Published 12 Sept 2022

အီလွန်မတ်စ်ရဲ့ ကောလိပ်တုန်းက ရည်းစားဟောင်းက သူတို့နှစ်ယောက်ရဲ့ အမှတ်တရပစ္စည်းတွေကို လေလံတင်ရောင်းချရာ အဲဒါတွေဟာ ရေပန်းစားနေပါတယ်။

ဂျနီဖာဂွင်းဟာ  ပဲင်စီလ်ဗေးနီးယား တက္ကသိုလ်တက်တုန်းက  အခုကမ္ဘာ့အချမ်းသာဆုံးဖြစ်နေတဲ့ တစ်ကျောင်းတည်းသား အီလွန်မတ်စ်နှင့် တွဲခဲ့ပါ တယ်။ အခုသူက အဲဒီတုန်းက သူတို့ရဲ့ ဓာတ်ပုံတွေနှင့် အခြားအမှတ်ရစရာပစ္စည်းအတိုအထွာတွေကို ဘော့စတွန်အခြေစိုက် PR လေလံမှာ လေလံတင်ရောင်းချနေပါတယ်။

အဲဒီအထဲမှာ အီလွန်မတ်စ်ရဲ့ တက္ကသိုလ်ကျောင်းသားဘဝ နုပျိုရွှင်လန်းနေတဲ့ လျှပ်တစ်ပြက် ဓာတ်ပုံ ၁၈ ပုံ၊ မွေးနေ့ဆုတောင်း လက်ရေးကတ်နှင့် မတ်စ်လက်ဆောင်ပေးခဲ့သော ရွှေလည်ဆွဲလေးတစ်ခုတို့ပါဝင်ပါတယ်။

တနင်္ဂနွေညကတော့ အချစ်များစွာဖြင့်-အီလွန်လို့ လက်မှတ်ရေးထိုးထားတဲ့ မွေးနေ့ကတ်ကလေးကို ဒေါ်လာ တစ်သောင်းနှင့် ၂၃ဦးလေလံအပြိုင်ဆွဲခဲ့ပါတယ်။

နောက်စိတ်ဝင်စားစရာတစ်ခုက လည်ဆွဲပါ။ မတ်စ် အဖေအာရိုးပိုင်တဲ့ ဇမ်ဘီယာ သတ္တုတွင်းကထွက်တဲ့ မြစိမ်းနှင့် လုပ်ထားတာပါ။ ဓာတ်ပုံတွေထဲမှာ မတ်စ်က သူငယ်ချင်းတွေနှင့် အပြင်ထွက်သွားလာတာ၊ အဆောင်အနားတစ်ဝိုက် လမ်းသလားတာ၊ ပြီးတော့ ဂွင်းကို ပွေ့ဖက်ထားတာ စသဖြင့်ပါဝင်ပါတယ်။

၁၉၉၄ ခုနှစ်ဝန်းကျင်မှာ မတ်စ်ကို တွဲခဲ့တဲ့ ဂွင်းဟာ သူ့ မွေးစားသား တက္ကသိုလ်တက်ဖို့ ကျောင်းလခရရှိဖို့ ဒီပစ္စည်းတွေကို လေလံတင်ရောင်းချတာဖြစ်ပါတယ်။

RR Auction မှာ နာမည်ကျော်လုပ်ငန်းရှင်ကြီးတွေနှင့်ပတ်သက်တဲ့ ပစ္စည်းတွေ လေလံတင်ရောင်းတာ ဒါဟာ ပထမဦးဆုံး အကြိမ်တော့မဟုတ်ပါဘူး။  ကုမ္ပဏီဟာ ဩဂုတ်လတုန်းက စတိဗ်ဂျော့ဗ်ရဲ့ ပထမဆုံး Apple-1 prototype ကို ဒေါ်လာ ခြောက်သောင်းရှစ်ထောင်နီးပါးနှင့် လေလံတင်ရောင်းချပေးခဲ့ပါတယ်။

သူတို့နှစ်ယောက်တွဲခဲ့ကြတဲ့ လွန်ခဲ့တဲ့ နှစ်(၃၀)ကတည်းက ယခု တယ်လ်ဆာရဲ့ ပိုင်ရှင်သူဋ္ဌေးဖြစ်နေတဲ့ မတ်စ်ဟာ လျှပ်စစ် ကားတွေကို အမြင်ရှိနေပြီလို့ Insiderရဲ့အင်တာဗျူးမှာ ဂွင်းက ပြောပါတယ်။

“ သူဟာ လျှပ်စစ်ကားတွေအကြောင်းပြောတယ်။ ပြီးတော့ သမားရိုးကျမဟုတ်တဲ့  စွမ်းအင်တွေအကြောင်းသူပြောတယ်” လို့ သူမက ဆက်ပြောပါတယ်။

 Source: Insider

#Elon_Musk

#Jennifer_Gwynne

#RR_Auction