Published. 4 Sept 2022

အိန္ဒိယနို်ငံဟာ ကမ္ဘာ့ နံပါတ်(၅) စီးပွားရေးနိုင်ငံအဖြစ်ရောက်ရှိလာပြီး ဗြိတိန်ဟာ နံပါတ်(၆)နိုင်ငံအဖြစ် အိန္ဒိယရဲ့ နောက်ကိုရောက်ရှိသွားကာ နေရာဖယ်ပေးလိုက်ရတယ်လို့ ဘလွန်းဘတ်သတင်းဌာနက သတင်းဖော်ပြလိုက်ပါတယ်။

ဒါဟာလူနေမှုစရိတ်တွေကြောက်စဖွယ်ကြီးမြင့်လာနေတဲ့ ဗြိတိန်မှာ အစိုးရအတွက် ထိုးနှက်မှု တစ်ခုဖြစ်လာပါတယ်။

ယခင်ကဗြိတိန်ရဲ့ ကိုလိုနီဖြစ်ခဲ့ရတဲ့ အိန္ဒိယနိုင်ငံဟာ ၂၀၂၁ ခုနှစ် နောက်ဆုံးသုံးလမှာ ဗြိတိန်ကိုကျော်တက်သွားပြီး ကမ္ဘာ့နံပါတ်(၅)မြောက်အင်အားကြီးနိုင်ငံဖြစ်လာခဲ့တာပါ။ တွက်ချက်မှုကို အမေရိကန်ဒေါ်လာအခြေခံခဲ့တာဖြစ်ပြီး  နိင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ရရှိတဲ့ ဂျီဒီပီ ကိန်းဂဏန်းတွေအရ ယခုနှစ် ပထမလေးလပတ်မှာလည်း အိန္ဒိယဟာ ဆက်လက် ဦးဆောင်နေပါတယ်။

 

နိုင်ငံတကာအဆင့်သတ်မှတ်ချက်တစ်ခုမှာ ဗြိတိန်လျောကျရတာဟာ ဗြိတိန်ဝန်ကြီးချုပ်အသစ်ဖြစ်လာမယ့်သူအတွက် ကြိုဆိုလက်ခံစရာ   မရှိတဲ့ နောက်ခံတစ်ခုဖြစ်လာပါတယ်။လာမယ့်တနင်္လာနေ့မှာ ကွန်ဆာဗေးတစ်ပါတီဝင်တွေဟာ ဘောရစ်ဂျွန်ဆန် ကိုဆက်ခံမယ့်သူကို ရွေးချယ်မှာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး လစ်ထရပ်စ်ဟာ အကြီးတန်း ဝန်ကြီးဟောင်း ရီရှီဆူနက်ကို အနိုင်ယူအရွေးချယ်ခံရလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

ဝန်ကြီးချုပ်အသစ်ဖြစ်လာမယ့်သူဟာ ဆယ်စုနှစ်လေးစုအတွင်း အလျင်အမြန်ဆုံး ငွေကြေးဖောင်းပွမှုတွေကြုံနေရပြီး    စီးပွားရေးကျဆင်းမှုကြုံရဖွယ်ရှိတယ်လို့ အင်္ဂလန်ဘဏ်က သတိပေးထားရတဲ့ ဗြိတိန်နိုင်ငံကို တာဝန်လွှဲ ယူရမှာဖြစ်ပါတယ်။

ဗြိတိန်နှင့်ခြားနားစွာပဲ အိန္ဒိယစီးပွားရေးဟာ ဒီနှစ်မှာ ၇ ရာခိုင်နှုန်းတိုးတက်ဖို့ရှိနေပါတယ်။ တူညီတဲ့ လေးလပတ်နောက်ဆုံးရက်မှာရှိတဲ့ ဒေါ်လာလဲလှယ်နှုန်းကို အသုံးပြုပြီး တွက်ချက်ကြည့်တဲ့အခါ အိန္ဒိယ စီးပွားရေး အရွယ်အစား ဟာ မတ်လ အထိ အမေရိကန်ဒေါ်လာ ၈၅၄.၇ ဘီလျံဖြစ်လာပါတယ်။ အခြေခံနည်း စနစ်အတူတူနှင့်တွက်ချက်ကြည့်တဲ့ အခါ ဗြိတိန်စီးပွားရေး အရွယ်အစားက ဒေါ်လာ ၈၁၆ ဘီလျံပဲရှိတယ်လို့ စီးပွားရေး သတင်းမီဒီယာကြီးဖြစ်တဲ့ ဘလွန်းဘတ်က ရေးသားပါတယ်။

ဒီတွက်ချက်မှုတွေကို နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကိန်းဂဏန်းတွေနှင့် ဘလွန်းဘတ်တာမင်နယ်ရဲ့ သမိုင်းဝင် ငွေကြေးလဲလှယ်နှုန်းတွေကို အသုံးပြုထားတာဖြစ်တယ်လို့ဆိုပါတယ်။

ဗြိတိန်ဟာ ဆက်လက်ပြီးကျဆင်းဖို့ရှိနေပါတယ်။  

အိန္ဒိယဟာ ဗြိတိန်ကို ကျော်ဖြတ်ပြီး ကမ္ဘာ့နံပါတ်(၅)အဆင့်စီးပွားရေးတက်လှမ်းသွားတာကြောင့် အိန္ဒိယရဲ့ရှေ့မှာ အမေရိကန်၊တရုတ်၊ဂျပန်နှင့် ဂျာမနီတို့ပဲရှိတော့မှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်ကတော့ အိန္ဒိယဟာ ကမ္ဘာ့စီးပွားရေးမှာ အဆင့် ၁၁သာရှိခဲ့ပြီး အဲဒီတုန်းက ဗြိတိန်က အဆင့် (၅)မှာရှိခဲ့ပါတယ်။

Source Bloomberg

#India_Economy

#The_fifth_largest_world-economy

#India_overtake_Britain