Published 9 October 2022
စင်္ကာပူ အစားအစာ အေဂျင်စီက Mie Sedaap အသင့်စားခေါက်ဆွဲထုတ်နှစ်မျိုးမှာ ပိုးသတ်ဆေးတွေ့လို့ ပြန်သိမ်းယူစေပြီးနောက် ( သတင်းဖော်ပြခဲ့ပြီး)အဲဒီအမှတ်တံဆိပ်မှာပဲ နောက်ထပ် နှစ်မျိုးမှာ အလားတူပိုးသတ်ဆေးတွေ့ခဲ့တဲ့ အတွက် ထပ်မံသိမ်းယူဖို့ ညွှန်ကြားခဲ့တယ်လို့ Channel News Asia က သတင်းထုတ်ပြန်ပါတယ်။
ခွင့်မပြုတဲ့ပိုးသတ်ဆေးတစ်မျိုးဖြစ်တဲ့ အက်သလင်းအောက်ဆိုက်ကို Mie Sedaap အသင့်ခေါက်ဆွဲအမျိုးအစားနှစ်ခုမှာ ထပ်မံတွေ့ခဲ့တာဖြစ်ပါတယ်။ စင်္ကာပူ အစားအစာ အေဂျင်စီ SFA က ဖြန့်ချိတဲ့ Arklife Distributors ကုမ္ပဏီကို Mie Sedaap Soto အသင့်စားခေါက်ဆွဲထုတ်တွေနှင့် Mie Sedaap Curry အသင့်စားခေါက်ဆွဲထုတ်တွေကို ထပ်မံသိမ်းဆည်း ဖို့ ညွှန်ကြားခဲ့ကြောင်း သတင်းမှာဖော်ပြထားပါတယ်။
ယခုထပ်မံသိမ်းဆည်းတဲ့ အသင့်စား ခေါက်ဆွဲထုတ်တွေကတော့ ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၁၁ရက်မှာ သက်တမ်းကုန်တဲ့ Mie Sedaap Soto နှင့် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ ၂၂ရက်မှာ သက်တမ်းကုန်တဲ့ Mie Sedaap Curry အသင့်ခေါက်ဆွဲထုတ်တွေ ဖြစ်တယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။ အဲဒီနှစ်မျိုးစလုံးကလည်း အင်ဒိုနီးရှားက တင်သွင်းတာဖြစ်ပါတယ်။
အဲဒါကြောင့် အေဂျင်စီဟာ အခြားသော Mie Sedaap အသင့်စားခေါက်ဆွဲတွေကို ဆက်လက်ပြီး စစ်ဆေးသွားမယ်လို့ စနေနေ့က ကြေညာပါတယ်။ တင်သွင်းသူတွေနှင့် အင်ဒိုနီးရှားအာဏာပိုင်တွေနှင့် လက်တွဲအလုပ်လုပ်ပြီး အက်သလင်း အောက်ဆိုက်ပါဝင်နေတဲ့အပေါ် စုံစမ်းဖော်ထုတ်မှုတွေလုပ်သွားမယ်လို့ ပြောပါတယ်။
“ ယခုကြေညာထားတဲ့ ခေါက်ဆွဲထုတ်တွေ ဝယ်ယူထားမိတဲ့သူတွေ မစားသုံးမိကြဖို့အကြံပြုပါတယ်” လို့ SFA က ကြေညာပါတယ်။
“ ယခုကြေညာထားတဲ့ထုတ်ကုန်တွေကို စားသုံးမိသူတွေဟာ သူတို့ကျန်းမာရေးနှင့်ပတ်သက်လို စိတ်ပူစရာရှိပြီး ကျန်းမာရေးဆိုင်ရာ အကြံပြုချက်တွေရယူကြသင့်ပါတယ်။ ဝယ်ယူခဲ့သူတွေအနေနှင့် သူတို့ဝယ်ခဲ့တဲ့နေရာတွေမှာ သွားရောက်စုံစမ်းမေးမြန်းကြပါ” လို့လည်း စင်ကာပူအစားအစာ အေဂျင်စီက နှိုးဆော်ထားပါတယ်။
Source CNA
#Mie_Sedaap_Soto
#Mie_Sedaap_Curry
#Ethylene_oxide
- Category: World
#DailyNews
Published _ 8 October 2022
၁။ ငါးဒန်ကို အဆင့်မြင့်မွေးမြူ၍ ပြည်ပသို့တင်ပို့သွားမည်
၂။ ယခုဘဏ္ဍာနှစ် ပထမနှစ်ဝက်အတွင်း ပိုကုန်ရငွေ ကန်ဒေါ်လာ ၈ ဒသမ ၆ ဘီလျံခန့်ရရှိထားပြီး ယမန်နှစ်ထက် ဒေါ်လာတစ်ဘီလျံကျော်ပိုမိုရရှိ
၃။ တစ်ပါတ်ကြာရပ်နားထားပြီးမှ မူဆယ်ကုန်သွယ်ရေးလုပ်ငန်းများပြန်လည်စတင်
၄။ ဘယ်လ်ဂျီယမ်ဘီယာထုတ်လုပ်ရေးမှထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများဖြင့် မှိုစိုက်ပျိုးသောလုပ်ငန်းတိုးတက်မှုရှိလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
- Category: Myanmar
Published 7 Oct 2022
ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာဟာ အနည်းဆုံး လူ၃၆ ဦးသေဆုံးခဲ့ရတဲ့ ထိုင်းနိုင်ငံ အရှေ့မြောက် နောင်ဘွာလမ်ဖူးပြည်နယ်မှာရှိတဲ့ ကလေးထိန်းဌာနနေရာကို သွားရောက်ခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟာ အရာရှိတွေခြံရံလျက် ထိုင်းနိုင်ငံရဲ့ အဆိုးရွားဆုံး အစုလိုက်သတ်မှုတွေထဲကတစ်ခုမှာ သေဆုံးခဲ့ကြရသူတွေအတွက် လွမ်းသူ့ပန်းစည်းချခဲ့ပါတယ်။
ဒီမနက်စောစောပိုင်းမှာ ထိုင်းဘုရင်မင်းမြတ်ကိုယ်စား အဖြူရောင်ယူနီဖောင်းဝတ်ဆင်ထားတဲ့ အရာရှိငယ်တစ်ဦးကလည်း ကြီးမားတဲ့ လွမ်းသူ့ပန်းခွေလာရောက်ချခဲ့ပါတယ်။
နှလုံးကြေကွဲနေကြတဲ့ မိဘတွေဟာ နေဝင်တော့မယ့်အလင်းရောင်အောက်က ကလေးထိန်းဌာနရဲ့ လှေကားထစ်တွေပေါ် အဖြူရောင်နှင်းဆီပွင့်တွေ လာရောက်ချခဲ့ကြပါတယ်။
သေဆုံးသူတွေထဲမှာ ကလေး၂၄ ဦးပါဝင်ပြီး ယောကျ်ားလေး ၂၁ ဦးနှင့် မိန်းကလေး၃ ဦးတို့ဖြစ်ပါတယ်။ ကျန်၂၁ ဦးကလူကြီးတွေဖြစ်ပါတယ်။
အလုပ်ထုတ်ခံရတဲ့ ရဲကြပ်ပြီးပန်ယာခါရက်ဟာ တရားဝင်ဝယ်ထားတဲ့ ၉ မမပစ္စတိုနှင့် ဓားတစ်လက်ကိုင်ဆိုင်ပြီး အဲဒီ ကလေးထိန်းဌာနကို ကြာသပတေးနေ့ မွန်းလွဲ ၁၂နာရီခွဲမှာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အီဲဒနောက် အိမ်ကိုပြန်ပြီး ဇနီးနှင့်သားကိုပါပစ်သတ်ကာ ကိုယ့်ကိုကိုယ်ပါ သေနတ်နှင်ပစ်ပြီး အဆုံးစီရင်ခဲ့တာဖြစ်ပါတယ်။
Source AFP
#Thailand
#Thailand_Nursery_Mass_Shooting
#Prayut_Chan-O-Cha
- Category: World
#DailyNews
Published _ 7 October 2022
၁။ ငါး ပုစွန် ဖမ်းဆီးမှုအား ရုရှားနိုင်ငံမှနည်းပညာဖြင့် လုပ်ဆောင်သွားမည်
၂။ ပြည်တွင်းခရီးသွားလုပ်ငန်း နှစ်လအတွင်း သိသာစွာတိုးတက်လာမည်ဟု UMTA ဥက္ကဋ္ဌပြော
၃။ အစိုးရမှ ရွှေစင်၊ ရွှေတုံးများထုတ်ရောင်းပေးနေခြင်းကြောင့် ရွှေဈေးငြိမ်နေခြင်းဖြစ်သည်ဟုဆို
၄။ တရုတ်ပြည်ရှိ အရုပ်စက်ရုံလုပ်ငန်းများ တိုးတက်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
- Category: Myanmar
Published 6 Oct 2022
စင်္ကာပူအစားအစာ အေဂျင်စီ (SFA) က Mie Sedaap တံဆိပ် အသင့်စားခေါက်ဆွဲနှစ်မျိုးမှာ အက်သလင်းအောက်ဆိုက် ethylene oxide ဆိုတဲ့ ပိုးသတ်ဆေးတစ်မျိုးကို တွေ့ရှိရတဲ့အတွက် အဲဒါတွေကို ပြန်လည်သိမ်းယူရန် အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
အက်စ်အက်ဖက်အေက Mie Sedaap ကိုးရီးယားအစပ် အသင့်စားခေါက်ဆွဲပြုတ်နှင့် Mie Sedaap ကိုရီးယားအစပ် ကြက်သား အသင့်စားခေါက်ဆွဲတွေကို ပြန်လည်သိမ်းဆည်းဖို့ ရှန်းရှန်း အစားအစာနှင့် အဖျော်ယမကာ လုပ်ငန်းကို ညွှန်ကြားခဲ့တာပါ။သိမ်းဆည်းမှုတွေလုပ်ဆောင်ဆဲလို့လည်းသိရပါတယ်။
အဲဒီပြန်လည်သိမ်းယူတဲ့ အသင့်ခေါက်ဆွဲတွေကတော့ Mie Sedaap ကိုရီးယား အစပ် အသင့်ခေါက်ဆွဲပြုတ်အထုတ်တွေမှာ သက်တမ်းကုန်ရက် ၂၀၂၃ မေလ ၁၇ ရက်ရှိတဲ့ အထုတ်တွေနှင့် Mie Sedaap ကိုရီးယား အစပ် အသင့်ခေါက်ဆွဲ သက်တမ်းကုန်ရက် ၂၀၂၃ မေ ၂၁ရက်ရှိတဲ့အထုတ်တွေဖြစ်ပါတယ်။
“ အက်သလင်းအောက်ဆိုက် Ethylene oxide ဟာ ပိုးသတ်ဆေးတစ်မျိုုးဖြစ်ပြီး အစားအစာထဲမှာ အသုံးပြုရန် ခွင့်မပြုထားပါဘူး” လို့ အက်စ်အက်ဖ်အေက သတင်းထုတ်ပြန်ပါတယ်။အဲဒီခေါက်ဆွဲထုတ်တွေက အင်ဒိုနီးရှားက တင်သွင်းတာတွေပါ။
“အက်သလင်းအောက်ဆိုက်ကို ဟင်းခတ်အမွှေးအကြိုင်တွေမှာပိုးသတ်ဖို့ခွင့်ပြုထားတာပါ။အဲဒီအတွက်သတ်မှတ်ချက်က ဟင်းခတ်အမွှေးအကြိုင်တစ်ကီလိုဂရမ်မှာ အက်သလင်းအောက်ဆိုက် ၅၀မီလီဂရမ်အထိပဲခွင့်ပြုတာပါ” လို့ အဖွဲ့က ဆက်ပြောပါတယ်။
တင်သွင်းသူတွေနှင့်အင်ဒိုနီးရှားအာဏာပိုင်တွေကို ဒီလိုဖြစ်ရတာနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နိုင်ရေး အဖွဲ့က ပူးပေါင်းဆောင်ရွက်နေပါတယ်။
Source: CNA
#Mie_Sedaap_Korean_Spicy_Soup
#Mie_Sedaap_Korean_Spicy_Chicken
#Recall_Indo_made_Instant_noddles
- Category: World
#DailyNews
Published _ 6 October 2022
၁။ ဒေါ်လာဈေးနှင့် ရွှေဈေးတက်နေ၍ အိမ်ခြံမြေဈေးကွက်ဘက်သို့ အာရုံစိုက်မှု နည်းလျှက်ရှိနေ
၂။ Yangon Water Bus ပြန်လည်ပြေးဆွဲမှု ယနေ့စတင်
၃။ ထိုင်းနိုင်ငံတွင် ရေလွှမ်းမိုးမှုဖြစ်ပေါ်နေသော်လည်း မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေး ပုံမှန်အတိုင်းလည်ပတ်နေ
၄။ လူသားဆန်ပြီး လက်တွေ့အသုံးဝင်နိုင်မည့် စက်ရုပ်အား 'အီလွန်မက်စ်' မိတ်ဆက်ပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
- Category: Myanmar
Published 6 Oct 2022
ထိုင်းနိုင်ငံမှာ ရဲအရာရှိဟောင်းတစ်ဦးဟာ ကြာသပတေးနေ့က နေ့ကလေးထိန်းဌာနတစ်ခုကို သေနတ်တစ်လက်၊ဒါးတစ်ချောင်းနှင့် ဝင်ရောက်တိုက်ခိုက်ရာ ကလေးငယ် အနည်းဆုံး ၂၄ဦးနှင့် လူကြီး ၁၁ဦးသေဆုံးသွားခဲ့ရပါတယ်။(သတင်းဖော်ပြပြီး)။ အဲဒီရဲအရာရှိဟောင်းဟာ အခင်းဖြစ်ပွားရာနေရာကနေ ကားနှင့် ထွက်ပြေးသွားပြီး အိမ်အပြန် ကားပေါ်ကနေလည်း ပစ်ခတ်သွားပါတယ်။ အဲဒီနောက် သူ့ဇနီးနှင့် သူ့သားကို အိမ်မှာ ပစ်သတ်ပြီးနောက် သူ့ကိုယ်သူ သတ်သေသွားခဲ့ပါတယ်။
အွန်လိုင်းမှာပျံ့နှံ့နေတဲ့ ဗွီဒီယိုတွေနှင့် ဓာတ်ပုံတွေထဲမှာ သွေးတွေပေကျံနေတဲ့ အခန်းတစ်ခန်းနှင့် ပြန့်ကျဲနေတဲ့ ဖျာတွေကိုတွေ့ရပါတယ်။
ဗွီဒီယိုတွေထဲမှာလည်း ကလေးထိန်းဌာနအပြင်ဘက်မှာ အော်ဟစ်ငိုကြွေးနေကြတဲ့ မိသားစုတွေကိုတွေ့ရပြီး ရဲတွေနှင့် ဆေးဘက်ဝန်ထမ်းတွေက အနားတစ်ဝိုက်အလုပ်များနေပြီး အရေးပေါ်လူနာတင်ယာဉ်က အဆင်သင့်ရပ်ထားတာတွေ့ရပါတယ်။
အဲဒီရန်ပြုသူဟာ ရဲအရာရှိဟောင်းတစ်ဦးလို့ အာဏာပိုင်တွေက အတည်ပြုပါတယ်။ သူဟာ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နောင်ဘွာလမ်ပူပြည်နယ်က မြို့ကလေးတစ်မြို့မှာရှိတဲ့ ကလေးထိန်းဌာနထဲ ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာ ဝင်ရောက်လာခဲ့ပါတယ်။
သူဟာ အဆောက်အဦထဲကထွက်မပြေးခင် အဆောက်အဦထဲက ကလေးငယ် ၂၂ ဦးနှင့်လူကြီးနှစ်ဦးတို့ အသတ်ခံရပြီး သေဆုံးခဲ့ပါတယ်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ ဒါပေမယ့် သူဟာ ကားထဲကနေ ဆက်လက်ပြီး ပစ်ခတ် ခဲ့သေးတယ်လို့ ရဲမှူးချုပ် ပိုင်းဆဲလ် လူဆွမ်ဘွန်းက အေပီသတင်းဌာနကိုပြောပါတယ်။
သူဟာ အိမ်ရောက်တဲ့အခါ သူ့ဇနီးနှင့် သူ့ကလေးကိုပစ်သတ်ခဲ့တယ်။ အဲဒီနောက်ကိုယ့်ကိုကိုယ်ပစ်သတ်ခဲ့တယ်လို့ ရဲကပြောပါတယ်။
သူဟာ နောက်ထပ်ကလေးနှစ်ဦးနှင့် လူကြီး ၉ ဦးကို ကလေးထိန်းဌာနအပြင်ဘက်မှာ ပစ်သတ်ခဲ့တာဖြစ်တယ်လို့ ရဲက ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ သေနတ်နှင့်ဆက်စပ်တဲ့ သေမှုသေခင်းတွေဟာ အမေရိကန်ပြည်ထောင်စုနှင့် ဘရာဇီးနိုင်ငံတွေထက် နည်းပါးပါတယ်။ ဒါပေမယ့် သေနတ်ဥပဒေတင်းကြပ်တဲ့ စင်္ကာပူနှင့် ဂျပန်တို့ထက်တော့ များနေပါတယ်။ ၂၀၁၉ခုနှစ်စာရင်းဇယားများအရ သေနတ်ပစ်ခတ်သေဆုံးမှုဟာ လူတစ်သိန်းမှာ လေးဦးနှုန်းရှိခဲ့ပါတယ်။ အမေရိကန်မှာတော့ လူတစ်သိန်းမှာ ၁၁ ဦးနှုန်းရှိပြီး ဘရာဇီးမှာတော့ လူတစ်သိန်းမှာ ၂၃ ဦးနှုန်းရှိနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက ဘန်ကောက်မှာရှိတဲ့ ထိုင်းစစ်တပ် စစ်ကောလိပ်က တစ်ဦးဟာ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် လူနစ်ဦှးကိုသတ်ပစ်ခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
၂၀၂၀ပြည့်နှစ်တုန်းက အရှေ့မြောက်ဘက်မြို့တစ်မြိုက ဈေးဝယ်စင်တာအနီးဝန်းကျင်မှာ စစ်သားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့လို့ လူ၂၉ ဦးသေဆုံးခဲ့ပါတယ်။
Source AP
#Thailand
#Thailand_Gun_mass_shooting
#Gun_Laws
- Category: World