Published 3 July 2022

ကမ္ဘာ့စီးပွားရေးဟာ ငွေကြေးဖောင်းပွမှုတွေ..၊ထောက်ပို့ကွင်းဆက်ပြဿနာတွေနှင့် ရင်ဆိုင်နေရချိန်မှာ တရုတ်နှင့် အခြားမဲခေါင်(၅)နိုင်ငံအကြားမှာ ဖွံ့ဖြိုးတိုးတက်မှု အဟုန်ကို ထိန်းသိမ်းထားနိုင်ဖို့အတွက်  အစဉ်အလာ  နယ်ပယ်များတွင်သာမကဘဲ ထွန်းသစ်စနယ်ပယ်အသစ်တွေမှာပါ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နိုင်တယ်လို့ ပညာရှင်တစ်ဦးကပြောလိုက်ပါတယ်။

တရုတ်နှင့် အခြားမဲခေါင်(၅)နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုးဟာ ၂၀၂၁ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ဘီလျံ ၄၀၀ အထိ မြင့်တက်လာခဲ့ပါတယ်။ ကိုဗစ်ကပ်ဘေးရှိနေကြပေမယ့် ပြီးခဲ့တဲ့နှစ်ထက် ၂၃ ရာခိုင်နှုန်းတိုးတက်လာတာဖြစ်ပါတယ်။

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ခုနှစ်ကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ သဘာပတိအဖြစ်ဆောင်ရွက်ဖို့ စနေနေ့က မြန်မာနိုင်ငံကိုရောက်ရှိလာခဲ့ပါတယ်။ ဆွေးနွေးကြမယ့် အကြောင်းအရာတွေဟာ စီးပွားရေးဆက်ဆံရေး၊အရင်းအမြစ်မျှဝေသုံးစွဲရေးနှင့် မဲခေါင်မြစ်ဝှမ်းတစ်လျောက် ရေအားလျှပ်စစ်စီမံကိန်းများကို အလေးထားဆွေးနွေးကြလိမ့်မယ်လို့‌ မျှော်လင့်ပါတယ်။

“ လာမယ့်နှစ်တွေမှာ တရုတ်နှင့် အခြားငါးနိုင်ငံဟာ ကျွန်တော်တို့ရဲ့ အစဉ်အလာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေဖြစ်တဲ့ လယ်ယာထွက်ကုန်၊ကုန်သွယ်ရေးနှင့်ရင်းနှီးမြှပ်နှံမှုတွေသာမကဘဲ ကိုဗစ်-၁၉ကိုတိုက်ဖျက်ဖို့နှင့် ကမ္ဘာ့ငွေကြေးဖောင်းပွမှုတွေကို ကိုင်တွယ်ဖို့ နည်းလမ်းသစ်တွေကိုရှာဖွေတဲ့ နိုင်ငံတကာနှင့် ဒေသဆိုင်ရာပြဿနာတွေအပေါ် ကျွန်တော်တို့ရဲ့ နိုင်ငံရေးညှိနှိုင်းဆောင်ရွက်မှု၊ပြီးတော့  ဆက်သွယ်ရေးမြှင့်တင်ဆောင်ရွက်မှုတွေကို တိုးမြှင့်ဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်သွားပါမယ်” လို့ ခေတ်ပြိုင်နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ချိုင်းနားအင်စတီကျုက ပါမောက္ခ လျို ယွန်ကွန်က ပြောပါတယ်။

ဇန်နဝါရီ(၁)ရက်က စတင်အသက်ဝင်တဲ့ ကမ္ဘာ့အကြီးမားဆုံးကုန်သွယ်ရေးအစီအစဉ်ကြီးဖြစ်တဲ့ ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(RCEP)ဟာ သူတို့အကြားမှာ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် အစိမ်းရောင်စီးပွားရေးကိုပါ မြှင့်တင်ပေးနိုင် မယ်လို့ သူက ထပ်ပြောပါတယ်။

RCEPဟာ အာဆီယံ ၁၀နိုင်င့နှင့် တရုတ်၊ဂျပန်၊တောင်ကိုးရီးယား၊ဩစတြေလျနှင့် နယူးဇီလန်တို့ဖြစ်တဲ့ လွတ်လပ်သော ကုန်သွယ်ရေး မိတ်ဖက်(၅)နိုင်ငံတို့ ပါဝင်တဲ့ အဖွဲ့ဖြစ်ပါတယ်။

“တရုတ်နှင့်အခြား(၅)နိုင်ငံအတွက် RCEP ကို ယင်းရဲ့မူဘောင်အောက်ကနေ ကောင်းမွန်စွာအသုံးပြုပြီးတရုတ်နှင့် အာဆီယံ နိုင်ငံတွေဟာ လာမယ့်နှစ်တွေမှာ စီးပွားရေးနှင့် သမားရိုးကျပူးပေါင်းဆောင်ရွက်မှုတွေသာမကဘဲ နယ်ပယ်သစ်တွေဖြစ်တဲ့ ဒစ်ဂျစ်တယ်စီးပွားရေး နှင့် အစိမ်းရောင်စီးပွားရေးတွေကိုပါ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ပါမယ်” လို့ သူကပြောပါတယ်။

လန်ချန်း-မဲခေါင်ဆိုတာ တရုတ်နိုင်ငံကနေ လန်ချမ်းမြစ်အဖြစ်       မြစ်ဖျားခံစီးဆင်းပြီးနောက် တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်ကို ကျော်လာတာနှင့် အရှေ့တောင်အာရှတစ်လျောက် မဲခေါင်မြစ်ရယ်လို့ ခေါ်တွင်ခဲ့ကြပါတာပါ။

၂၀၁၄ခုနှစ်မှာ ပြုလုပ်တဲ့ ၁၇ကြိမ်မြောက် တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးမှာ ဝန်ကြီးချုပ်လီကာရှင်းက လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးမူဘောင်ကို စတင်အဆိုပြုခဲ့ပြီးနောက် ၂၀၁၅ခုနှစ်မှာ တရုတ်၊မြန်မာ၊ထိုင်း၊ ဗီယက်နမ်၊ကမ္ဘောဒီးယားနှင့်လာအိုနိုင်ငံများက အဲဒီအဖွဲ့ကို တရားဝင်တည်ထောင်ခဲ့ကြပါတယ်။

Source CCTV+