Published 11 Sept 2022

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်ရှာဟွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့တော် ယင်းချွမ်ဟာ တရုတ်နိုင်ငံရဲ့ အဓိက ဝိုင်ထုတ်လုပ်တဲ့ အချက်အခြာနေရာတွေထဲက တစ်ခုအဖြစ်ပေါ်ထွန်းလာနေပါတယ်။  ပထဝီအနေအထားနှင့် အခြားသော သဘာဝအခြေအနေတွေက အားသာနေတဲ့အတွက် စပျစ်ပင်တွေ ရှင်သန်ဖွံ့ဖြိုးပြီး အဲဒီလုပ်ငန်းဟာ ဒေသခံတွေအတွက် စီးပွာဖြစ်လုပ်ငန်းဖြစ်လာနေပါတယ်။

စပျစ်ခြံတွေအတွက် ရွှေရောင်ဇုန်တစ်ခုဖြစ်တဲ့ အဲဒီဒေသဟာ စပျစ်ပင်တွေ စိုက်ပျိုးဖို့နှင့် ဝိုင်ထုတ်လုပ်မှုတွေအတွက် လိုအပ်တဲ့ သဘာဝအခြေအနေတွေကို အလိုအလျောက်ဖန်တီးပေးထားပါတယ်။

အင်္ဂါနေ့မှာ အဲဒီမြို့မှာ နိုင်ငံတကာဝိုင် ကုန်စည်ပြပွဲတစ်ခု ဖွင့်လှစ်ခဲ့ပါတယ်။ ဒုတိယမြောက် တရုတ် နိုင်ငံတကာ ဝိုင်ယာဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းကုန်စည်ပြပွဲဟာ ပြည်တွင်းပြည်ပမှရင်းနှီးမြှပ်နှံသူတွေနှင့် အစိုးရအရာရှိတွေကို ဆွဲဆောင်နေပါတယ်။

ဒီနေရာလာကြသူအများစုဟာ ဝိုင်ကိုမြည်းစမ်းကြည့်ဖို့သက်သက်မဟုတ်ဘူး။ သူတို့နိုင်ငံအတွက် အခွင့်အလမ်းတွေပဲ ဖြစ်တယ်။ သူတို့နိုင်ငံတွေက ကုန်သည်အချို့ဟာ ဒီကလာပြီး တစ်ခုခုမြင်လိုက်လို့ သူတို့နိုင်ငံတွေကို အကြံပေးနိုင်တယ်” လို့ ပြပွဲလာတဲ့ ဧည့်သည်တစ်ဦးဖြစ်တဲ့ လျူဖန်းယန်က ပြောပါတယ်။

ဒေသခံစပျစ်တောင်သူတွေရဲ့ နည်းပညာသစ်တွေကိုလည်း ပြပွဲမှာပြသထားပါတယ်။ စပျစ်အထွက်နှုန်းတိုးဖို့ ဝိုင်လုပ်ငန်းသုံး အကောင်းဆုံးစက်ကိရိယာနှင့်နည်းပညာတွေကို တောင်သူတွေသုံးစွဲနေတာပါ။

“ဒါဟာ စပျစ်ရိတ်သိမ်းစက်ပါ၊ပြင်သစ်ကလာတဲ့ ပဲလ်လင်း တံဆိပ်ပါ။ တရုတ်နိုင်ငံမှာ ဒါက တကယ့်ကိုခေတ်မီတဲ့စက်ပါ။ စပျစ်ခြံတော်တော်များများမှာ ကျွန်တော်တို့ဒီစက်ကိုအသုံးပြုနေတယ်” လို့ ဖာဂိုးဆားဗစ်ကုမ္ပဏီရဲ့ အရောင်းမန်နေဂျာ ဟွမ်ကျန်းက ပြောပါတယ်။

တစ်ပတ်ကြာဒီပြပွဲကို နိုင်ငံတွင်းနှင့်ကမ္ဘာအနှံ့က ဝိုင်ထုတ်လုပ်သူတွေအကြား ပူးပေါင်းဆောင်ရွက်မှုနှင့်ဖလှယ်မှုတွေ တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ကျင်းပခဲ့တာဖြစ်ပါတယ်။

Source: CCTV Plus

#Ningxia_Hui

#Yinchuan

#wine_production_China