Published 3 July 2022

ဟောင်ကောင်ဟာ နိုင်ငံရပ်ခြားက လာအလုပ်လုပ်သူတွေအတွက် ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးမြို့တစ်မြို့ဖြစ်တယ်လို့ ဘလွန်းဘတ် မာဆာရဲ့ ၂၀၂၂ လူနေမှု စရိတ်စစ်တမ်း Mercer’s Cost of Living Survey 2022 ရဲ့ လေ့လာမှုအသစ်အရသိရပါတယ်။

မာဆာဟာ မြို့ပေါင်း ၄၀၀ကျော်က ကုန်ပစ္စည်းပေါင်း ၂၀၀ခန့်ရဲ့ ဈေးနှုန်းတွေကို နှိုင်းယှဉ်ပြီး စစ်တမ်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဟောင်ကောင်ပြီးရင် ဆွစ်ဇာလန်ဟာ ဒုတိယမြောက်ဈေးအကြီးဆုံးဖြစ်လာပါတယ်။ ဆွစ်ဇာလန်ရဲ့ မြို့ကြီးလေးမြို့ဖြစ်တဲ့ ဇူးရစ်၊ ဂျီနီဗာ၊ ဘာဆဲလ်နှင့်ဘန်းတို့ဟာ ဒုတိယနေရာကနေ ပဥ္စမမြောက်နေရာတွေ ယူထားကြပါတယ်။

အာရှသုံးမြို့ဖြစ်တဲ့ စင်္ကာပူ၊ တိုကျိုနှင့် ဘေဂျင်းတို့ကလည်းအဆင့်၈၊၉၊ ၁၀ ဆိုပြီး  ဈေးအကြီးဆုံး ၁၀မြို့ထဲ စာရင်းဝင်နေပါတယ်။ အာရှမြို့တော်တော်များများ စာရင်းမှာ ထိပ်ပိုင်းပါလာရတာဟာ ငွေကြေးဖောင်းပွမှုနှင့် ငွေကြေးတွေ ခိုင်လာမှုတွေကြောင့်ဖြစ်တယ်လို့ မာဆာ စီမံခန့်ခွဲရေးအကြံပေးကုမ္ပဏီက ပြောပါတယ်။

နိုင်ငံရပ်ခြားက အလုပ်လုပ်သူတွေအတွက်ဈေးအချိုဆုံးနေရာတွေကတော့ တူရကီနိုင်ငံက အန်ကာရာ၊ ကာဂျစ္စတန်က ဘစ်ရှ်ကက်နှင့် တာဂျစ္စတန်က ဒတ်ရှန်ဘီ တို့ဖြစ်ကြပါတယ်။

ယူကရိန်းစစ်ပွဲအပါအဝင် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေကြောင့် ငွေကြေးလဲလှယ်နှုန်းတွေ မတည်မငြိမ်ဖြစ်ပြီး ငွေကြေး ဖောင်းပွမှုတွေ ကျယ်ပြန့်လာတာကြောင့် ဝန်ထမ်းတွေရဲ့ လစာတွေနှင့် စုဆောင်းမှုတွေအပေါ် ရိုက်ခတ်မှုတွေရှိခဲ့ကြတယ် လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အာရှကို ပြန်လည်ရွှေ့ပြောင်းလာကြတဲ့ နိုင်ငံခြားပညာရှင် အရေအတွက်တွေဟာလည်း ပြီးခဲ့တဲ့ ၁၈လအတွင်းကျဆင်းသွားတယ်လို့ဆိုပါတယ်။

နိုင်ငံခြားလုပ်သားတွေကို အလွန်အမင်းမှီခိုနေရတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ကျွန်းကျင်သူတွေ မလုံလောက်မှုဟာ လူနေမှုစရိတ်မြင့်မားမှုကြောင့် ပိုဆိုးရွားလာစေတယ်လို့ မာဆာရဲ့ဒေသဆိုင်ရာ ရွှေ့ပြောင်းမှုဆိုင်ရာ အာရှပစိဖိတ်ဒေသဌာနခေါင်းဆောင် ထရေစီမားက ပြောပါတယ်။

မာဆာရဲ့ ဈေးနှုန်းနှိုင်းယှဉ်ကြည့်တဲ့ ကုန်ပစ္စည်း ၂၀၀ ထဲမှာ အိမ်ရာ၊ သယ်ယူပို့ဆောင်ရေး၊အစားအစာ၊အဝတ်အထည်၊ အိမ်သုံးပစ္ဏည်းတွေနှင့် ဖျော်ဖြေရေးတွေ ပါဝင်တာဖြစ်ပါတယ်။

နိုင်ငံရပ်ခြားလုပ်သားတွေအတွက် ကမ္ဘာ့ဈေးအကြီးဆုံးမြို့(၅၀)စာရင်းကိုပူးတွဲဖော်ပြလိုက်ပါတယ်။

နိုင်ငံရပ်ခြား အလုပ်သမားများအတွက် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး မြို့ကြီး(၅၀)

၁။  ဟောင်ကောင်၊တရုတ်

၂။ ဇူးရစ်၊ဆွစ်ဇာလန်

၃။ ဂျီနီဗာ၊ ဆွစ်ဇာလန်

၄။ ဘာဆဲလ် ၊ဆွစ်ဇာလန်

၅။ ဘန်း၊ ဆွစ်ဇာလန်

၆။ တဲလ် အဗစ်၊ အစ္စရေး

၇။ နယူးယောက်စီးတီး၊ အမေရိကန်

၈။ စင်္ကာပူ

၉။ တိုကျို၊ ဂျပန်

၁၀။ ဘေဂျင်း၊တရုတ်

၁၁။ ကိုပင်ဟေဂင်၊ ဒိန်းမတ်

၁၂။ ရှန်ဟိုင်း၊ တရုတ်

၁၃။ ရှန်ကျင့်၊ တရုတ်

၁၄။ ဆိုးလ်၊ တောင်ကိုးရီးယား

၁၅။ လန်ဒန်၊ ယူကေ

၁၆။ နာဆော၊ဘနားမား

၁၇။ လော့အင်ဂျလိ၊ အမေရိကန်

၁၈။ ကွမ်ကျိုး၊ တရုတ်

၁၉။ ဆန်ဖရန်စစ္စကို၊ အမေရိကန်

၂၀။ ဟိုနိုလူလူ၊ အမေရိကန်

၂၁။ ဗီယင်နာ၊ဩစတြီးယား

၂၂။ ချင်းဒေါင်၊ တရုတ်

၂၃။ ဘန်ဂူး၊ အလယ်အာဖရိကသမ္မတနိုင်ငံ

၂၄။ လစ်ဘရီဗီလီ၊ ဂါဘွန်

၂၅။ အမ်စတာဒမ်၊ နယ်သာလန်

၂၆။ နန်ကျင့်၊ တရုတ်

၂၇။ အော်စလို၊ နော်ဝေး

၂၈။ တိုင်ပေ၊ ထိုင်ဝမ်

၂၉။ ဝါရှင်တန်ဒီစီ၊ အမေရိကန်

၃၀။ ဘော်စတွန်၊ အမေရိကန်

၃၁။ ဒူဘိုင်း၊ ယူအေအီး

၃၂။ မီယာမီ၊ အမေရိကန်

၃၃။ မြူးနစ်၊ ဂျာမနီ

၃၄။ ဘူဆန်၊ တောင်ကိုးရီးယား

၃၅။ ပါရီ၊ ပြင်သစ်

၃၆။ ချီကာဂို၊ အမေရိကန်

၃၇။ အိုဆာကာ၊ ဂျပန်

၃၈။ ဗစ်တိုးရီးယား၊ ဆေးရှဲလ်

၃၉။ ဘရပ်ဆဲ၊ ဘယ်လ်ဂျီယမ်

၄၀။ ရှန်ယန်း၊ တရုတ်

၄၁။ ဂျဘူဒီ

၄၂။ အတ္တလန်တာ၊ အမေရိကန်

၄၃။ ဟယ်လ်စင်ကီ၊ ဖင်လန်

၄၄။ ချန်ဒူး၊ တရုတ်

၄၅။ ဆီတဲလ်၊ အမေရိကန်

၄၆။ ဘာလင်၊ ဂျာမနီ

၄၇။ သည်ဟေ့ဂ်၊ နယ်သာလန်

၄၈။ မီလန်၊ အီတလီ

၄၉။ ဒပ်ဗလင်၊ အိုင်ယာလန်

၅၀။ ယိုကိုဟားမား၊ ဂျပန်

Source Bloomberg