Published 24 July 2022

အမည်မဖော်လိုတဲ့ တောင်အမေရိကား ကုမ္ပဏီတစ်ခုက သူ့သားလိုလူတွေ ပိုပြီးဖန်တီးလိုတဲ့အတွက် သူ့ဆီက သုတ်ပိုးအလှုခံဖို့ ချဉ်းကပ်ခဲ့တယ်လို့ အီလွန်မတ်စ်ရဲ့ ဖခင်ဖြစ်သူက ပြောဆိုလိုက်ပါတယ်။

အသက် ၇၆နှစ်အရွယ်ရှိပြီဖြစ်တဲ့ အာရိုးမတ်စ်က“ ကိုလံဘီယာက ကုမ္ပဏီတစ်ခုက ကိုလံဘီယာမှာရှိတဲ့ အထက်တန်းလွှာအမျိုးသမီးတွေကိုယ်ဝန်ဆောင်ဖို့ ကျွန်တော့်ကို သုတ်ပိုးလှူပေးပါလို့ပြောတယ်။ သူတို့က  အီလွန်ကို ဖန်တီးတဲ့ တကယ့်လူဆီကိုသွားနိုင်တာမို့ ဘာဖြစ်လို့ အီလွန်ဆီသွားနေမှာလဲလို့ပြောကြတယ်” လို့ The Sun  သတင်းစာကိုပြောကြားပါတယ်။

လတ်တလောမှာ အာရိုးမတ်စ်က သူဟာ အသက်၃၅နှစ်အရွယ် မယားပါသမီးနှင့် ဒုတိယမြောက်ကလေးရထားတယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ရဲ့ဖခင်ဖြစ်သူဟာ ကမ္ဘာမြေကြီးမှာ ကျွန်တ‌ော်တို့ လုပ်ဖို့က မျိုးပွားဖို့။ကလေးတွေ များများ ရဖို့ပဲဖြစ်တယ်လို့ မကြာသေးခင်က ပြောထားပါတယ်။

“ နောက်ထပ်ကလေးတစ်ယောက်ထပ်ရမယ်ဆိုရင် ယူဦးမယ်။ ကလေးမယူဖို့ ဘာအကြောင်းပြချက်မှ မမြင်ဘူး” လို့လည်း သူကပြောပါတယ်။

သုတ်ပိုးလှူဖို့အတွက် သူကို ပိုက်ဆံပေးမယ်လို့ ကမ်းလှမ်းတာမရှိခဲ့ဘူးလို့လည်း တောင်အာဖရိကသားဖြစ်တဲ့သူက The Sun ကိုပြောပါတယ်။ “ ဒါပေမယ့် သူတို့က ကျွန်တော့်ကို ပထမတန်းစားခရီးသွားအဆင့်ပေးတယ်။ ကြယ်ငါးပွင့်ဟိုတယ်မှာနေဖို့။ ဒီလိုအဆင့်အတန်းတွေကမ်းလှမ်းခဲ့ပါတယ်”

သတင်းစာတိုက်က သူ့အနေနှင့် ဒီလိုကမ်းလှမ်းမှုမျိုးလက်ခံမှာလားမေးတော့သူက  ဘာဖြစ်လို့လက်မခံနိုင်စရာ ရှိမလဲလို့ ပြန်ဖြေပါတယ်။

၂၀၁၇ခုနှစ် ရိုလင်းစတုန်း ပရိုဖိုင်းမှာပါတဲ့ သားဖြစ်သူ အယ်လွန်မတ်စ်ရဲ့အပြောအရ‌တော့ ဖခင်ဖြစ်သူ အာရွန်မတ်ခစ်ဟာ အိုင်ကျူမှာ ထူးချွန်တဲ့အဆင့်ရှိကြောင်းနှင့် တောင်အာဖရိကမှာ အသက်အငယ်ဆုံးနှင့် အရည်အချင်းမီ အင်ဂျင်နီယာ တစ်ယောက်ဖြစ်လာတာလို့ သိရပါတယ်။

နည်းပညာလုပ်ငန်းဘီလျံနာဖြစ်သူ အယ်လွန်မတ်စ်ကလည်း ဖခင်နှင့် ခပ်တန်းတန်းဖြစ်နေပေမယ့် မျိုးပွားတဲ့ကိစ္စမှာတော့ အဖေနှင့်သား တစ်သဘောတည်းရှိနေပါတယ်။

အီလွန်မတစ်က ကလေးမွေးနှုန်းတွေ နှစ်ပေါင်းများစွာ ကျဆင်းလာတာကို စိတ်ပူကြောင်း မကြာခဏဆိုသလို ထုတ်ပြောတတ်ပါတယ်။ “ ကလေးတွေ များများမမွေးတော့ရင် လူ့ယဉ်ကျေးမှုကြီး ပြိုကျပျက်စီးလိမ့်မယ်” လို့ သူက တွစတာမှာ ရေးခဲ့ပါတယ်။

ကမ္ဘာ့လူဦးရေဟာ ၁၉၅၀ခုနှစ်ကတည်းကစပြီး မြင့်တက်နှုန်းဟာ နှေးကွေးလာနေပါတယ်။ ၂၀၂၀မှာ တစ်ရာခိုင်နှုန်းအောက် အထိကျဆင်းသွားတယ်လို့ ကုလသမဂ္ဂသတင်းအချက်အလက်တွေအရသိရပါတယ်။ ဒါပေမယ့ ကုလသမဂ္ဂက နိုဝင်ဘာမှာ ကမ္ဘာ့လူဦးရေဟာ ၈ ဘီလျံရောက်လာမယ်လို့ခန့်မှန်းထားပါတယ်။ ၁၉၅၀မှာ တစ်ဘီလျံရှိခဲ့ရာက ၂၀၅၀မှာ ၉.၇ ဘီလျံရှိလာမယ်လို့လည်း ခန့်မှန်းထားတာဖြစ်ပါတယ်။

Source: Insider

#Elon_Musk

#Errol_Musk

#Errol_Musk_Donation_sperm