရီအကြာမှာ ရဲတွေဟာ တမ်ဘွန်စစ်ဆေးရေးဂိတ်မှာ မရပ်ဘဲမောင်းပြေးတဲ့ ထရပ်ကားတစ်စီးနောက်လိုက်ပြီး ဖမ်းဆီးခဲ့ရာမှာ မြန်မာအမျိုးသား (၆)ဦးနှင့် ထိုင်းမှောင်ခိုကူးသူ (၂)ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

အင်္ဂါနေ့ညမှာ တမ်ဘွန်သာခါနမ်အပန်းဖြေစခန်းအနီး မှောင်ခိုကူးသူ (၁)ဦးနှင့် တရားမဝင်အလုပ်လာရှာသူ ၁၉ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။ မှောင်ခိုကူးသူဟာ “ ဝင်း” လို့သိထားကြပြီး ဆန်ခလာပူရီဒေသခံဖြစ်ကာ တိုရိုတာကားကို ကိုယ်တိုင် မောင်းလာသူဖြစ်ပါတယ်။

Source BKK Post

@ymg/knl

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သူရဲကောင်းဗိမာန်(နေပြည်တော်)တွင် သူရဲကောင်းစစ်သည်များအား ဂုဏ်ပြုပန်းခြင်းချပြီး အလေးပြု

၂၇ မတ် ၂၀၂၄

နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်  မတ် ၂၇ ရက် (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ်  သူရဲကောင်းဗိမာန်(နေပြည်တော်)တွင် သူရဲကောင်းစစ်သည်များအား ဂုဏ်ပြုပန်းခြင်းချ အလေးပြုခဲ့ကြပါတယ်။

ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချူပ်မှူးကြီးစိုးဝင်း၊ညှိနှိုင်းကွပ်ကွဲရေးမှူး၊ ကာကွယ်ရေးဦီးစီးချုပ်(ရေ)၊ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊အငြိမ်းစားတပ်မတော် အရာရှိကြီးများတက်ရောက်ခဲ့ကြပါတယ်။

အဲဒီနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများသည် သူရဲကောင်း ဗိမာန် (နေပြည်တော်) ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရှိရပါတယ်။

W@ymg/knl

နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်နှင့် အငြိမ်းစားတပ်မတော်အရာရှိကြီးများကို ဗိုလ်ချုပ်မှူးကြီးနှင့် တပ်မတော်(ကြည်း၊ရေ၊ လေ)မိသားစုများက ဂါရဝပြုကန်တော့

၂၇ မတ် ၂၀၂၄

နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ မတ် ၂၇ရက်မနက်ကကျင်းပသည့် အငြိမ်းစားတပ်မတော်အရာရှိကြီး   များအား တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစု များက ဂါရဝပြုကန်တော့သည့် အခမ်းအနားသို့ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် (အငြိမ်းစား  ဗိုလ်ချုပ်ကြီး) နှင့် တပ်မတော်အရာရှိကြီးများတက်ရောက်ခဲ့ကြပါတယ်။

အငြိမ်းစားတပ်မတော်အရာရှိကြီးများ (၇၉)နှစ်မြောက် တပ်မတော်နေ့   စစ်ရေးပြ အခမ်း အနားသို့ တက်ရောက်လာစဉ် ယခု အခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါအခမ်းအနားသို့ အငြိမ်းစားတပ်မတော်အရာရှိ ကြီး ၁၆ ဦးနှင့် ဇနီး ၁၀ ဦးတို့ကန်တော့ခံတက်ရောက်ကြပြီး နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့ဦးဆောင်၍ နစက ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေး   ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက တက်ရောက် ဂါရဝပြု ကန်တော့ခဲ့ကြပါတယ်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်နှင့်အတူ ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး(ဒုတိယဗိုလ်ချုပ်ကြီးတင်အေး-ငြိမ်း)နှင့် ထိပ်တန်းတပ်မတော်အရာရှိကြီးအချို့ တက်ရောက်ခဲ့ကြကြောင်း  ထုတ်ပြန်သော ရုပ်သံသတင်းများအရသိရပါတယ်။

“ယခုအခမ်းအနားတက်ရောက်လာကြသည့် တပ်မတော်အငြိမ်းစားအရာရှိကြီးများသည် မိမိတို့၏မိဘဆရာများပင်ဖြစ်ပါ ကြောင်း” ဗိုလ်ချုပ်မှူးကြီးက ပြောကြားပြီး လက်ရှိတာဝန်ယူနေသည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ ဗုဒ္ဓဘာသာအစဉ်အလာနှင့်အညီ ယခုကဲ့သို့ အထက်အောက်ရိုသေလေးစားမှုဖြင့် ကျေးဇူးတရားကိုသိရှိစွာဂါရဝ ပြု ကန်တော့   ခြင်းသည် မိမိတို့တပ်မတော်၏ အစဉ်အလာကောင်းတစ်ခုပင်ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။

အဲဒီနောက် ကန်တော့ခံအငြိမ်းစားတပ်မတော်အရာရှိကြီးများကိုယ်စား နိုင်ငံတော်သမ္မတ(ငြိမ်း)ဗိုလ်ချုပ်ကြီး သိန်းစိန်၊ ဗိုလ်မှူးကြီးညွန့်ဆွေနှင့် ဒုတိယဗိုလ်ချုပ်ကြီး အောင်ထွေးတို့က ဆုမွန်ကောင်းများနှင့် ဩဝါဒ စကားများကို ပြောကြားခဲ့ကြ  ကြောင်းသတင်းရရှိပါတယ်။

@ymg/knl

Business

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာကြသူ မြန်မာနိုင်ငံသား (၇၉)ဦးကို ထိုင်းနိုင်ငံတွင် နေရာအနှံ့၌ ဖမ်းဆီးရမိ

၂၈ မတ် ၂၀၂၄

ထိုင်းနိုင်ငံသို့တရားမဝင်ခိုးဝင်လာကြတဲ့ မြန်မာနိုင်ငံသား ၇၉ ဦးပါတဲ့ အုပ်စု (၅)စုကို လွန်ခဲ့တဲ့ နှစ်ရက်အတွင်း Thong Pha Phum ခရိုင်အတွင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ သူတို့နှင့်အတူ မှောင်ခိုသွင်းသူ ၅ ဦးကိုလည်းဖမ်းဆီးမိခဲ့ပါတယ်။

ပထမဖမ်းဆီးမှုမှာ ရဲ၊စစ်သားနှင့် ဒေသအရာရှိတွေပါဝင်တဲ့အဖွဲ့ဟာ သမ်ဘွန်သာခါနန်က အိမ်တစ်အိမ်အောက်မှာ ပုန်းနေကြ တဲ့ မြန်မာအမျိုးသား (၉)ဦးကို ဗုဒ္ဓဟူးနေ့ မနက်၁၀နာရီခန့်က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

သူတို့အားလုံးကို တရားမဝင် ဝင်ရောက်မှုနှင့် ဖမ်းဆီးထားပြီး အိမ်ပိုင်ရှင် ဘန်လတ်ဘိုရစ်ဆတ်ကိုလည်း ဝှက်ထားပေးတဲ့ အတွက် ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနေ့ နှောငင်းပိုင်းမှာလည်း ရဲတွေဟာ သွန်ပါပမ်လမ်းဆုံအနီးမှာ ကချာနာပူရီလိုင်စင်ပြားတပ်ထားတဲ့ ပစ်ကပ်ကားတစ်စီး ကိုရပ်ဖို့ပြောတာကို မရပ်ဘဲမောင်းပြေးတဲ့အတွက် ရဲအရာရှိနှစ်ဦးဟာ ကားနောက်ခန်းကို ခုန်တက်လိုက်ခဲ့ကြပါတယ်။ ဒါပေမယ့် ကားကရပ်မပေးခဲ့ပါဘူး။ အခြားအရာရှိတွေက ကားနောက်ကို ထပ်ချပ်မကွာလိုက်တော့မှ စစ်ဆေးရေးဂိတ်နှင့် ၅ကီလိုမီတာအကွာမှာကားကရပ်သွားပါတယ်။ အဲဒီကားမှာ မြန်မာနိုင်ငံသား အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ကိုတွေ့ရှိဖမ်းဆီးခဲပြီး ယာဉ်မောင်းကိုပါ ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့မြန်မာနိုင်ငံသားတွေက သူတို့ဟာ ဘုရားသုံးဆူအနီးနယ်စပ်ပေါက်ကနေ ခြေလျင်လမ်းလျှောက်ဝင်လာခဲ့ကြတာ ဖြစ်တယ်လို့ ပြောကြပါတယ်။ စစ်ဆေးရေးဂိတ်တော်တော်များများမှာ သူတို့ဟာ လမ်းညွှန်တစ်ဦးရဲ့အကူအညီနှင့် ကျော်ဖြတ်နိုင်ခဲ့ကြတယ်လို့ဆိုပါတယ်။

နောက်တစ်နာရီအကြာမှာ ရဲတွေဟာ တမ်ဘွန်စစ်ဆေးရေးဂိတ်မှာ မရပ်ဘဲမောင်းပြေးတဲ့ ထရပ်ကားတစ်စီးနောက်လိုက်ပြီး ဖမ်းဆီးခဲ့ရာမှာ မြန်မာအမျိုးသား (၆)ဦးနှင့် ထိုင်းမှောင်ခိုကူးသူ (၂)ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

အင်္ဂါနေ့ညမှာ တမ်ဘွန်သာခါနမ်အပန်းဖြေစခန်းအနီး မှောင်ခိုကူးသူ (၁)ဦးနှင့် တရားမဝင်အလုပ်လာရှာသူ ၁၉ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။ မှောင်ခိုကူးသူဟာ “ ဝင်း” လို့သိထားကြပြီး ဆန်ခလာပူရီဒေသခံဖြစ်ကာ တိုရိုတာကားကို ကိုယ်တိုင် မောင်းလာသူဖြစ်ပါတယ်။

Source BKK Post

@ymg/knl

အမေရိကန်ပြည်ထောင်စု ဘာလ်တီမိုးတွင် မြစ်ကူးတံတားကြီးတစ်စီးကို ကွန်တိနာသင်္ဘောဝင်တိုက်မိ၍ တံတားပြိုကျပြီး ကားနှင့်လူများ မြစ်ထဲပြုတ်ကျ

၂၆ မတ် ၂၀၂၄

ဘာလ်တီမိုး, မတ် ၂၆ (ရိုက်တာ) အမေရိကန်ပြည်ထောင်စု ဘာလ်တီမိုးဆိပ်ကမ်းရှိ  လေးလမ်းသွား တံတားတစ်စင်းကို ကွန် တိန်နာသင်္ဘောတစ်စီးက ဝင်တိုက်မိပြီးနောက် တံတားပြိုကျကာ တံတားပေါ်က ကားတွေနှင့်လူတွေ တံတားအောက် မြစ်ထဲကို ထိုးကျသွားခဲ့ပါတယ်။

ကယ်ဆယ်ရေးသမားတွေက လူနှစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး အဲဒီအထဲက တစ်ဦးဟာ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်။ အဲဒီ ပါတက်စ်ကိုမြစ်ထဲ အသက်ရှင်ကျန်ရစ်နိုင်မယ့်သူတွေ ဆက်လက်ရှာဖွေနေပါတယ်။ ရေထဲကျိုးကြသွားခဲ့တဲ့ အဆိုပါ ဖရန်စစ်စကော့တ်ကီး တံတားဟာ ၁.၆ မိုင်ရှည်လျားပါတယ်။

အဆိုပါ ဒါလီကုန်တင်သင်္ဘောဟာ ဆိပ်ကမ်းကထွက်ခွာခဲ့ပြီးနောက် ထိန်းကျောင်းမောင်းနှင်၍မရတော့ဘဲဖြစ်ခဲ့ကာ ယင်းကို မာရီလန်းအရာရှိများ  ထံ အကြောင်းကြားခဲ့တယ်လို့ သတင်းအချို့မှာရေးသားပါတယ်။ ရေထဲသို့ ကားအစီးရေ အနည်းဆုံး (၇)စီးပြုတ်ကျသွားခဲ့ပြီး အတိအကျတော့ မသိဘူးလို့ ဘာလ်တီမိုးအရာရှိတွေကပြောပါတယ်။

ဘာလ်တီမိုးမြို့မီးသတ်ဋ္ဌာနပြောရေးဆိုခွင့်ရသူ ကေဗင် ကတ်ရိုက်က ရိုက်တာသတင်းဌာနကို ခပ်စောစောပိုင်းက ပြောကြား ရာမှာ များစွာသော ယာဉ်တွေနှင့်အတူ လူ၂၀ ဦးခန့် ရေထဲကျသွားတယ်လို့ဆိုပါတယ်။

ယခုမတော်တဆမှုဟာ ၂၀၀၇ခုနှစ်နောက်ပိုင်း အမေရိကန်ပြည်ထောင်စုမှာ အဆိုးရွာဆုံး တံတားပြိုကျမှုဖြစ်နိုင်ဖွယ်ရှိနေ ပါတယ်။ ၂၀၀၇ခုနှစ်က မီနီယာပိုလိစ်တံတားဟာ မစ်စစ္စပီမြစ်ထဲပြိုကျကာ လူ၁၃ ဦးသေဆုံးခဲ့ပါတယ်။

အဆိုပါ ဒါလီသင်္ဘောဟာ စင်္ကာပူအလံတင်ကွန်တိန်နာသင်္ဘောတစ်စီးဖြစ်ပြီး ပိုင်ရှင်မှာ ဂရေ့စ်အိုရှင်းကုမ္ပဏီဖြစ်ပါတယ်။  ဆိုင်နာဂျီမရင်းအုပ်စုက စီမံခန့်ခွဲနေပါတယ်။ သင်္ဘောဟာ တံတားရေလည်တိုင်တစ်လုံးကို တိုက်မိတာဖြစ်တယ်လို့ ဆိုင်နာဂျီ မရင်းအုပ်စုကပြောပါတယ်။

မတော်တဆမှုကြောင့်  အမေရိကန်ရဲ့ ကားတင်ပို့မှုအလုပ်အများဆုံးဆိပ်ကမ်းတစ်ခုဖြစ်တဲ့ ဘာလ်တီမိုးမှာ ယာဉ်အသွားအလာ တွေ ရပ်ဆိုင်းထားလိုက်ပါတယ်။

@ymg/knl

 

ရိုးပြတ်မီးရှို့သော အိမ်နီးချင်း နိုင်ငံများမှ ထွက်ရှိသည့် ပြောင်းများကို တင်သွင်းခွင့်ပိတ်ပင်မည်ဟု ထိုင်းအစိုးရကြေညာ၊ မြန်မာနိုင်ငံက ထိုင်းကို နှစ်စဉ်ပြောင်းတန်ချိန် ခြောက်သိန်းမှ ခုနှစ်သိန်းအထိ တင်ပို့လျက်ရှိ

၂၀ မတ် ၂၀၂၄

လယ်သမားတွေ ရိုးပြတ်မီးရှို့သော နေရာတွေမှ ထွက်ရှိတဲ့ ပြောင်းသီးနှံတွေ တင်သွင်းခြင်းကို ယခုနှစ်မှစတင်ကာပိတ်ပင်ဖို့ အတွက် ထိုင်းအစိုးရအဖွဲ့က အင်္ဂါနေ့ (မတ် ၁၉)ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။

အဲသလို ပိတ်ပင်ခြင်းဟာ ထိုင်းနိုင်ငံအနေနှင့် အိမ်နီးချင်းနိုင်ငံတွေဆီကနေ နှစ်စဉ်  ထွက်ရှိရောက်ရှိတဲ့ မီးခိုးငွေ့ကို လျှော့ချ ပစ်နိုင်ဖို့ ရည်ရွယ်တယ်လို့ဆိုပါတယ်။

အစိုးရအဖွဲ့ဟာ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို ယင်းနှင့်ပတ်သက်လို့ ပြင်ဆင်ဆောင်ရွက်ဖို့ ညွှန်ကြားလိုက်တယ်လို့ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရသူ ချိုင်း ဝါချာအွန်ကေက ပြောပါတယ်။

အိမ်နီးချင်းနိုင်ငံတွေက လယ်ကွင်းတွေမီးရှို့တဲ့အတွက် ဖြစ်ပေါ်ရတဲ့ လေထုညစ်ညမ်းမှုအပေါ် အစိုးရရဲ့ စိုးရိမ်ပူပန်မှုကို ယခု အရေးယူဆောင်ရွက်မှုက ဖော်ပြနေတာဖြစ်တယ်လို့ သူကပြောပါတယ်။ တာဝန်ရှိ အရာရှိကြီးတွေအနေနှင့် ဂြိုဟ်တုဓာတ်ပုံ တွေကိုအသုံးပြုကာ ပြောင်းစိုက်တဲ့ ဒေသတွေကို ကြည့်ရှသွားမယ်လို့ မစ္စတာချိုင်းက ပြောပါတယ်။

မည်သည့် သွင်းကုန်ပိတ်ပင်မှုမျိုးမဆို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့ စည်းမျဉ်းတွေနှင့် ကိုက်ညီရလိမ့်မှာဖြစ်ပြီး ယခုနှစ် ထွက်ပေါ် လာမယ်လို့မျှော်လင့်ထားတဲ့ သန့်ရှင်းလေဥပဒေကို စောင့်ဆိုင်းနေတယ်လို့လည်းသူကပြောပါတယ်။

ထိုင်းနိုင်ငံဟာ နှစ်စဉ် ပြောင်း တန်ချိန် ၈.၉ သန်း လိုအပ်မှုရှိပါတယ်။ ပြည်တွင်းထုတ်လုပ်မှုက တစ်နှစ်ကို တန်ချိန် ၄.၉ သန်း ရှိပါတယ်။

ထိုင်းနိုင်ငံဟာ  အိမ်နီးချင်းနိုင်ငံတွေကနေ နှစ်စဉ် ပြောင်းတန်ချိန် ၁.၆သန်းတင်သွင်းနေရပါတယ်။ အဲဒီအထဲမှာ  မြန်မာနိုင်ငံ ကနေ တန်ချိန် ခြောက်သိန်းမှ ခုနှစ်သိန်းအထိ လာအိုမှ တန်ချိန် သုံးသိန်းမှလေးသိန်းအထိနှင့် ကမ္ဘောဒီးယားမှ တန်ချိန် တစ်သိန်းခန့် တင်သွင်းနေရတာဖြစ်ပါတယ်။

ကျန်တန်ချိန်နှစ်သန်းကိုတော့ အခြားနိုင်ငံများမှတင်သွင်းနေပြီး အများစုမှ ဘရာဇီးမှဖြစ်ကြောင်းသိရှိရပါတယ်။

Source Bangkok Post

#ymg/knl

#world_News

#Thailand

#Business

Health

ညအိပ်ရာဝင်ခါနီးတိုင်းမျက်နှာသစ်သင့်သလား

Published 28 March 2024
ညဘက်အိပ်ရာမဝင်မီ မျက်နှာသစ်ခြင်းက ဘယ်လောက်အရေးကြီးလဲ ဆိုတာကို တော်တော်များများ မသိကြပါဘူး။

ညဘက်မျက်နှာသစ်ခြင်းက မိတ်ကပ်ဖယ်ရှားရုံမက တစ်နေကုန်ကပ်ငြိနေတဲ့ အညစ်အကြေးတွေကိုလည်း ဖယ်ရှားမှာ ဖြစ်ပါတယ်။

မျက်နှာပေါ်ကစုပြုံလာတဲ့ အညစ်အကြေးတွေကို မှန်ပေါ်မှာ မမြင်ရနိုင်ဘူးလို့ နယူးယော့ခ်စီးတီးမှ UnionDerm တည်ထောင်သူ အရေပြားပညာရှင် အန်းချာပတ်စ်က ပြောပြပါတယ်။

အိပ်ရာမဝင်ခင် မျက်နှာသစ်ခြင်းဖြင့် ချွေးပေါက်ပိတ်ဆို့ခြင်းမှ ကာကွယ်ပေးပြီး ဝက်ခြံနဲ့အခြားအရေပြားပြဿနာများ ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။

အိပ်နေစဥ်မှာ အရေပြားအနေနဲ့ သဘာဝအတိုင်း သစ်လွင်စေပြီး ပိုမိုကျန်းမာဝင်းလက်စေပါတယ်။

အညစ်အကြေးတွေကို ဖယ်ရှားပေးတဲ့အတွက် အစိုဓာတ်ထိန်းသိမ်းဆေးရည်တွေနဲ့ ဆီရမ်အရည်များ အသားထဲသို့ ဝင်စေရန်အထောက်အကူပေးပါတယ်။

လူနေထူထပ်တဲ့ မြို့ပြနေရာတွေမှာ အညစ်အကြေးများ အဆိပ်အတောက်များ ထိတွေ့ခဲ့ရတာကိုလည်း မျက်နှာသစ်ခြင်းဖြင့် ဖယ်ရှားနိုင်ပါတယ်။

အလှကုန်ပစ္စည်းများ အသုံးပြုနေတဲ့ အမျိုးသမီးတွေအတွက် မျက်နှာသစ်ခြင်းက ပိုပြီးတော့တောင်အရေးကြီးပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မျက်နှာသစ်ဆေးတွေကို အသုံးပြုနိုင်ပေမယ့် အလွန်အကျွံတော့ မသုံးသင့်ပါဘူး။
အလွန်ပွတ်တိုက်ပြီး မျက်နှာချေးချွတ်တာမျိုးကိုလည်း ဆရာဝန်တွေက အကြံမပြုပါဘူး။
အရေပြားမှာ အဆီလွှာတစ်မျိုးက ကာကွယ်ပေးထားပြီး မကြာခဏ မျက်နှာသစ်ခြင်း၊ ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်ခြင်းတို့ ပြုလုပ်ပါက ထိုအလွှာပျက်စီးသွားနိုင်ပါတယ်။

မျက်နှာသစ်ပြီးတဲ့အခါ ဆုံးရှုံးသွားတဲ့ရေဓာတ်ကို ဖြည့်တင်းရန် အစိုဓာတ်ဖြည့်အရည် အသုံးပြုသင့်ပါတယ်။
အရေပြားပြဿနာတစ်ခုခု ကြုံတွေ့နေရသူတွေအနေနဲ့ ကျွမ်းကျင်ပညာရှင်များနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
#World_Health
#ညအိပ်ရာဝင်ခါနီးတိုင်းမျက်နှာသစ်သင့်သလား
#Source: New York Post.

တောင်ကိုရီးယားတွင် ဆေးကျောင်းသားအရေအတွက်တိုးခေါ်မည့် အစိုးရအစီအစဉ်ကို ဝါရင့်ဆရာဝန်ထောင်ပေါင်းများစွာ ကန့်ကွက်ဆန္ဒပြ

၄ မတ် ၂၀၂၄

တောင်ကိုရီးယားနိုင်ငံမှာ ထောင်ပေါင်းများစွာသော ဝါရင့်ဆရာဝန်ကြီးတွေဟာ မြို့တော် ဆိုးလ်မှာ တနင်္ဂနွေနေ့က စုရုံးကြပြီး ဆေးကျောင်းတက်ဖို့ ကျောင်းသားအရေအတွက် တိုးခေါ်မယ့် အစိုးရရဲ့အစီအစဉ်ကို အလုပ်သင်ဆရာဝန်များနည်းတူ သူတို့က ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဖေဖော်ဝါရီလကုန်ပိုင်းကစပြီး အလုပ်သင်ဆရာဝန်ပေါင်း ၉၀၀၀ကျော်ဟာ လာမယ့် ၂၀၂၅ ပညာသင်နှစ်ကစလို့ ဆေးကျောင်း တက်မယ့်ကျောင်းသားတွေကို လူ၂၀၀၀မှ ၅၀၅၈ဦးအထိ တိုးမြှင့်ခေါ်ယူမယ့်ကိစ္စကြောင့် အလုပ်ခွင်ထဲက ထွက်ခွာပြီး ဆန္ဒပြခဲ့ကြပါတယ်။ ယခု ဝါရင့်ဆရာဝန်ကြီးတွေက သူတို့လုပ်ရပ်ကိုထောက်ခံကြောင်း ဆိုးလ်မြို့မှာ ထပ်မံဆန္ဒပြကြတာဖြစ် ပါတယ်။

Source CCTV+

 

ဒတ်ချ်လူမျိုး ဘတ်ဂျန်ဆန် နှလုံးအစားထိုးခဲ့သည့် အသက်အရှည်ဆုံးလူနာအဖြစ် ကမ္ဘာ့မှတ်တမ်းဝင်

၈ ဖေဖော်ဝါရီ ၂၀၂၄

အသက် ၅၇နှစ်အရွယ် ဒတ်ချ်အမျိုးသားတစ်ဦးဟာ ယခုဆိုရင် အသက်အရှည်ဆုံးနေနေရတဲ့ နှလုံးအစားထိုးခွဲစိတ်ကုသမှု ခံယူခဲ့သူလူနာ အဖြစ် ကမ္ဘာ့မှတ်တမ်းဝင်သွားပါတယ်။

ဘတ်ဂျန်ဆန်ဟာ ၁၉၈၄ခုနှစ်တုန်းက လန်ဒန်မြို့ အနောက်မြောက်ပိုင်းက ဟာရီဖီးလ်ဆေးရုံကြီးမှာ အလှူရှင် တစ်ဦးရဲ့နှလုံးနှင့် နှလုံးအစားထိုးခွဲစိတ်ကုသမှုခံယူခဲ့ပြီး ယခုဆိုရင် နှစ်ပေါင်း ၃၉နှစ်ကြာသည်အထိ ကျန်းမာစွာရှိနေပါတယ်။

အဲဒီအောင်မြင်မှုကို ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်းက စံချိန်တစ်ခုအဖြစ် အသိအမှတ်ပြုလိုက်တာဖြစ်ပါတယ်။

Sport

ရွှေလီ-မူဆယ် နယ်စပ်ဖြတ်ကျော် ချစ်ကြည်ရေးမာရသွန်ပြေးပွဲ ရွှေလီမြို့တွင် ကျင်းပ

၂ ဇန်နဝါရီ ၂၀၂၄

ရွှေလီ-မူဆယ် တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲကို ၂၀၂၃ခုနှစ် ဒီဇင်ဘာ ၃၁ရက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းယူနန်ပြည်နယ် ရွှေလီမြို့မှာ ကျင်းပခဲ့ပါတယ်။ အဲဒီပြိုင်ပွဲကို မြန်မာနှင့်တရုတ်နှစ်နိုင်ငံမှ အပြေးသမားပေါင်း ၇၀၀၀ကျော်ဟာ အမျိုးအစားလေးမျိုးမှာ ဆင်နွှဲယှဉ်ပြိုင်ခဲ့ကြပါတယ်။

Source CCTV+

ကမ္ဘာ့ဖလားခြေစစ်ပွဲ မြန်မာအသင်းနှင့်ကစားမည့် မြောက်ကိုရီးယားဘောလုံးအသင်း ရန်ကုန်သို့ရောက်ရှိ

၁၈ နိုဝင်ဘာ ၂၀၂၃

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်ပွဲစဉ်အဖြစ် မြန်မာလက်ရွေးစင်ဘောလုံးအသင်း နှင့် ယှဉ်ပြိုင်မယ့် မြောက်ကိုရီးယားလက်ရွေးစင်ဘောလုံးအသင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ နိုဝင်ဘာ ၁၈ရက် ညပိုင်းက ရောက်ရှိခဲ့တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ 

မြောက်ကိုရီးယားအသင်းဟာ ရန်ကုန်မြို့ Inya Lake Hotel တွင် တည်းခိုမည်ဖြစ်ပြီး ‌နိုဝင်ဘာလ ၁၉ရက်နေ့မှ စတင်ကာ လေ့ကျင့်ရေးအစီအစဉ်များ စတင်လုပ်ဆောင်မှာဖြစ်ပါတယ်။

မြန်မာအသင်းနှင့်မြောက်ကိုရီးယားအသင်းတို့သည် နိုဝင်ဘာ ၂၁ ရက် ညနေ (၄)နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းကြီးထဲတွင် ယှဉ်ပြိုင်ကစားကြပါလိမ့်မယ်။

မြန်မာ - မြောက်ကိုရီးယား ပွဲစဥ်အတွက် လက်မှတ်များကို အထူးတန်း ၅၀၀၀ ကျပ်၊ ရိုးရိုးတန်း ၂၀၀၀ ကျပ်ဖြင့် ရောင်းချသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ယင်းပွဲစဥ်အတွက် လက်မှတ်များကို နိုဝင်ဘာ ၂၀ရက်တွင် နံနက် ၁၀နာရီမှ ညနေ ၄ နာရီအထိလည်းကောင်း ၊ နိုဝင်ဘာ ၂၁ရက်တွင် နံနက် ၁၀နာရီမှ နေ့လယ် ၂နာရီအထိ လည်းကောင်းမြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်တွင် ဝယ်ယူနိုင်ကြပါတယ်။ ယင်းအပြင် နိုဝင်ဘာ ၂၁ ရက် ၊ နေ့လယ် ၂နာရီမှ စတင်၍ အထူးတန်း လက်မှတ်များကိုသုဝဏ္ဏကွင်း (Gate-2) ၌ လည်းကောင်း၊ ရိုးရိုးတန်း လက်မှတ်များကို သုဝဏ္ဏကွင်း (Gate-8)၌ လည်း ကောင်း ဝယ်ယူနိုင်မယ်လို့လည်းသိရပါတယ်။

-ymg/knl

၁၉ ကြိမ်မြောက် ဟန်ကျူးအာရှအားကစားပြိုင်ပွဲကို တရုတ်သမ္မတရှီကျင့်ဖျင်ဖွင့်လှစ်

၂၄ စက်တင်ဘာ ၂၀၂၃

တရုတ်နိုင်ငံ ကျက်ကျန်းပြည်နယ်မြို့တော် ဟန်ကျူးတွင် စက်တင်ဘာ ၂၃ ရက်ညနေက ၁၉ကြိမ်မြောက် အာရှအားကစားပွဲ ဖွင့်ပွဲကျင်းပခဲ့ရာ တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

Source CCTV+

 

Technology

  • BYD လျှပ်စစ်ကား အရှေ့အလယ်ပိုင်း ဈေးကွက်ထပ်ချဲ့

    ဖေဖော်ဝါရီ ၂၀၂၄

    တရုတ်နိုင်ငံရဲ့ ရောင်းအကောင်းဆုံးလျှပ်စစ်ကား BYD ဟာ အရှေ့အလယ်ပိုင်းမှာ ဈေးကွက်ချဲ့ထွင်ဖို့ စီစဉ်နေပါတယ်။ BYD ဟာ ၂၀၂၃ ပထမသုံးလတ်ပတ်မှာ ကမ္ဘာ့ရောင်းအကောင်းဆုံးလျှပ်စစ်ကားအဖြစ် Tesla ကို ကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။

    “လူတွေဟာ ပစ္စည်းအသစ် နည်းပညာအသစ်ကို လိုလိုလားလားလက်ခံလာပြီ။ သူတို့ဟာကားတွေကိုလည်း ဒီအတိုင်း စမ်းသုံးလာကြတယ်” လို့ BYD ရဲ့ အရှေ့အလယ်ပိုင်းနှင့်အာဖရိက ဆိုင်ရာ အထွေထွေမန်နေဂျာ အက်ဒ်ဟွမ်ကပြောပါတယ်။
    Source CCTV+

  • အရေးကြုံလာလျှင် အန္တရာယ်ကင်းကင်း တုန့်ပြန်နိုင်စွမ်း စစ်ဆေးရန် တရုတ်နိုင်ငံတွင် စမတ်ကားများကို စမ်းသပ်မောင်းနှင်

    ၂၈ ဇန်နဝါရီ ၂၀၂၄

    ကြမ်းတမ်းတဲ့အခြေအနေမှာ စမတ်ကားတွေကိုမောင်းနှင်ရတဲ့အခါ အဆုံးစွန်ဆုံး ဘယ်လောက်အထိ လုပ်ဆောင်နိုင်သလဲ   ဆိုတာ စစ်ဆေးကြည့်ဖို့ တရုတ်နိုင်ငံ မော်တော်ယာဉ်အင်ဂျင်နီယာသုတေသနအဖွဲ့အစည်း CAERI ဟာ စမ်းသပ်မောင်းနှင်မှု တွေ ဆက်တိုက် ဆောင်ရွက်နေပါတယ်။

    အဆိုပါ CAERI အဖွဲ့ရဲ့ စူပါအေအိုင်လို့ခေါ်တဲ့ မဟာဉာဏ်ရည်တု စမ်းသပ်မှုဟာ ရှုပ်ထွေးနေတဲ့ ယာဉ်ကြောအခြေအနေတွေကို အခြေခံပါတယ်။ အလိုအလျောက်မောင်းနှင်နည်းပညာ၊ ဉာဏ်ရည်ရှိ cockpit နည်းပညာနှင့် ယာဉ်အင်တာနက်တို့ကို အဓိကအာရုံစိုက် လုပ်ဆောင်တာဖြစ်ပါတယ်။

    Source CCTV+

  • အမေရိကန်နိုင်ငံတွင် ဘိုအင်း 737-9 MAX လေယာဉ်တွေ ပျံသန်းခွင့်ပိတ်ပြီး စစ်ဆေးမှုတွေပြုလုပ်နေ

    ၁၄ ဇန်နဝါရီ၊၂၀၂၄

    ဘိုအင်း 737-9 MAX လေယာဉ်တွေကို အမေရိကန်ခရီးသွားတွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ပျံသန်းခွင့် ဆက်ပေးဦးမှာမဟုတ်ဘူးလို့  အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်လေကြောင်းအုပ်ချုပ်ရေး(အက်ဖ်အေအေ)က ကြေညာ   ပါတယ်။ အဲဒီလေယာဉ်တွေကို အသေအချာစစ်ဆေးမှုတွေပြုလုပ်မပြီးမချင်း၊ အချက်အလက်တွေစစ်ဆေးသုံးသပ်မှု မပြီး  မချင်း ဘိုအင်း 737-9 MAX တွေကို ဆက်ပြီးမြေချထားဦးမှာဖြစ်တယ်လို့ဆိုပါတယ်။

    Source CCTV+

Contact Us

Building D, No.101, 1st Floor, Mahabandoola Tower(Near Mahabandoola Bridge), Mahabandoola Road, Pazundaung Township, Yangon.