Published 11 Sept 2022

ကြံရည်ဖန်ရည်ကောင်းလှတဲ့ ဂျပန်အမျိုးသားတစ်ဦးဟာ သူ့ရဲ့အိပ်မက်ထဲကအလုပ်တစ်ခုကို တကယ်ရှာဖွေတွေ့ခဲ့ပါပြီ။ ဘာအလုပ်မှမလုပ်ဘဲ ဝင်ငွေရနေတဲ့လုပ်ငန်းပဲဖြစ်ပါတယ်။

စာအုပ်ထုတ်ဝေရေးကုမ္ပဏီလုပ်သားတစ်ဦးဖြစ်ခဲ့တဲ့ ရှိုဂျီမိုရီမိုတိုဟာ အထီးကျန်နေတဲ့ လူတွေအတွက် သူတို့နှင့်အတူ ရိုးရိုးကလေး အဖော်လိုက်ပေးဖို့ သူ့ကိုယ်သူ အငှားလိုက်တဲ့လုပ်ငန်းနှင့် ဝင်ငွေရရှိနေတာပါ။ တစ်ခါတုန်းကဆိုရင် ခိုကိုးရာမဲ့ဖြစ်နေတဲ့ သူတစ်ဦးကို ဂွတ်ဘိုင်ဆိုပြီး လက်ဝှေ့ယမ်းနှုတ်ဆက်ပေးရုံနှင့် ပိုက်ဆံရခဲ့ပါတယ်တဲ့။

အခုအသက် ၃၈နှစ်ရှိပြီဖြစ်တဲ့ မိရီမိုတိုဟာ အဖော်လိုက်ပေးရုံနှင့် ဖောက်သည်တစ်ဦးဆီကနေ ၇၁ ဒေါ်လာရပါတယ်။ အခုဆို ကြိုတင်ဘွတ်ကင်လုပ်ထားတဲ့သူတွေဟာ လွန်ခဲ့တဲ့ လေးနှစ်အတွင်း လူလေးထောင်အထိရှိခဲ့တဲ့အတွက် သူ့ဇနီးနှင့်သူ့ကလေးကို ထောက်ပံ့ကျွေးမွေးဖို့ လုံလောက်တဲ့ဝင်ငွေတွေရရှိခဲ့ပါတယ်။

“ အခြေခံအားဖြင့်ပြောရရင်တော့ ကျွန်တော့်ကိုယ်ကျွန်တော်ငှားတာပဲလေ” လို့သူကပြောပါတယ်။ “ ကျွန်တော်အလုပ်က ဖောက်သည်တွေ ဘယ်နေရာမှာ ရှိနေစေချင် အဖော်နေပေးရုံပဲ။ ဘာတစ်မှ မည်မည်ရရ လုပ်ပေးစရာကိုမလိုတာ” လို့ သူက ပြောပါတယ်။

သူ့အလုပ်တွေထဲမှာ တစ်ခါက ဖောက်သည်တစ်ဦးက သူနှင့်အတူ  ပန်းခြံတစ်ခုထဲမှာ ဆီးဆောအတူစီးပေးရတာ၊ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ အိန္ဒိယဆာရီကြောင့် သူ့သူငယ်ချင်းတွေ ရှက်ကိုးရှက်ကန်းဖြ်မှာစိုးလို့ စားသောက်ဆိုင်တစ်ခုမှာ သူမနှင့်အတူထိုင်ပေးရတာစသဖြင့်ပါ။

“သူငယ်ချင်းတွေနှင့်အတူဆို ကျွန်မအနေနှင့် သူတို့ကိုဖျော်ဖြေပေးဖို့လိုလိမ့်မယ်လို့ခံစားရတယ်။ ဒါပေမယ့် အခု အငှားအဖော်လိုက်တဲ့သူနှင့်အတူဆိုတော့ လေဝင်ပေါဖို့မလိုတော့ဘူးလို့ ထင်မိတယ်လေ” လို့ အသက် ၂၇နှစ်အရွယ်  အချက်အလက်သုတေသနမှူးတစ်ဦးက ပြောပါတယ်။

မိုရီမိုတိုရဲ့ အငှားအဖော်လိုက်ကြေးဟာ ယန်းတစ်သောင်းရှိပါတယ်။ ဒါဟာ သူ့ရဲ့ ပင်မဝင်ငွေဖြစ်နေပါပြီ။ ကိုဗစ်-၁၉ ကပ်ဘေးမဖြစ်ခင်တုန်းကဆိုရင် သူ့ရက် တစ်ရက်ဝင်ငွေဟာ ဒေါ်လာ ၃၀၀ နီးပါးအထိရှိခဲ့ပါတယ်။

“ တကယ်လို့ ဖောက်သည်တွေကို ဘာမှမလုပ်ပဲ အဖော်နေပေးတဲ့ ဝန်ဆောင်မှုကိုပေးနိုင်ရင် ဘယ်လိုဖြစ်မလဲ ကျွန်တော်စပြီး စဉ်းစားမိခဲ့တယ်။ လူတွေက ကျွန်တော်ဘာမှမလုပ်ဘဲနေတဲ့အတွက် တန်ဖိုးရှိတယ်လို့ထင်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အတွက် အသုံးတည့်လို့လေ” လို့ သူကပြောပါတယ်။

ဒါပေမယ့် မိုရီမိုတိုမှာ ဘောင်တော့ခတ်ထားပါတယ်။ သူ့အနေနှင့် အခြား လိင်ပိုင်ဆိုင်းရာလိုမျိုး တောင်းဆိုတာတွေ လုပ်လိမ့်မှာမဟုတ်တာ။အလုပ်တွေဘေးဖယ်ပြီး ရေခဲသေတ္တာရွှေ့တာမျိုးနှင့် ကမ္ဘောဒီးယားကိုခရီးသွားတာမျိုးဖြစ်ပါတယ်တဲ့။

ဒါပေမယ့် ဒီလို ဆန်းဆန်းပြားပြားအလုပ်မျိုးလုပ်နေတာ ဂျပန်မှာ သူတစ်ယောက်တည်းတော့မဟုတ်ပါဘူး။

ဒီတစ်ပတ်စောစောပိုင်းမှာပဲ လူငယ်တွေ အရက်တွေသောက်စားမူးယစ်နိုင်အောင် ဦးဆောင်လှုံ့ဆော်နိုင်သူကို လစာပေးမယ်လို့ ရှာဖွေနေတာကို နယူးယေက်ပို့စ်က သတင်းရေးသားခဲ့ပြီးပါပြီ။

ယမကာလုပ်ငန်းကို ပြန်လည်ရှင်သန်လာဖို့ လူငယ်တွေ မူးယစ်သောက်စားနိုင်တဲ့ အစီအစဉ်ကို ရေးဆွဲတင်ပြနိုင်သူတွေကို  ဂျပန်ရဲ့ အခွန်အေဂျင်စီက ရှာဖွေနေခဲ့တာဖြစ်ပါတယ်။

ဂျပန်ရဲ့ အရက်လုပ်ငန်းဟာ လွန်ခဲ့တဲ့ နှစ်များအတွင်း ခြောက်သွေ့နေခဲ့ပါတယ်။  ဂျပန်ဟာ ယင်းရဲ့ထူထပ်နေတဲ့ ဒေါ်လာ ၈.၃ ထရီလီယမ်ကြွေမြီတွေကိုကူညီပေးဆောင်နိုင်ဖို့ အရက်ရောင်းအခွန်ကို တိုးမြှင့်ထားတပါ။

ဂျပန်နိုင်ငံသားတစ်ဦးစီဟာ  ၁၉၉၅ုနှစ်အထိ တစ်နှစ်ကို အရက် ၂၂ ဂါလံပျှမ်းမျှသောက်သုံးမူးယစ်ကြပြီး ၂၀၂၀ အရောက်မှာတော့ တစ်ယောက်ကို တစ်နှစ် (၁၆)ဂါလံပဲသောက်သုံးကြတယ်လို့ ဘီဘီစီကသိရပါတယ်။

Source NY Post

#Japan_weird_Jobs

#Paid_for_“doing nothing”

#Japan_Culture