Published_ 31 Aug 2022
စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုကြောင့် အခြေခံကုန်ဈေးနှုန်း ကြီးမြင့်လာမှုကို သက်သာစေရန် နိုင်ငံခြားငွေကြီးကြပ်မှု ကော်မတီဆုံးဖြတ်ချက်နဲ့ နိုင်ငံခြားငွေကြေး ဈေးကွက်မှတဆင့် အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော်ကို ဗဟိုဘဏ်ကထောက်ပံ့ ပေးမယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။
ဩဂုတ် ၃၁ ရက် ဒီကနေ့ ထုတ်ပြန်ချက်၌ ဘယ်လိုကဏ္ဍတွေမှာ ထောက်ပံ ပေးမယ်ဆိုတာမျိုး ဖော်မပြထားခြင်းတော့ မပါပါဘူး။ ညနေ ဈေးကွက်ပိတ်ချိန် ပြင်ပဈေးကွက်မှာ မြန်မာငွေလဲနှုန်း အမေရိကန် ၁ ဒေါ်လာကို ငွေကျပ် ၄၀၀၀ ဝန်းကျင် ရွှေတစ်ကျပ်သားကို ကျပ် ၃၅ သိန်း ဝန်းကျင်၊ ဓာတ်ဆီ တစ်လီတာကို ၂၇၀၀ ကျပ် နီးပါးနဲ့ ဒီဇယ် တစ်လီတာကို ငွေကျပ် ၃၃၀၀ ကျော် ဈေးပေါက်နေတယ်လို့ သိရပါတယ်။
ygm_mnn
#Yangon_Media_Group