#DailyNews
Published _ 14 October 2022
၁။ ရန်ကုန်တိုင်းအတွင်း ဖမ်းမိခဲ့သော မြွေ (၂၀၀) ကျော် ပဲခူးရိုးမထဲ ဘေးမဲ့လွှတ်ပေးပြီးဖြစ်ဟုဆို
၂။ အောက်တိုဘာလ ပထမပတ်အတွင်း စားအုန်းဆီတန်ချိန်ပေါင်း ၂၇၀၀၀ ကျော်တင်သွင်းခဲ့
၃။ စက်တင်ဘာလအတွင်း ကြက်သွန်နီ ပိဿာ(၅) သိန်းခန့်အရောင်းအဝယ်ဖြစ်ခဲ့
၄။ Spirited Away ဇာတ်လမ်းနောက်ခံပြုဥယျာဉ်ဖွင့်လှစ်ရန် ဂျပန်ပြင်ဆင်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 441
#DailyNews
Published _ 13 October 2022
၁။ တိုက်ခိုက်မည်ဆိုသည့်စကားထက် ဆွေးနွေးခြင်းက ပဋိပက္ခကိုလျော့ကျစေ၍ EAO များနှင့်ဆုံတွေ့ရန် RCSS ကမ်းလှမ်းချက်ကို ကြိုဆိုဟု PPST ဆို
၂။ မြို့ပတ်ရထားများ စီးနင်းမည့် ခရီးသည်နည်းပါးနေဟု ရုံပိုင်ချုပ်ကြီးပြော
၃။ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး ယခင်နှစ်ထက် ကန်ဒေါ်လာ ၂၈၄ သန်းကျော်မြင့်တက်လာ
၄။ ရှေးရိုးစွဲဆော်ဒီအာရေဗျနိုင်ငံတွင် အမျိုးသမီးငယ်များ တိုင်ဖက်အကသင်ယူလာကြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 376
#DailyNews
Published _ 12 October 2022
၁။ လွယ်ဂျယ် - လားရင်း နယ်စပ်လမ်းကြောင်းတွင် ကိုဗစ်စစ်ဆေးမှုများ ထပ်တိုးလုပ်ဆောင်
၂။ ကြက်သားနှင့် ကြက်ဥစျေးနှုန်းများ ကျဆင်းမှုမရှိသေး
၃။ စက်တင်ဘာလအတွင်း ပြည်ပသို့ ဆန်၊ ဆန်ကွဲ မက်ထရစ်တန်ချိန် ၉၀၀၀၀ ကျော်တင်ပို့ခဲ့
၄။ အိန္ဒိယအမျိုးသမီးလေယာဉ်မှူးများအတွက် ရှေ့ဆောင်လမ်းပြလေယာဉ်မှူး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 318
Published 11 October 2022
နောက်ထပ် Mie Sedaap တံဆိပ် အသင့်စားခေါက်ဆွဲ နှစ်မျိုးမှာ ပိုးသတ်ဆေးတစ်မျိုးတွေ့ရှိရပြန်တဲ့အတွက် စင်္ကာပူတွင် ပြန်လည် သိမ်းဆည်းနေကြောင်းနှင့် ယခုအခါ စားသုံးရန် အန္တရာယ်ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံထုတ် အဆိုပါ Mie Sedaap တံဆိပ် အသင့်စားခေါက်ဆွဲ(၆)မျိုးရှိလာပြီဖြစ်တယ်လို့ စထရိတ်တိုင်းမ်သတင်းစာက သတင်းရေးသားထားပါတယ်။
နောက်ထပ် အက်သလင်းအောက်ဆိုက် တွေ့ရှိရတဲ့ Mie Sedaap အသင့်ခေါက်ဆွဲထုတ်ကုန်နှစ်မျိုးကတော့ Mie Sedaap's Kari Spesial အသင့်စားခေါက်ဆွဲခွက်အမျိုးအစားနှင့် Korean Spicy Chicken အသင့်စားခေါက်ဆွဲခွက် အမျိုးအစားတို့ဖြစ်ကြပါတယ်လို့ စင်္ကာပူ အစားအစာ အေဂျင်စီကပြောပါတယ်။
အင်ဒိုနီးရှားကုန်စုံဆိုင်ဖြစ်တဲ့ Indostop စင်္ကာပူစတိုးကို အဲဒီအမျိုးအစားနှစ်မျိုးကို ပြန်လည်သိမ်းဆည်းဖို့ အေဂျင်စီက ညွှန်ကြားခဲ့ပါတယ်။
အောက်တိုဘာ(၈)ရက်ကလည်း Mie Sedaap Soto flavour နှင့် Mie Sedaap Curry flavour အသင့်စားခေါက်ဆွဲထုတ် တွေကို ပြန်လည်သိမ်းဆည်းခဲ့ရပါတယ်။
အဲဒီမတိုင်ခင် အောက်တိုဘာ (၆)ရက်က အဲဒီအမှတ်တံဆိပ်ထဲက Korean Spicy Soup နှင့် Korean Spicy Chicken အသင့်စားခေါက်ဆွဲနှစ်မျိုးကို ပြန်လည်သိမ်းဆည်းခဲ့ရပါတယ်။
ပြန်လည်သိမ်းဆည်းထားတဲ့ အသင့်စားခေါက်ဆွဲတွေထဲက ငရုတ်သီးမှုန့်တွေထဲမှာ အက်သလင်းအောက်ဆိုက် ပါဝင်နေ တာ ဖြစ်တယ်လို့ သိရပါတယ်။
ထုတ်လုပ်တဲ့ PT Wings Surya ကုမ္ပဏီက Mie Sedaap အသင့်စားခေါက်ဆွဲတွေနှင့် ငရုတ်သီးမှုန့်တွေကို လက်လီဆိုင်တွေကနေ ပြန်လည်သိမ်းယူရာမှာ သွင်းကုန်လုပ်ငန်းရှင်တွေနှင့်အတူ လုပ်ဆောင်နေပါတယ်လို့ပြောပါတယ်။ သူတို့ရဲ့ထုတ်ကုန်တွေမှာ မသန့်တာတွေဖယ်ရှားနိုင်ဖို့ ဖော်စပ်နည်းကို ပြန်လည်ပြုပြင်မယ်လို့လည်း သူတို့ကပြောပါတယ်။
အက်သလင်းအောက်ဆိုက်ဟာ ပိုးသတ်ဆေးတစ်မျိုးဖြစ်ပြီး အစားအစာတွေမှာ သုံးဖို့ ခွင့်ပြုမထားပါဘူး။ အနည်းငယ်စားသုံးမိလို့ ချက်ခြင်းလက်ငင်း အကျိုးသက်ရောက်မှုမရှိနိုင်ပေမယ့် ရေရှည်မှာတော့ ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
အက်သလင်းအောက်ဆိုင်ကို ရေရှည်စားသုံးမိရင် မျက်စေ့၊အရေပြား၊နှာခေါင်းနှင့်လည်ချောင်းဦအဆုပ်တို့မှာ မအီမသာဖြစ်စေနိုင်ပြီး ဦးနှောက်နှင့်အာရုံကြောကိုထိခိုက်စေနိုင်တယ်လို့ အမေရိကန်ပြည်ထောင်စု ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအေဂျင်စီရဲ့အစီရင်ခံစာတစ်ခုအရ သိရပါတယ်။
အက်သလင်းအောက်ဆိုက်နှင့် ထိတွေ့မိရင်ကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်လည်းရှိတယ်လို့ အဆိုပါအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အက်သလင်းအောက်ဆိုက်တွေ့ရှိလို့ စင်္ကာပူမှာပြန်လည်သိမ်းဆည်းရတဲ့ Mie Sedaap တံဆိပ် အသင့်စားခေါက်ဆွဲ(၆)မျိုးမှာ -
-Mie Sedaap Kari Spesial Instant Cup Noodles
- Mie Sedaap Korean Spicy Chicken Instant Cup Noodles
- Mie Sedaap Soto flavour instant noodles
- Mie Sedaap Curry flavour instant noodles
- Mie Sedaap Korean Spicy Chicken instant noodles
- Mie Sedaap Korean Spicy Soup instant noodles တို့ဖြစ်ကြပါတယ်။
Source Straits Times
#Mie_Sedaap
#Ethylene_oxide
#Singapore_SFA
- Category: World
- Hits: 818
#DailyNews
Published _ 11 October 2022
၁။ ကြက်သွန်ဈေးငြိမ်နေပြီး အရောင်းအဝယ်အေးစက်နေဟုဆို
၂။ လူတစ်သိန်းတွင် တီဘီရောဂါရှိသူ(၁၁၅)ယောက်ရှိနိုင်သဖြင့် စီမံချက်ဖြင့် ရှာဖွေကုသပေးနေ
၃။ လယ်ယာထွက်ကုန်တင်ပို့မှုမှ ဒေါ်လာတစ်ဘီလီယံကျော်ရရှိထား
၄။ လက်ကိုင်ဖုန်းအသုံးပြုချိန်လျှော့ချနိုင်ရန် ဘိုလစ်ဗီယာနိုင်ငံမှ ကလေးများကို စစ်တုရင်သင်ပေးနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 382
#DailyNews
Published _ 10 October 2022
၁။ ၆ လတာကာလအတွင်း ပြည်ပသို့ပဲတန်ချိန် ၈ သိန်းကျော်တင်ပို့ထား
၂။ Mie Sedaap တံဆိပ်ခေါက်ဆွဲများဘေးမကင်းသည့်နိုင်ငံရပ်ခြားသတင်းများ မြန်မာFDAရရှိထား၍ မြန်မာ့ဈေးကွက်အတွင်းတွေ့ရှိပါကပြန်သိမ်းခိုင်းမည်
၃။ ရောင်းချမည့် မီးလင်းရွှေအတုံးအခဲ (၁၀) ပိဿာကျော်ရောင်းဈေးမှာ ပေါက်ဈေးထက် အနည်းငယ်လျော့မည်ဟု YGEA ပြော
၄။ ၂၀၂၉ အာရှဆောင်းရာသီပြိုင်ပွဲကြီးအား ဆော်ဒီကန္တာရမြို့တော်ကြီးမှ လက်ခံကျင်းပသွားမည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 228
Published 10 Oct 2022
မလေးရှားဝန်ကြီးချုပ် အစ်စမေးလ်ဆာဘရီယာကော့က ပါလီမန်ကိုဖျက်သိမ်းကြောင်း အောက်တိုဘာ ၁၀ရက် တနင်္လာနေ့ ကကြေညာပါတယ်။ အဲသလိုဖျက်သိမ်းလိုက်တဲ့အတွက် ဒီနှစ်မကုန်ခင် အမျိုးသားရွေးကောက်ပွဲကို ကျင်းပပေးဖို့ လမ်းပွင့်သွားတာဖြစ်ပါတယ်။
တိုင်းပြည်ကို ရုပ်သံကနေတစ်ဆင့် မွန်းလွဲ(၃)နာရီမှာ မစ္စတာအစ်စမေးလ်က မိန့်ခွန်းပြောရာမှာ သူ့အနေနှင့် ပါလီမန်ကိုဖျက်သိမ်းဖို့ ဘုရင်မင်းမြတ်ဆီက နေ့လယ်က ခွင့်ပြုချက်သွားတောင်းခံခဲ့ရာမှာ သူ့ရဲ့မေတ္တာရပ်ခံချက်ကို မလေးရှားဘုရင်က လက်ခံခဲ့ကြောင်းပြောဆိုသွားပါတယ်။
ဖက်ဒရယ်အဆင့် အထွေထွေရွေးကောက်ပွဲကြောင့် ဆာဘား၊ဆာရာဝတ်၊ဂျိုဟောနှင့် မလက္ကာတို့ကလွဲပြီး ကျန် ပြည်နယ်အစိုးရတွေအနေနှင့် သူတို့ရဲ့ သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်တွေကို တစ်ရက်တည်း ဖျက်သိမ်းကြဖို့ တိုက်တွန်းပါတယ်” လို့ သူကပြောသွားပါတယ်။
“ ပြည်သူတွေ ဝန်ထုတ်ဝန်ပိုးမဖြစ်စေဖို့အတွက် ပြည်နယ်နှင့် ဖက်ဒရယ်အဆင့်ရွေးကောက်ပွဲတွေကို တစ်ရက်တည်း ပြိုင်တူကျင်းပတာပိုကောင်းပါတယ်” လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။
ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအဆိုပြုရက်၊မဲပေးရမယ့်ရက်နှင့်အခြားဆက်စပ်ရက်တွေကို ရွေးကောက်ပွဲ ကော်မရှင်က ဆုံးဖြတ်ပေးပါလိမ့်မယ်လို့ မလေးရှားဝန်ကြီးချုပ်ကပြောပါတယ်။
Source: CNA
#Malaysia_Politics
#Ismail_Sabri_Yaakob
#Malaysia_Parliament_Dissolved
- Category: World
- Hits: 667