English Section

Myanmar Extends State of Emergency for Six More Months to Address Ongoing Challenges

Nay Pyi Taw, January 31, 2024

Myanmar has extended its state of emergency for an additional six months, as declared in an official statement by the State Administration Council (SAC). The decision, reached during a session of Myanmar’s National Defence and Security Council in Nay Pyi Taw today, extends the emergency rule until July 31, 2024.

During the council meeting, Senior General Min Aung Hlaing, Chairman of the SAC and Commander in Chief, emphasized the ongoing necessity for Myanmar to attain stability, peace, and return to normalcy. He underscored that the current situation is far from normal and requires a further six-month extension to address pressing needs and initiatives.

He reaffirmed the ongoing preparations for a free and fair multi-party democracy general election and a nationwide census.

Following that, NDSC members deliberated on the current situation, analyzing it thoroughly, and subsequently endorsed another six-month emergency period.

Afterward, Acting President U Myint Swe informed the council that the state of emergency would be extended for another six months based on the consensus among its members.

Acting President U Myint Swe, Vice President U Henry Van Thio, Commander-in-Chief Senior General Min Aung Hlaing, Deputy Commander-in-Chief Vice Senior General Soe Win, Union Minister for Defence Admiral Tin Aung San, Union Minister for Home Affairs Lieutenant General Yar Pyae, Union Minister for Foreign Affairs U Than Swe, and Union Minister for Border Affairs Lieutenant General Tun Tun Naung were present at the council meeting.

Additionally, SAC Secretary Lieutenant General Aung Lin Dway and Joint Secretary Lieutenant General Ye Win Oo participated in the meeting as special invitees.

@ymg/knl

Senior General Stresses Political Dialogue in Hluttaw for Self-Administration and Autonomy Rights

January 27, 2023 (Nay Pyi Taw)

The Chairman of Myanmar's State Administration Council, Senior General Min Aung Hlaing, stressed that the rights to self-administration and autonomy should be discussed and approved through political dialogues within the Hluttaw. He emphasized that resorting to armed methods to assert these rights is not acceptable.

Senior General Min Aung Hlaing addressed attendees at the committee meeting on Security, Peace, and Stability, as well as Rule of Law, convened in Nay Pyi Taw on January 26, 2024, as stated in an official press release.

The Senior General emphasized the ongoing challenge of pursuing rights to self-administration and autonomy for states and regions outside the established legal framework. He stressed the importance of ensuring that actions are in accordance with established laws and rules.

Senior General cautioned that the Constitution of 2008, endorsed by voters with a majority approval of 92.48 percent, is binding, and no actions can transgress its provisions.

Moreover, he added that the State Administration Council (SAC) is adhering to the principles outlined in the 2008 Constitution while governing the country.

Moreover, the Senior General provided details about the Public Security System during the meeting, underscoring its importance. He emphasized that achieving objectives related to security, stability, and rule of law relies on the unity and solidarity of all public administrations and security personnel.

He stressed the importance of identifying terrorists while ensuring informant confidentiality. He further emphasized the need for a systematic implementation of the Public Security System and the execution of the Public Defense System through it.

SAC Joint Secretary Lt. Gen. Ye Win Oo, Council members Admiral Tin Aung San, General Yar Pyae, U Wunna Maung Lwin, Daw Dwe Bu, and Mahn Nyein Maung, along with Union Ministers and other senior officials, attended and discussed on the issues.

 Ymg/knl

Myanmar Reaffirms 'One China Policy' and Backs China's Reunification Efforts

Date: January 15, 2024

Myanmar's ruling State Administration Council (SAC) has affirmed its unwavering commitment to the "One China Policy" and has restated that Taiwan (Chinese-Taipei) is an integral part of the People’s Republic of China.

Following the Taiwan Election held on Saturday, January 13, the Myanmar Foreign Ministry issued a statement expressing Myanmar’s stance on the development of Taiwan.

The statement declares Myanmar's opposition to any separatist activities aiming "Taiwan independence" and foreign interference in the internal affairs of other states. Additionally, Myanmar fully supports China’s efforts to achieve peaceful reunification, as stated in the official statement.

The statement highlights Myanmar's maintenance of good neighborly Pauk-Phaw relations with China, emphasizing the consistent support for the "One China Policy".

-ymg/knl

Asean

Most Popular - Local News

  • မြစ်ကြီးနားအကျဉ်းထောင်ဆူပူအကြမ်းဖက်မှုကြောင့် အကျဉ်းသား (၄) ဦးသေဆုံး ၊ (၈) ဦးဒဏ်ရာရ

    ၁၉ ဧပြီ ၂၀၂၄

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အကျဉ်းထောင်အတွင်း ဧပြီ၁၈ ရက်က ဆူပူအကြမ်းဖက်မှုဖြစ်ပွားပြီး အကျဉ်းသား (၄)ဦးသေဆုံးကာ အကျဉ်းသား (၈)ဦးဒဏ်ရာရရှိခဲ့တယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန် ချက်အရ သိရ ပါတယ်။

    မြစ်ကြီးနားမြို့ အကျဉ်းထောင်အတွင်းရှိ အမျိုးသား အပြစ်ကျဆောင်(၆)နှင့် (၇)တို့၌ ဧပြီ ၁၈ ရက် ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းနှင့်ပတ်သက်၍ တရားမျှတမှုမရှိဟုဆိုကာ အကျဉ်းသား များ ဆူပူ  သောင်းကျန်းနေတဲ့အတွက် အကျဉ်းဦးစီးဌာနဝန်ထမ်းများက မိမိအခန်းများသို့ အသာတကြည် ပြန်လည်ဝင် ရောက်ရန် ဖျောင်းဖျပြောဆိုခဲ့သော်လည်း လိုက်နာမှု မရှိဘဲ ဆက်လက်အော်ဟစ်ဆဲဆိုဆူပူမှုများ ပြုလုပ်ခဲ့ကြ  တယ်လို့ အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    ယင်းနောက် အကျဉ်းသားများသည် ၎င်းတို့၏ အိပ်ဆောင်များရှိ ဝန်းတံခါးများကို ဖျက်ဆီးခြင်း၊ CCTV များအား ဖျက်ဆီးခြင်း၊ အကျဉ်းထောင်အတွင်းရှိ စည်းကမ်းထိန်းရုံးသို့သွားရောက် ရန်မူရန်ကြိုးစားလာကြ ပြီး ဖျက်ဆီးမှု တွေကို အရှိန်မြှင့် ဆောင်ရွက်လာကြတဲ့အတွက် အခြေအနေကို ထိန်းသိမ်းရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ခရိုင်  ရဲတပ်ဖွဲ့မှူးဦးစီး၍ လုံခြုံရေးတပ်ဖွဲ့ဝင်များကဆောင်ရွက်ခဲ့ရတယ်လို့သိရပါတယ်။

    လုံခြုံရေးတပ်ဖွဲ့ဝင်များက ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် အဆိုပါ အကျဉ်းထောင်ပတ်လည်၌ လုံခြုံရေးဆောင်ရွက်   ထားရှိပြီး ဆူပူသောင်းကျန်းနေသူများအား အကျဉ်းဦးစီးဌာန ဝန်ထမ်းများက လူစုခွဲရန် ထပ်မံပြောကြားဖျောင်းဖျ   ခဲ့သော်လည်း လိုက်နာမှုမရှိဘဲ အိပ်ဆောင်ကွပ်ပျစ်များအား ရိုက်ချိုးထားသည့် သစ်သားချောင်းများ၊ အုတ်နီခဲများ၊ အင်္ဂတေခဲကျိုးများဖြင့် အကျဉ်းဦးစီးဌာန ဝန်ထမ်းများအား ရန်မူတိုက်ခိုက်လာကြတယ်လို့ သတင်းထုတ်ပြန်ထား ပါတယ်။

    အဲဒါကြောင့်ဆက်လက်ဖျောင်းဖျရန် အခြေအနေမရှိတော့ဘဲ အကျဉ်းဦးစီးဌာနဝန်ထမ်းများက အဓိကရုဏ်း နှိမ်နင်းရေးလက်နက်များဖြင့် ခြောက်လှန့်ပစ်ခတ်ပြီး တုတ်ဒိုင်းများ အသုံးပြုနှိမ်နင်း ထိန်းသိမ်းခဲ့မှုကြောင့် ညနေ ၅ နာရီခန့်တွင် အခြေအနေ အား ထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်။

    ဖြစ်စဉ်ကြောင့် အကျဉ်းသား ၄ ဦးသေဆုံးကာ အကျဉ်းသား ၈ ဦးမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ထိခိုက်   ဒဏ်ရာရရှိသည့် အကျဉ်းသားများအား မြစ်ကြီးနားမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိပါ တယ်။

    ဖြစ်စဉ်ကို လုပ်ထုံး လုပ်နည်းနှင့်အညီ ဆက်လက်စိစစ်မှုများ ဆောင်ရွက်သွားမှာဖြစ်တဉ်လို့ သတင်းရရှိပါတယ်။

    @ymg/knl

  • ဘန်ကောက်ရှိ ကွန်ဒိုတစ်ခု၏ ခေါင်မိုးရေတိုင်ကီထဲတွင် မြန်မာအမျိုးသားတစ်ဦး၏ အလောင်းကိုတွေ့ရှိ

    ၁၉ ဧပြီ ၂၀၂၄

    ဘန်ကောက်မြို့ မင်ဘူရီခရိုင်မှာရှိတဲ့ ကွန်ဒိုတစ်ခုရဲ့ ဘုံဘိုင်ရေတွေ အရောင်နှင့်အနံ့ပြောင်းနေတဲ့အတွက် စုံစမ်းမှုတွေ  ပြုလုပ်  ရာမှ အဲဒီကွန်ဒိုခေါင်မိုးက ရေတိုင်ကီထဲမှာ သေဆုံးနေတဲ့ မြန်မာအမျိုးသားတစ်ဦးရဲ့ အလောင်းကို ယနေ့ ဧပြီ၁၉ ရက်မနက်က   တွေ့ရှိခဲ့ကြတယ်လို့ ထိုင်းသတင်းမီဒီယာတစ်ခုကရေးသားပါတယ်။

    ဘုံဘိုင်ရေတွေဟာ အလာလည်းနှေးနေတဲ့အပြင် အနံ့တွေဆိုးနေပြီး အရောင်လည်းပြောင်းနေတဲ့အတွက် ကွန်ဒိုနေသူတွေက ကွန်ဒိုပိုင်ရှင်ထံ အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

    ပိုင်ရှင်က ခေါင်မိုးမှာတင်ထားတဲ့ ရေတိုင်ကီကိုစစ်ဆေးဖို့ ကျွမ်းကျင်သူတစ်ဦးကို လွှတ်ခဲ့ပါတယ်။ အဲဒီအခါ ရေကန်ထဲ ပေါလောပေါ်နေတဲ့ ရုပ်အလောင်းကိုတွေ့ရှိလိုက်ကြရတာဖြစ်ပါတယ်။

    သေဆုံးသူဟာ အသက် ၂၇နှစ်အရွယ် မြန်မာအမျိုးသား အောင်စုမြတ်ဆိုသူဖြစ်ပြီး အဆိုပါကွန်ဒိုရဲ့ လေးထပ်မှာနေထိုင်သူလို့ တွေ့ရှိကြရပါတယ်။ သူဟာ ရေတိုင်ကီထဲမှာ ကိုယ်လုံးတီးသေဆုံးနေပြီး သူ့ရဲ့ အနီရောင်ပုဆိုးကို အောက်ခြေမှာ ခွေလျက် ကလေးတွေ့ရပါတယ်။

    တီဘီအက်စ်သတင်းဌာနရဲ့သတင်းပေးပို့ချက်အရ အောင်စုမြတ်ဟာ ဧပြီ၁၇ ရက်က ကွန်ဒိုခေါင်မိုးမှာ သူငယ်ချင်းတွေနှင့် အတူအရက်သောက်ခဲ့ကြပြီးနောက် ပျောက်ဆုံးသွားခဲ့ပါတယ်။ သူတို့သူငယ်ချင်းတစ်သိုက်ဟာ ည၁၁နာရီခန့်မှာ ခွဲခဲ့ကြတယ် လို့ သူ့သူငယ်ချင်းတွေကရဲကိုပြောပြပါတယ်။ အဲဒီအချိန်မှာ အောင်စုမြတ်ဟာ သူ့သမီးနှင့်အတူ ခေါင်မိုးမှာ ဆက်ရှိနေခဲ့ တယ်လို့ သူတို့ကပြောပါတယ်။

    အောင်စုမြတ်ဟာ သိပ်ပူတယ်လို့ပြောပြီး ရေတိုင်ကီထဲ ခုန်ချသွားတယ်၊အဲဒီနောက်ပြန်ပေါ်လာပြီး သူသိပ်နေမကောင်းချင်ဘူး လို့ပြောတယ်လို့ သူ့ရဲ့ (၆)နှစ်အရွယ်သမီးကပြောပါတယ်။

    အဲဒီနောက် သမီးက အဖေဖြစ်သူကို ခေါင်မိုးမှာ တစ်ဦးတည်းထားခဲ့ပြီး ပြန်လာခဲ့ပါတယ်။ သူဟာ ရေကန်ထဲ နောက်တစ်ကြိမ် ခုန်ဆင်းပြီးနောက် မူးနေလို့ ဒါမှမဟုတ်ကြွက်တက်လို့  ရေနစ်သေသွားတာဖြစ်မယ်လို့ သူ့မိသားစုက ထင်ထားကြပါတယ်။

    ဧပြီ ၁၇ ရက်ကတည်းက သူ့ယောကျ်ား ပျောက်ဆုံးခဲ့တာလို့ ဇနီးဖြစ်သူကပြောပါတယ်။ အဲဒါကြောင့် သူမဟာ ဆောက်တည် ရာမရဖြစ်ပြီး ဗေဒင်ဆရာတွေကနေတစ်ဆင့် သဘာဝလွန် ဝိဉာဉ်တွေကိုတောင် အကူအညီတောင်းပြီးရှာခိုင်းသေးတယ်လို့ သတင်းမှာရေးသားထားပါတယ်။

    ထိုင်းရတ်သတင်းဌာနရဲ့အဆိုအရ အဲဒီကွန်ဒိုမှာ နေထိုင်သူအများစုဟာ အနီးနားက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာဝန်ထမ်းတွေဖြစ်ကြတယ်လို့သိရပါတယ်။ ကွန်ဒိုနေထိုင်သူအချို့က ရေတိုင်ကီထဲဆင်းတဲ့ သေဆုံးသူ   ကို အပြစ်တင်နေကြပြီး အချို့ကတော့ အဲဒီရေတွေကို (၃)ရက်လောက် သောက်သုံးခဲ့ရတဲ့အပေါ် မသတီဖြစ်နေကြပါတယ်။

    မင်ဘူရီရဲဌာနအရာရှိတွေက ဖြစ်ရပ်နှင့်ပတ်သက်လို စုံစမ်းမှုတွေပြုလုပ်နေပြီး အောင်စုမြတ်ရဲ့ရုပ်အလောင်းကို  ခွဲစိတ်စစ်ဆေး ဖို့ ဆေးရုံကိုလွှဲပေးဖို့စီစဉ်နေကြောင်း သတင်းမှာဖော်ပြထားပါတယ်။

    #ymg/knl

  • သပ်လျှိုသွေးခွဲနေမှုများကို သွေးစည်းညီညွတ်မှုနှင့်တုန်ပြန်ပြသကြဖို့ ဗိုလ်ချုပ်မှူးကြီးက နှစ်သစ်တွင် တိုက်တွန်း

    ၁၇ ဧပြီ ၂၀၂၄

    တိုင်းရင်းသားညီအစ်ကိုအချင်းချင်း သွေးကွဲအောင် သပ်လျှိုသွေးခွဲနေတာကို အားလုံး၏ သွေးစည်းညီညွတ်မှုနှင့် တုံ့ပြန်ပြသ    ကြဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

    မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်မင်္ဂလာစကားပြောကြားရာတွင် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယင်းကဲ့သို့တိုက်တွန်းခဲ့ခြင်းဖြစ်ပါတယ်။

    “ ပြီးခဲ့တဲ့နှစ်ဟောင်းကာလအတွင်းမှာ အရှည်မမြော်တွေးတဲ့ လိုအင်ဆန္ဒတွေ၊ ဘေးပယောဂတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေ  ကြောင့် အချို့သော ကိုယ်ကျိုးအတ္တ လွန်ကဲတဲ့သူတွေဟာ ဒေသမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်ခဲ့ကြပါတယ်။ ကိုယ့်ပြည်  ထောင်စုဖွား တိုင်းရင်းသားအချင်းချင်းကို ဒုက္ခတွင်းထဲရောက်အောင် တွန်းပို့ခဲ့တာကို တွေ့ကြုံခဲ့ရပြီးဖြစ်တာကြောင့် အရှည်  ကိုမြော်တွေးပြီး ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးက ပြောကြားပါတယ်။

    မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့တဲ့နှစ်ဟောင်းကာလအတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်  ကျော်  လွှားနိုင်ခဲ့ကြပြီးဖြစ်ကြောင်းနှင့် ယခုနှစ်သစ်မှာလည်း နစကအနေနှင့် ပြည်သူအားလုံးရဲ့ ဇွဲ၊ သတ္တိ၊ ခိုင်မာတဲ့ယုံကြည် ချက် တို့နှင့်အတူ ဘယ်လိုစိန်ခေါ်မှုမျိုးကိုမဆို အောင်မြင်အောင် ဆက်လက်ရင်ဆိုင်သွားမှာဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ပြောဆိုခဲ့ပါတယ်။

  • နိုင်ငံခြားသား ၂၈ ဦးအပါအဝင် အကျဉ်းသား၊အကျဉ်းသူ ၃၃၀၀ ကျော်ကို လွတ်ငြိမ်းခွင့်ပြု

    Published_17 April 2024
    အကျဉ်းထောင်၊အချုပ်ထောင်၊စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက် ရှိသော အကျဉ်းသား၊အကျဉ်းသူ ၃၃၀၃ ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “ နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်း ပြစ် ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ် များကိုပါ ဆက်လက်ကျခံပါမည် ” ဟူသော စည်းကမ်း သတ် မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိ သောပြစ်ဒဏ်များအပေါ်လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက် ကြောင်း နစက သတင်းထုတ်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအနေဖြင့် မြန်မာနှစ်သစ်မင်္ဂလာအခါသမယအထိမ်းအမှတ် အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရငဲ့ညှာထောက်ထား သောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့်စေတနာကိုနားလည်စေရန် ရှေးရှုသောအားဖြင့် လည်းကောင်း အထက်ပါအတိုင်း လွတ်ငြိမ်းခွင့်ြ့ပုခြင်း ဖြစ်ကြောင်း သိရသည်။
    ယင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ထုတ်ပြန်ချက်တွင်၂၀၂၄ ခုနှစ် ဧပြီလ ၁၇ ရက်မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္ထု ပစ္စည်းများ အက်ဥပဒေအရပြစ်မှုများ၊ မတရားအသင်းများအက်ဥပဒေအရပြစ် မှုများ၊ ၁၈၇၈ ခုနှစ် လက်နက်များ အက်ဥပဒေ ပုဒ်မ ၁၉(စ) အရ ပြစ်မှုများ၊ ၁၉၄၉ ခုနှစ်လက်နက်(အရေး ပေါ်ပြစ်ဒဏ်စီရင်မှု)(ယာယီ) အက်ဥပဒေအရပြစ်မှုများ၊ ၁၉၅၁ ခုနှစ်လက်နက်(ယာယီပြင်ဆင် ချက်)အက်ဥ ပဒေ အရပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည် နယ် လက်နက်အမိန့်အရပြစ်မှုများ၊ ၂၀၂၃ ခုနှစ် လက်နက်ဥပဒေ အရပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့်စိတ် ကို ပြောင်း လဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ ပြစ်မှုများ၊ သဘာ ဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဥပဒေ အရ ပြစ်မှု များ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ အရပြစ်မှု များနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပ ဒေအရ ပြစ်မှု များမှအပ တည်ဆဲဥပဒေ တစ်ရပ်ရပ်အ ရပြစ်မှုတစ် ခုခုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီး အကျဉ်း ထောင်၊အချုပ် ထောင်၊စခန်း အသီးသီးတွင် ပြစ်ဒဏ် ကျခံနေရသည့် အကျဉ်းသားသူများကို ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ယင်းတို့ကျ ခံရန်ကျန်ရှိသော ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ် ငြိမ်း သက်သာခွင့်ပြုလိုက်ကြောင်း ဖော်ပြထားသည်။
    နိုင်ငံခြားသားများအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုရာတွင် မြန်မာနှစ်သစ်မင်္ဂလာအခါသမယအထိမ်းအမှတ် အားဖြင့် လည်းကောင်း၊ နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ဆက်ဆံရေးကို နှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
    အဆိုပါ နိုင်ငံခြားသား အကျဉ်းသား၊အကျဉ်းသူ များကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ “ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအ ပေါ်လျှော့ပေါ့ပြီး ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
    Yangon_Times/PP

Most Popular - World News

  • ခြောက်ပတ်ကြာကျင်းပမည့် ကမ္ဘာတွင်အကြီးမားဆုံးသော အိန္ဒိယရွေးကောက်ပွဲများ စတင်

    ၁၉ ဧပြီ ၂၀၂၄

    ဟိန္ဒူအမျိုးသားရေးဝါဒီ ဝန်ကြီးချုပ်နာရင်ဒရာမိုဒီအတွက် အောင်ပွဲအသေအချာဖြစ်စေမည့် ခြောက်ပတ် ကြာ အိန္ဒိယရွေးကောက်ပွဲကို ဧပြီ ၁၉ ရက် သောကြာနေ့မှာ စတင်လိုက်ပါတယ်။

    ကမ္ဘာ့အကြီးမားဆုံးရွေးကောက်ပွဲဖြစ်သည့် အိန္ဒိယရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပေါင်း ၉၆၈သန်းက ဆန္ဒမဲ ပေးကြမည်ဖြစ်ပါတယ်။

    ဟိန္ဒူတို့ရဲ့ အထွတ်အမြတ်ထးရာ ဂင်္ဂါမြစ်ကမ်းဘေးရှိ ဟာရီဒွာမြို့က မဲရုံတစ်ရုံရဲ့အပြင်ဘက်မှာ မဲပေးကြ မယ့် လူတန်းကြီး ဟာ မဲရုံမဖွင့်ခင်ကတည်းက အရှည်ကြီးဖြစ်နေတာတွေ့ကြရပါတယ်။

    “ ကျွန်တော်ဒီနေ့မဲလာပေးတာဟာ နိုင်ငံက ဦးတည်နေတဲ့လမ်းကြောင်းအပေါ် သဘောကျလို့ဖြစ်တယ်” လို့ အသက် ၂၇နှစ်အရွယ် ဆိုက်ကားဆရာ ဂန်ဂါဆင်းကပြောပါတယ်။

    “ ကျွန်တော်က ကိုယ်ရေးကိုယ်တာအတွက်မဟုတ်ဘဲ နိုင်ငံချမ်းသာရေးအတွက်စိတ်ထားပြီး မဲပေးမှာပါ” လို့သူကပြောပါတယ်။

    အသက် ၇၃နှစ်အရွယ်မိုဒီဟာ ဝန်ကြီးချုပ်ရာထူးကို ဆယ်စုနှစ်တစ်စုကြာယူထားခဲ့ပြီးတဲ့တိုင် ဆက်လက် ပြီး လူကြိုက်များနေဆဲဖြစ်ပါတယ်။

    “ စံချိန်းချိုးတဲ့အထိ မဲတွေပေးကြဖို့ အားလုံးကိုတောင်းဆိုပါတယ်” လို့ မိုဒီက မဲပေးပွဲစတင်တဲ့အချိန်မှာ ဆိုရှယ်မီဒီယာ အိတ်စ် ကနေ ရေးသားခဲ့ပါတယ်။

    မိုဒီဟာ  ၂၀၁၄နှင့် ၂၀၁၉ ရွေးကောက်ပွဲနှစ်ခုစလုံးမှာ တောင်ပြိုကမ်းပြိုအနိုင်ရခဲ့တဲ့ အာဏာရ ဘီဂျေပီ ပါတီကိုဦးဆောင်နေခဲ့ပါတယ်။

    ရွေးကောက်ပွဲတွေကို ဧပြီ ၁၉ရက်မှ ဇွန်လ(၁)ရက်အထိ အဆင့်(၇)ဆင့်ဖြင့် အိန္ဒိယနိုင်ငံတစ်လွှားက မဲရုံပေါင်းတစ်သန်းကျော်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

    မဲတွေကို ဇွန်(၄)ရက်နေ့မှာ ရေတွက်မှာဖြစ်ပြီး ပုံမှန်အားဖြင့် အဲဒီရက်မှာပဲ ရလာဒ်ကို ကြေညာ လေ့ရှိပါတယ်။

    Source AFP

  • အစ္စရေးက အီရန်ကို လက်တုန့်ပြန် တိုက်ခိုက်

    အစ္စရေးက အီရန်ကို လက်တုန့်ပြန် တိုက်ခိုက်

    ၁၉ ဧပြီ ၂၀၂၄

    အစ္စရေးက အီရန်ကို သောကြာနေ့မှာလက်တုန့်ပြန်တိုက်ခိုက်မှုများပြုလုပ်ခဲ့တယ်လို့ အမေရိကန်မီဒီယာ   များက သတင်းဖော်ပြကြပြီးနောက် အီရန်နိုင်ငံပိုင်မီဒီယာကလည်း အီရန် အလယ်ပိုင်း အစ်စ်ဖန်ဟန် ပြည်နယ်တွင် ပေါက်ကွဲမှုများဖြစ်ခဲ့တယ်လို့ သတင်းရေးသားကြပါတယ်။

    အီရန်မြို့တော်တော်များများမှာရှိတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေတုန့်ပြန်လုပ်ဆောင်မှုတွေရှိခဲ့ တယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာတွေက သတင်းဖော်ပြကြပါတယ်။ အစ်ဖန်ဟန် မြို့အနီးတစ်ဝိုက်မှာ ပေါက်ကွဲသံတွေကြားတယ်လို့လည်း အီရန်ရဲ့ တရားဝင်ရုပ်သံက သတင်းထုတ်လွှင့်ပါတယ်။

    ပြီးခဲ့တဲ့ ရက်သတ္တပ်က အစ္စရေးကို အီရန်က ဒုံးကျည်ရာပေါင်းများစွာနှင့် ပစ်လွှတ်တိုက်ခိုက်ပြီးတဲ့နောက်  အီရန်ကိုပြန်တိုက်ခိုက်မယ်လို့ အစ္စရေးက သတိပေးထားခဲ့ပြီးဖြစ်ပါတယ်။

    အီရန်ရဲ့ ဖာစ်သတင်းအေဂျင်စီက သတင်းပေးပို့ရာမှာ အစ်ဖန်ဟန်လေဆိပ်နှင့် ရှက်ကာရီလေတပ်အခြေ စိုက် စခန်းအမှတ်(၈)တွေအနီး ကွာဂျာဗာရက်စတန်အနီး ပေါက်ကွဲမှုသုံးခုအသံကြားရတယ်လို့ပြော ပါတယ်။

    အီရန် အာကာသအေဂျင်စီပြောရေးဆိုခွင့်ရသူ ဟိုစိန်ဒါလီရီယန်ကလည်း ဒရုန်းတော်တော်များများကို အောင်မြင်စွာပစ်ချခဲ့တယ်လို့ပြောပါတယ်။

    ဒုံးကျည်ဖြင့်တိုက်ခိုက်မှု မကြားရသေးဘူးလို့လည်း သူကပြောပါတယ်။

    အကြီးအကျယ်ထိခိုက်မှုတွေနှင့် ကြီးမားတဲ့ပေါက်ကွဲမှုတွေဖြစ်ခဲ့တယ်လို့ သတင်းတွေမှာ မတွေ့ရဘူးလို့ လည်း တရားဝင် IRNA သတင်းအေဂျင်စီက ပြောပါတယ်။

    ကျယ်လောင်တဲ့ပေါက်ကွဲသံတွေဆိုတာဟာ လေကြောင်းရန်ကာကွယ်ရေးစနစ်က လေထဲက ပစ်မှတ်  တွေကို ပစ်ချတဲ့အသံတွေဖြစ်တယ်လို့ အစ်ဖန်ဟန်မှ အကြီးတန်းစစ်ဘက်အရာရှိ ဗိုလ်ချုပ် ဆီယာဗက် မီဟန်ဒိုးစ်က နိုင်ငံပိုင်ရုပ်သံကိုပြောကြားပါတယ်။

    Source AFP

  • စမတ်ဖုန်းမကိုင်ဘဲနေထိုင်နိုင်ရန်အတွက် ပြောင်းလဲချိန်ညှိတတ်ရန်လိုအပ်ဟုသုတေသီများပြော

    Published 19 April 2024

    အဆင့်မြင့်စမတ်ဖုန်းတွေ အလွယ်တကူ ရရှိနိုင်တဲ့ခေတ်ကြီးမှာ အခြေခံဖုန်းခေါ်ဆိုမှုသာ လုပ်နိုင်တဲ့ သာမန်ဆဲလ်ဖုန်းတွေကို တမင်ရွေးချယ် အသုံးပြုနေတဲ့သူတွေလည်း ရှိပါတယ်။

    အွန်လိုင်းလှုပ်ရှားမှုတွေ ပိုမိုခေတ်စားလာရာမှာ စမတ်ဖုန်းတွေက မရှိမဖြစ် ပစ္စည်းဖြစ်လာပါတယ်။

    အမျိုးမျိုးသော လုပ်ဆောင်ချက်တွေကို စမတ်ဖုန်းတွေနဲ့သာ အသုံးပြုနိုင်ပေမယ့် အချို့လူတွေကတော့ စမတ်ဖုန်းအသုံးမပြုဘဲ သာမန်ဆဲလ်ဖုန်းများကိုသာ သုံးနေကြပါတယ်။

    ဒါပေမဲ့ ဒီဂျစ်တယ်လောကကနေ အာရုံလွှဲပြောင်းချင်သူတွေကတော့ သာမန်ဆဲလ်ဖုန်းတွေကို ပြန်လည်စွဲကိုင်လာကြပါတယ်။

    ဖင်လန်နိုင်ငံနဲ့ အမေရိကန် အော်လ်တိုတက္ကသိုလ်မှ သုတေသနတစ်ခု ပြုလုပ်ကြကာ လူအနည်းငယ်ကို မေးမြန်းခဲ့ကြပါတယ်။

    စမတ်ဖုန်းနဲ့ အဆက်အသွယ်ဖြတ်တဲ့ အကျိုးဆက်တွေ၊ ကျန်းမာရေးအတွက် ရည်ရွယ်တဲ့ သာမန်ဆဲလ်ဖုန်း အသုံးပြုပုံတွေကို ရှာဖွေခဲ့ကြပါတယ်။

    အချို့သော ဆဲလ်ဖုန်းတွေဆိုရင် ဈေးကြီးပြီး ပြည်တွင်းဈေးကွက်မှာ မရှိတဲ့အတွက် အာဖရိကကနေ မှာယူတဲ့ ဥရောပသားတွေရှိတယ်လို့ ကွန်ပျူတာသိပ္ပံဌာနမှ ပရော်ဖက်ဆာ ယန်းလင်းဗစ်က ဆိုပါတယ်။

    စမတ်ဖုန်းမသုံးချင်ကြတော့တဲ့ အကြောင်းအရင်းတွေက အမျိုးမျိုး ဖြစ်နေကြပြီး အချို့မိဘတွေဆိုရင် ကလေးတွေ စမတ်ဖုန်းစွဲလမ်းမှုမဖြစ်အောင် ယင်းတို့ကိုယ်တိုင် အသုံးမပြုကြတာ ဖြစ်ပါတယ်။

    စမတ်ဖုန်းမကိုင်တဲ့ သူတွေကတော့ တီထွင်ကြံဆပြီး နေထိုင်ကြရပါတယ်။

    ကပ်ရောဂါကာလမှာဆိုရင် စမတ်ဖုန်းရဲ့ သက်ရောက်မှုက အလွန်ကြီးမားတာကို မြင်တွေ့နိုင်ပါတယ်။

    စမတ်ဖုန်းမပါဘဲ နေထိုင်နိုင်ဖို့ နည်းလမ်းမျိုးစုံ ကြံဆရတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

    အချို့ဆိုရင် စမတ်ဖုန်းလိုအပ်တဲ့အခါ ရင်းနှီးသူတစ်ယောက်ယောက်ရဲ့ ဖုန်းကို ငှားရမ်းအသုံးပြုကြရပါတယ်။

    ဒါကြောင့် လက်တွေ့ကျကျ ပြောရမယ်ဆိုရင် စမတ်ဖုန်းမရှိဘဲ နေထိုင်ဖို့ဆိုတာ ပြောင်းလဲချင့်ချိန်တတ်ဖို့ လိုအပ်ပါတယ်။

    Source: The Jerusalem Post

  • ကိုယ်အလေးချိန်ကျဖို့ရာအိပ်ရေးဝရန်အရေးကြီး

    Published 19 April 2024

    ကိုယ်အလေးချိန် ထိန်းသိမ်းဖို့ ကြိုးစားတဲ့အခါ အစားအသောက်ပုံစံနဲ့ လေ့ကျင့်ခန်းများအပြင် အခြားအရာတွေလည်း ပါဝင်ပါတယ်။

    လုံလောက်စွာ အိပ်စက်ခြင်းက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ အရေးကြီးပါတယ်။

    အိပ်ချိန်နည်းလွန်းခြင်းက ကိုယ်အလေးချိန်ချရာမှာ အနှောင့်အယှက် ဖြစ်စေနိုင်ပြီး ဝိတ်တက်စေနိုင်ပါတယ်။

    အိပ်စက်ခြင်းစက်ဝန်းနဲ့ ကိုယ်အလေးချိန်ကြား ဆက်စပ်မှုကို အာဟာရပညာရှင် အမ်မာမီအက်ဂါဝယ်က ရှင်းပြသွားပါတယ်။

    အစားမှန် လေ့ကျင့်ခန်းမှန် ပြုလုပ်တဲ့ကြားက ကိုယ်အလေးချိန် မကျဘူးဆိုရင် လုံလောက်စွာ မအိပ်စက်ရတာကြောင့် ဖြစ်နိုင်ပါတယ်။

    ကိုယ်အလေးချိန်ကို အိပ်စက်ခြင်းက သက်ရောက်နေတဲ့ နည်းလမ်း ၃ မျိုးကတော့ ..

    (၁) အိပ်ရေးပျက်တယ်ဆိုရင် အဆီမလောင်ကျွမ်းဘဲ အဆီသိုလှောင်လာကာ ကယ်လိုရီအနည်းငယ်သာ လောင်ကျွမ်းပါတယ်။

    (၂) အိပ်ရေးပျက်ပါက ဖိစီးမှုဟော်မုန်း မြင့်တက်စေပြီး အဆီလောင်ကျွမ်းမှု နှောင့်နှေးစေပါတယ်။

    (၃) ဇီဝကမ္မဖြစ်စဥ် မြန်တယ်ဆိုရင် ကယ်လိုရီပိုမိုလောင်ကျွမ်းတဲ့အတွက် အိပ်ရေးပျက်ရင်တော့ ဇီဝကမ္မဖြစ်စဥ်နှေးစေကာ ကိုယ်အလေးချိန်ကျဖို့ ခက်စေပါတယ်။

    Source: NDTV

  • အစ္စရေးလ်အပေါ်တုန့်ပြန်တိုက်ခိုက်ခြင်းသည်ကုလသမဂ္ဂစည်းမျဥ်းဥပဒေများနှင့်ကင်းလွတ်ကြောင်း အီရန်ပြော

    ၁၈ ဧပြီ ၂၀၂၄

    အစ္စရေးလ်ကို အီရန်တိုက်ခိုက်တာဟာ အကျိုးအကြောင်း ဆီလျော်ပြီး တရားဝင်ဖြစ်ကာ ဒေသတွင်းတင်းမာမှု မြင့်တက်စေလိုခြင်း မရှိဘူးလို့ အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နက်ဆာကန်နာနီက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

    အီရန် မီဒီယာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားရာမှာ ကန်နာနီက အီရန်လုပ်ရပ်ဟာ တရားဝင် ကိုယ်ပိုင်ကာကွယ်ခွင့်ရှိတယ်ဆိုတဲ့ ကုလသမဂ္ဂ ပဋိဉာဥ်စည်းမျဥ်း အပိုဒ် ၅၁ နဲ့ ကိုက်ညီပြီး ဆီးရီးယားရှိ အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးလ်တို့ တိုက်ခိုက်ခဲ့တဲ့အပေါ် တုန့်ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။

    ‘’အီရန်က ဒေသတွင်းတင်းမာမှု မြင့်တက်လိုခြင်းမရှိပါဘူး။ ကုလသမဂ္ဂ ပဋိဉာဥ်စည်းမျဥ်းများ၊ နိုင်ငံတကာဥပဒေများနဲ့အညီ ပြုလုပ်ခဲ့တာ ဖြစ်တယ်ဆိုတာကို အလေးပေးပြောလိုပါတယ်’’ လို့ ပြောကြားသွားပါတယ်။

    ဧပြီ ၁ ရက်နေ့ ဆီးရီးယားရှိ အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးလ်တိုက်ခိုက်ခဲ့တဲ့အပေါ် တုန့်ပြန်တဲ့အနေနဲ့ အီရန်တို့က အစ္စရေးလ်ဘက်ကို ဒရုန်း ၁၇၀၊ ပဲ့ထိန်းဒုံးကျည် ၃၀ ကျော်၊ တိုက်ချင်းပစ်ဒုံးကျည် ၁၂၀ ကျော်တို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

    မတိုက်ခိုက်ခင်တစ်ရက်မှာ အီရန် အစ္စလာမ်တော်လှန်ရေး အစောင့်တပ်(IRGC)က ပါရှန်ပင်လယ်ကွေ့မှာ အစ္စရေးလ်ဆက်စပ်တဲ့ ကုန်တင်သင်္ဘောတစ်စီးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကာ အခုဆိုရင် အီရန်ရှိ ဘန်ဒါအက်ဘာဆိပ်ကမ်းအနီးမှာ ကမ်းကပ်ထားပုံကို မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

    ထိုသင်္ဘောဟာ အစ္စရေးလ်အစိုးရပိုင်ဖြစ်ပြီး နိုင်ငံတကာ ပို့ဆောင်ရေးစည်းမျဥ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် ထိန်းသိမ်းခဲ့တာ ဖြစ်တယ်လို့ ကန်နာနီက ဆိုပါတယ်။

    ဆီးရီးယားမှာ အစ္စရေးလ်တိုက်ခိုက်ဖို့ကို အမေရိကန်က ခွင့်ပြုတဲ့အတွက် အမေရိကန်မှာလည်း တာဝန်ရှိတယ်လို့ ဆိုသွားပါတယ်။

     

  • အစ္စရေးလ်တိုက်ခိုက်မှုကြောင့် ဂါဇာမှဖန်ပြွန်သန္ဓေသားလောင်းများပျက်စီးခဲ့ရ

    Published 18 April 2024

    ဒီဇင်ဘာလတုန်းက အစ္စရေးလ်ဘက်က ပစ်လိုက်တဲ့ အမြောက်ဆံတစ်ခုဟာ ဂါဇာရှိ အကြီးဆုံး မျိုးပွားဆေးခန်းကို ထိမှန်ခဲ့ရာ ပေါက်ကွဲမှုကြောင့် သန္ဓေဌာနထောင့်တစ်နေရာမှာ သိမ်းထားတဲ့  အရည်နိုက်ထရိုဂျင်အိုး ၅ လုံး အဖုံးပွင့်သွားခဲ့ပါတယ်။

    အလွန်အေးတဲ့ အရည်တွေ အငွေ့ပျံသွားပြီး နိုက်ထရိုဂျင်အိုးတွေထဲက အပူချိန်မြင့်တက်လာကာ ဂါဇာမြို့ အယ်လ်ဘက်စ်မာ ဖန်ပြွန်သန္ဓေဌာနမှာ သိမ်းထားတဲ့ သန္ဓေသားလောင်း ၄၀၀၀ ကျော်၊ သုတ်ပိုးနဲ့ သန္ဓေမဖြစ်သေးတဲ့ မမျိုးဥ ၁၀၀၀ ကျော် ပျက်စီးသွားခဲ့ပါတယ်။

    ထိုပေါက်ကွဲမှုရဲ့ သက်ရောက်မှုက မခန့်မှန်းနိုင်လောက်တဲ့အထိ ထိခိုက်နေနိုင်ပါတယ်။

    နိုက်ထရိုဂျင်အိုးတွေထဲက သန္ဓေသားလောင်းတွေဟာ မျိုးမပွားနိုင်ဖြစ်နေတဲ့ ပါလက်စ်တိုင်းစုံတွဲတွေအတွက်တော့ နောက်ဆုံးမျှော်လင့်ချက် ဖြစ်ခဲ့ပါတယ်။

    အသက်ပေါင်း ၅၀၀၀ မကတဲ့ သန္ဓေသားတွေဟာ မိဘတွေအတွက်တော့ ဘယ်လောက်အထိ အဓိပ္ပာယ်ရှိလဲဆိုတာ အသေအချာသိထားတယ်လို့ ဆေးခန်းတည်ထောင်ခဲ့တဲ့ သားဖွားမီးယပ်ဆရာဝန် ဘာဟေးလ်ဒင်းဂယ်လာယီနီက ပြောပြခဲ့ပါတယ်။

    သုတ်ပိုးတွေ မျိုးဥတွေ မထုတ်လုပ်နိုင်တော့တဲ့ စုံတွဲတွေ၊ သန္ဓေသားလောင်း မရှင်သန်နိုင်တော့တဲ့ စုံတွဲတွေကတော့ နောက်ထပ်ကိုယ်ဝန် ရနိုင်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

    ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အစ္စရေးလ်က အရပ်ဘက် အဆောက်အအုံတွေကို တမင်ရည်ရွယ်တာမျိုး မရှိဘူးလို့ ငြင်းဆိုထားကာ ကျန်းမာရေးဌာနတွေမှာ စစ်ရေးစစ်ရာတွေ လုပ်ဆောင်နေတဲ့ ဟားမတ်စ်တို့ကို စွပ်စွဲလိုက်ပါတယ်။

    ဂါဇာဒေသဟာ ဆင်းရဲနွမ်းပါးပေမယ့် ကလေးမရနိုင်တဲ့ စုံတွဲတွေဟာ ပိုင်ဆိုင်မှုတွေကို ရောင်းချပြီး ဖန်ပြွန်သန္ဓေသားနည်းလမ်းကို အသုံးပြုကြပါတယ်။

    အမြောက်ဆံတစ်ခုတည်းနဲ့ အသက်ပေါင်း ၅၀၀၀ ဆုံးရှုံးသွားရတယ်လို့ ဂယ်လာယီနီက ဆိုသွားပါတယ်။

    ရိုက်တာသတင်းဌာနမှ သတင်းထောက်များ ဧပြီလမှာ ထိုနေရာသို့ ရောက်ရှိခဲ့ပြီး ဓာတ်ခွဲခန်းထဲ ပျက်စီးနေဆဲဖြစ်တာတွေကို မြင်တွေ့ခဲ့ကြပါတယ်။

    Source: Reuters

Politics

မြစ်ကြီးနားအကျဉ်းထောင်ဆူပူအကြမ်းဖက်မှုကြောင့် အကျဉ်းသား (၄) ဦးသေဆုံး ၊ (၈) ဦးဒဏ်ရာရ

၁၉ ဧပြီ ၂၀၂၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အကျဉ်းထောင်အတွင်း ဧပြီ၁၈ ရက်က ဆူပူအကြမ်းဖက်မှုဖြစ်ပွားပြီး အကျဉ်းသား (၄)ဦးသေဆုံးကာ အကျဉ်းသား (၈)ဦးဒဏ်ရာရရှိခဲ့တယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန် ချက်အရ သိရ ပါတယ်။

မြစ်ကြီးနားမြို့ အကျဉ်းထောင်အတွင်းရှိ အမျိုးသား အပြစ်ကျဆောင်(၆)နှင့် (၇)တို့၌ ဧပြီ ၁၈ ရက် ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းနှင့်ပတ်သက်၍ တရားမျှတမှုမရှိဟုဆိုကာ အကျဉ်းသား များ ဆူပူ  သောင်းကျန်းနေတဲ့အတွက် အကျဉ်းဦးစီးဌာနဝန်ထမ်းများက မိမိအခန်းများသို့ အသာတကြည် ပြန်လည်ဝင် ရောက်ရန် ဖျောင်းဖျပြောဆိုခဲ့သော်လည်း လိုက်နာမှု မရှိဘဲ ဆက်လက်အော်ဟစ်ဆဲဆိုဆူပူမှုများ ပြုလုပ်ခဲ့ကြ  တယ်လို့ အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ယင်းနောက် အကျဉ်းသားများသည် ၎င်းတို့၏ အိပ်ဆောင်များရှိ ဝန်းတံခါးများကို ဖျက်ဆီးခြင်း၊ CCTV များအား ဖျက်ဆီးခြင်း၊ အကျဉ်းထောင်အတွင်းရှိ စည်းကမ်းထိန်းရုံးသို့သွားရောက် ရန်မူရန်ကြိုးစားလာကြ ပြီး ဖျက်ဆီးမှု တွေကို အရှိန်မြှင့် ဆောင်ရွက်လာကြတဲ့အတွက် အခြေအနေကို ထိန်းသိမ်းရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ခရိုင်  ရဲတပ်ဖွဲ့မှူးဦးစီး၍ လုံခြုံရေးတပ်ဖွဲ့ဝင်များကဆောင်ရွက်ခဲ့ရတယ်လို့သိရပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် အဆိုပါ အကျဉ်းထောင်ပတ်လည်၌ လုံခြုံရေးဆောင်ရွက်   ထားရှိပြီး ဆူပူသောင်းကျန်းနေသူများအား အကျဉ်းဦးစီးဌာန ဝန်ထမ်းများက လူစုခွဲရန် ထပ်မံပြောကြားဖျောင်းဖျ   ခဲ့သော်လည်း လိုက်နာမှုမရှိဘဲ အိပ်ဆောင်ကွပ်ပျစ်များအား ရိုက်ချိုးထားသည့် သစ်သားချောင်းများ၊ အုတ်နီခဲများ၊ အင်္ဂတေခဲကျိုးများဖြင့် အကျဉ်းဦးစီးဌာန ဝန်ထမ်းများအား ရန်မူတိုက်ခိုက်လာကြတယ်လို့ သတင်းထုတ်ပြန်ထား ပါတယ်။

အဲဒါကြောင့်ဆက်လက်ဖျောင်းဖျရန် အခြေအနေမရှိတော့ဘဲ အကျဉ်းဦးစီးဌာနဝန်ထမ်းများက အဓိကရုဏ်း နှိမ်နင်းရေးလက်နက်များဖြင့် ခြောက်လှန့်ပစ်ခတ်ပြီး တုတ်ဒိုင်းများ အသုံးပြုနှိမ်နင်း ထိန်းသိမ်းခဲ့မှုကြောင့် ညနေ ၅ နာရီခန့်တွင် အခြေအနေ အား ထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်။

ဖြစ်စဉ်ကြောင့် အကျဉ်းသား ၄ ဦးသေဆုံးကာ အကျဉ်းသား ၈ ဦးမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ထိခိုက်   ဒဏ်ရာရရှိသည့် အကျဉ်းသားများအား မြစ်ကြီးနားမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိပါ တယ်။

ဖြစ်စဉ်ကို လုပ်ထုံး လုပ်နည်းနှင့်အညီ ဆက်လက်စိစစ်မှုများ ဆောင်ရွက်သွားမှာဖြစ်တဉ်လို့ သတင်းရရှိပါတယ်။

@ymg/knl

ခြောက်ပတ်ကြာကျင်းပမည့် ကမ္ဘာတွင်အကြီးမားဆုံးသော အိန္ဒိယရွေးကောက်ပွဲများ စတင်

၁၉ ဧပြီ ၂၀၂၄

ဟိန္ဒူအမျိုးသားရေးဝါဒီ ဝန်ကြီးချုပ်နာရင်ဒရာမိုဒီအတွက် အောင်ပွဲအသေအချာဖြစ်စေမည့် ခြောက်ပတ် ကြာ အိန္ဒိယရွေးကောက်ပွဲကို ဧပြီ ၁၉ ရက် သောကြာနေ့မှာ စတင်လိုက်ပါတယ်။

ကမ္ဘာ့အကြီးမားဆုံးရွေးကောက်ပွဲဖြစ်သည့် အိန္ဒိယရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပေါင်း ၉၆၈သန်းက ဆန္ဒမဲ ပေးကြမည်ဖြစ်ပါတယ်။

ဟိန္ဒူတို့ရဲ့ အထွတ်အမြတ်ထးရာ ဂင်္ဂါမြစ်ကမ်းဘေးရှိ ဟာရီဒွာမြို့က မဲရုံတစ်ရုံရဲ့အပြင်ဘက်မှာ မဲပေးကြ မယ့် လူတန်းကြီး ဟာ မဲရုံမဖွင့်ခင်ကတည်းက အရှည်ကြီးဖြစ်နေတာတွေ့ကြရပါတယ်။

“ ကျွန်တော်ဒီနေ့မဲလာပေးတာဟာ နိုင်ငံက ဦးတည်နေတဲ့လမ်းကြောင်းအပေါ် သဘောကျလို့ဖြစ်တယ်” လို့ အသက် ၂၇နှစ်အရွယ် ဆိုက်ကားဆရာ ဂန်ဂါဆင်းကပြောပါတယ်။

“ ကျွန်တော်က ကိုယ်ရေးကိုယ်တာအတွက်မဟုတ်ဘဲ နိုင်ငံချမ်းသာရေးအတွက်စိတ်ထားပြီး မဲပေးမှာပါ” လို့သူကပြောပါတယ်။

အသက် ၇၃နှစ်အရွယ်မိုဒီဟာ ဝန်ကြီးချုပ်ရာထူးကို ဆယ်စုနှစ်တစ်စုကြာယူထားခဲ့ပြီးတဲ့တိုင် ဆက်လက် ပြီး လူကြိုက်များနေဆဲဖြစ်ပါတယ်။

“ စံချိန်းချိုးတဲ့အထိ မဲတွေပေးကြဖို့ အားလုံးကိုတောင်းဆိုပါတယ်” လို့ မိုဒီက မဲပေးပွဲစတင်တဲ့အချိန်မှာ ဆိုရှယ်မီဒီယာ အိတ်စ် ကနေ ရေးသားခဲ့ပါတယ်။

မိုဒီဟာ  ၂၀၁၄နှင့် ၂၀၁၉ ရွေးကောက်ပွဲနှစ်ခုစလုံးမှာ တောင်ပြိုကမ်းပြိုအနိုင်ရခဲ့တဲ့ အာဏာရ ဘီဂျေပီ ပါတီကိုဦးဆောင်နေခဲ့ပါတယ်။

ရွေးကောက်ပွဲတွေကို ဧပြီ ၁၉ရက်မှ ဇွန်လ(၁)ရက်အထိ အဆင့်(၇)ဆင့်ဖြင့် အိန္ဒိယနိုင်ငံတစ်လွှားက မဲရုံပေါင်းတစ်သန်းကျော်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

မဲတွေကို ဇွန်(၄)ရက်နေ့မှာ ရေတွက်မှာဖြစ်ပြီး ပုံမှန်အားဖြင့် အဲဒီရက်မှာပဲ ရလာဒ်ကို ကြေညာ လေ့ရှိပါတယ်။

Source AFP

အစ္စရေးက အီရန်ကို လက်တုန့်ပြန် တိုက်ခိုက်

အစ္စရေးက အီရန်ကို လက်တုန့်ပြန် တိုက်ခိုက်

၁၉ ဧပြီ ၂၀၂၄

အစ္စရေးက အီရန်ကို သောကြာနေ့မှာလက်တုန့်ပြန်တိုက်ခိုက်မှုများပြုလုပ်ခဲ့တယ်လို့ အမေရိကန်မီဒီယာ   များက သတင်းဖော်ပြကြပြီးနောက် အီရန်နိုင်ငံပိုင်မီဒီယာကလည်း အီရန် အလယ်ပိုင်း အစ်စ်ဖန်ဟန် ပြည်နယ်တွင် ပေါက်ကွဲမှုများဖြစ်ခဲ့တယ်လို့ သတင်းရေးသားကြပါတယ်။

အီရန်မြို့တော်တော်များများမှာရှိတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေတုန့်ပြန်လုပ်ဆောင်မှုတွေရှိခဲ့ တယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာတွေက သတင်းဖော်ပြကြပါတယ်။ အစ်ဖန်ဟန် မြို့အနီးတစ်ဝိုက်မှာ ပေါက်ကွဲသံတွေကြားတယ်လို့လည်း အီရန်ရဲ့ တရားဝင်ရုပ်သံက သတင်းထုတ်လွှင့်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပ်က အစ္စရေးကို အီရန်က ဒုံးကျည်ရာပေါင်းများစွာနှင့် ပစ်လွှတ်တိုက်ခိုက်ပြီးတဲ့နောက်  အီရန်ကိုပြန်တိုက်ခိုက်မယ်လို့ အစ္စရေးက သတိပေးထားခဲ့ပြီးဖြစ်ပါတယ်။

အီရန်ရဲ့ ဖာစ်သတင်းအေဂျင်စီက သတင်းပေးပို့ရာမှာ အစ်ဖန်ဟန်လေဆိပ်နှင့် ရှက်ကာရီလေတပ်အခြေ စိုက် စခန်းအမှတ်(၈)တွေအနီး ကွာဂျာဗာရက်စတန်အနီး ပေါက်ကွဲမှုသုံးခုအသံကြားရတယ်လို့ပြော ပါတယ်။

အီရန် အာကာသအေဂျင်စီပြောရေးဆိုခွင့်ရသူ ဟိုစိန်ဒါလီရီယန်ကလည်း ဒရုန်းတော်တော်များများကို အောင်မြင်စွာပစ်ချခဲ့တယ်လို့ပြောပါတယ်။

ဒုံးကျည်ဖြင့်တိုက်ခိုက်မှု မကြားရသေးဘူးလို့လည်း သူကပြောပါတယ်။

အကြီးအကျယ်ထိခိုက်မှုတွေနှင့် ကြီးမားတဲ့ပေါက်ကွဲမှုတွေဖြစ်ခဲ့တယ်လို့ သတင်းတွေမှာ မတွေ့ရဘူးလို့ လည်း တရားဝင် IRNA သတင်းအေဂျင်စီက ပြောပါတယ်။

ကျယ်လောင်တဲ့ပေါက်ကွဲသံတွေဆိုတာဟာ လေကြောင်းရန်ကာကွယ်ရေးစနစ်က လေထဲက ပစ်မှတ်  တွေကို ပစ်ချတဲ့အသံတွေဖြစ်တယ်လို့ အစ်ဖန်ဟန်မှ အကြီးတန်းစစ်ဘက်အရာရှိ ဗိုလ်ချုပ် ဆီယာဗက် မီဟန်ဒိုးစ်က နိုင်ငံပိုင်ရုပ်သံကိုပြောကြားပါတယ်။

Source AFP

Business

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများကွန်ဒိုပိုင်ဆိုင်ခွင့်ခွဲတမ်းတိုးမြှင့်ပေးရန် ဆောက်လုပ်ရေးကုမ္ပဏီများ တောင်းဆို

#Asia_News

Published 17 April 2024

ယမန်နှစ်က နိုင်ငံခြားသားများ ကွန်ဒိုဝယ်လိုအား မြင့်တက်လာရာကနေ ယခုနှစ်မှာလည်း ဆက်လက် မြင့်တက်လာမယ်လို့ ခန့်မှန်းရတာကြောင့် ထိုင်းနိုင်ငံအတွင်း အချို့နေရာတွေမှာ နိုင်ငံခြားသားများ ကွန်ဒိုပိုင်ဆိုင်ခွင့် ခွဲတမ်းတွေ မြင့်တက်လာသင့်ပါတယ်။

SETစာရင်းဝင် ဆောက်လုပ်ရေးကုမ္ပဏီ Raimon Land ရဲ့ အမှုဆောင်ချုပ် ဘရန်တန်မော်ရီယယ်လိုက နိုင်ငံခြားသားများ ကွန်ဒိုပိုင်ဆိုင်ခွင့်ခွဲတမ်းဟာ ၄၉ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းအထိ တက် လာသင့်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဒီလိုလုပ်လိုက်ရင် ထိရောက်မှုကြီးမားမှာဖြစ်ပြီး နိုင်ငံအပေါ်မှာ ဆိုးကျိုးသက်ရောက်မှာ မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။

ဖူးခက်နဲ့ ပတ္တရားတို့လို နိုင်ငံခြားသားများကြား နာမည်ကြီးတဲ့ နေရာတွေက နိုင်ငံခြားသားများ ကွန်ဒိုပိုင်ဆိုင်ခွင့်ခွဲတမ်းတွေဆိုရင် စီမံကိန်းအများအပြားမှာ ပြည့်နေပြီဖြစ်တယ်လို့ အိမ်ခြံမြေ သတင်းအချက်အလက်ဌာနမှ ယာယီညွှန်ကြားရေးမှူးချုပ် ဝီချိုင်ဝီရတ်ကပန်က ဆိုပါတယ်။

အချို့နေရာတွေဆိုရင် ပြည်တွင်းမှ ဝယ်ယူသူတွေ စိတ်မဝင်စားကြောင်း၊ ထိုနေရာတွေဆိုရင် နိုင်ငံခြားမှ ဝယ်လိုအားကို မှီခိုရတဲ့အတွက် စီးပွားရေး လှုပ်ရှားလာအောင် အစိုးရအနေနဲ့ နိုင်ငံခြားသားများ ပိုင်ဆိုင်ခွင့်ခွဲတမ်းကို မြှင့်တင်ပေးသင့်ကြောင်း မစ္စတာဝီချိုင်က ပြောပြပါတယ်။

ဖူးခက်ရှိ Laguna Lakelands လိုမျိုး စီမံကိန်းဆိုရင် ကွန်ဒိုစီမံကိန်းတစ်ခုစီမှာ အငှားပိုင်ဆိုင်မှု စာချုပ်များအတွက် ကြိုပွိုင့်ထားရှိခြင်းက ဘိုးဘေးပိုင်အိမ်များထက် ဈေးနှုန်း ၁၀-၁၅ ရာခိုင်နှုန်းလောက်အထိ သက်သာပါတယ်။

၂၀၂၃ အတွင်း နိုင်ငံခြားသားများ ကွန်ဒိုလွှဲပြောင်းပိုင်ဆိုင်မှုက အခန်းပေါင်း ၁၄၄၄၇ ရှိလာပြီး တန်ဖိုးအားဖြင့် ဘတ် ၇၃.၁ သန်းရှိခဲ့ကာ ကပ်ရောဂါ မတိုင်ခင်ကထက် ပိုများလာပါတယ်။

ထိုထဲမှာ တရုတ်တွေက အများဆုံးဖြစ်ပြီး အခန်းအားလုံးရဲ့ ၄၅.၈ ရာခိုင်နှုန်းရှိကာ သူ့နောက်မှာတော့ ရုရှား၊ အမေရိကန်၊ မြန်မာနိုင်ငံသားများ ရှိနေပါတယ်။

လူကြိုက်အများဆုံး ဈေးနှုန်းက ဘတ် ၃ သန်းနဲ့အောက်ဖြစ်ပြီး အကျယ်အဝန်းကတော့ ၃၁-၆၀ စတုရန်းမီတာ တဝိုက်ရှိပါတယ်။

နိုင်ငံခြားသားအများဆုံး ပိုင်ဆိုင်ထားတဲ့ နေရာကတော့ ချောင်ဘူရီဖြစ်ပြီး သူ့နောက်မှာ ဘန်ကောက်ရှိနေပါတယ်။

Source: Bangkok Post

တူရကီတွင်ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်လာခြင်းကြောင့် ပြည်သူများရွှေဝယ်လိုအားမြင့်တက်

Published 13 April 2024

တူရကီနိုင်ငံမှာ ငွေကြေးဖောင်းပွမှု စဉ်ဆက်မပြတ် ဖြစ်နေပြီး တိုင်းသူပြည်သားတွေက သူတိုရဲ့ ပိုင်ဆိုင်မှုများကို ထိန်းသိမ်းချင်တဲ့အတွက် ရွှေဝယ်လိုအား မြင့်တက်နေပါတယ်။

Source CCTV+

 

ဥပဒေမဲ့ဘဏ်ချေးငွေများဖြင့် ဒေါ်လာ ဘီလျံချီ ငွေကြေးလိမ်လည်မှုကြောင့် ဗီယက်နမ် အိမ်ခြံမြေလုပ်ငန်းရှင် သူဋ္ဌေးမကြီးကို တရားရုံးက သေဒဏ်အပြစ်ပေး

၁၁ ဧပြီ ၂၀၂၄

ဗီယက်နမ် အိမ်ခြံမြေလုပ်ငန်းရှင်သူဋ္ဌေးမကြီးတစ်ဦးကို ဗီယက်နမ်တရားရုံးတစ်ခုက ငွေကြေးလိမ်လည်မှုဖြင့် သေဒဏ်  အပြစ်  ပေးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက သတင်းထုတ်ပြန်ပါတယ်။

အိမ်ခြံမြေ လုပ်ငန်းရှင် ထရွန်မိုင်လန်ဟာ ဗီယက်နန် ဒွန်ငွေ ၃၀၄ထရီလီယံ( အမေရိကန် ဒေါ်လာ ၁၂.၄၆ ဘီလျံ)တန်ဖိုးရှိတဲ့ ဗီယက်နမ်ရဲ့ အကြီးမားဆုံးသော ငွေကြေးလိမ်လည်မှုကို ကျူးလွန်ခဲ့တဲ့အတွက် သူမကို သေဒဏ်အပြစ်ပေးခဲ့တာဖြစ်ပါတယ်။

လန်ဟာ ဗီယက်နမ်ရဲ့  အိမ်ခြံမြေလုပ်ငန်းကြီးဖြစ်တဲ့ ဗန်သင်ပက်ဟိုးလ်ဒင်း အုပ်စုကြီးရဲ့ ဥက္ကဋ္ဌဖြစ်ပါတယ်။ သူမဟာ ငွေကြေး  အလွဲသုံးစားပြုမှု၊လာဘ်ပေးလာဘ်ယူမှုနှင့် ဘဏ်စည်းမျဉ်းစည်းကမ်းတွေကိုချိုးဖောက်မှုတို့ဖြင့် အပြစ်ရှိကြောင်း ဟိုချီမင်းမြို့ မှာရှိတဲ့ တရားရုံးက တရားစီရင်ခဲ့တာပါ။

မတ်လ ၅ရက်နေ့က စတင်ခဲ့တဲ့ တရားရုံးစစ်ဆေးမှုဟာ သတ်မှတ်ထားတဲ့ အချိန်ကာလထက် စောပြီး စစ်ဆေးပြီးစီးခဲ့ပါတယ်။ သူမရဲ့အမှုနှင့်ဆက်စပ်ပြီး အစိုးရထိပ်ပိုင်းအရာရှိကြီးတွေနှင့် နာမည်ကြီး စီးပွားရေးလုပ်ငန်းအကြီးအကဲတွေလည်း တရားစွဲခံရ တာတွေ၊ ရာထူးပြုတ်သွားတာတွေဖြစ်ခဲ့ရပါတယ်။

လန်နှင့်သူမရဲ့ကြံရာပါတွေဟာ ဆိုင်းဂုံပူးတွဲစတော့ခ်ကော်မာရှယ်ဘဏ်( အက်စ်စီဘီ)ကနေ ၃၀၄ ထရီလီယံဒွန်ငွေတွေကို ထုတ် နုတ်ယူခဲ့ကြပါတယ်။အဲဒီဘဏ်ကို သူမဟာ သူမရဲ့ ကြားခံကိုယ်စားလှယ်လူတစ်ဒါဇင်ကျော်ကနေတစ်ဆင့် ထိန်းချုပ် ခဲ့တာဖြစ်ပါတယ်လို့ အမှုစစ်ဆေးသူတွေထံမှသိရပါတယ်။

၂၀၁၈ခုနှစ်စောစောပိုင်းကနေ့ ၂၀၂၂ အောက်တိုဘာအထိ လန်ဟာ ကုမ္ပဏီတွေကို အကာအကွယ်ပေးဖို့အတွက် ဥပဒေမဲ့ ချေးငွေများစွာကို စီစဉ်ပြီး အဲဒီဘဏ်ကနေ ငွေကြေး အကြီးအကျယ်ထုတ်ယူခဲ့ပါတယ်။ အဲဒါကြောင့် ဘဏ်မှာ အာမခံငွေတွေ ကုန်ဆုံးသွားတဲ့အတွက် နိုင်ငံတော်က ဝင်ပြီး အာမခံပေးဆောင်ခဲ့ရပါတယ်။

လန်က တရားရုံးဆုံးဖြတ်ချက်အပေါ် အယူခံတင်သွင်းမယ်လို့ မိသားစုဝင်တွေက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Source Reuters

Health

စမတ်ဖုန်းမကိုင်ဘဲနေထိုင်နိုင်ရန်အတွက် ပြောင်းလဲချိန်ညှိတတ်ရန်လိုအပ်ဟုသုတေသီများပြော

Published 19 April 2024

အဆင့်မြင့်စမတ်ဖုန်းတွေ အလွယ်တကူ ရရှိနိုင်တဲ့ခေတ်ကြီးမှာ အခြေခံဖုန်းခေါ်ဆိုမှုသာ လုပ်နိုင်တဲ့ သာမန်ဆဲလ်ဖုန်းတွေကို တမင်ရွေးချယ် အသုံးပြုနေတဲ့သူတွေလည်း ရှိပါတယ်။

အွန်လိုင်းလှုပ်ရှားမှုတွေ ပိုမိုခေတ်စားလာရာမှာ စမတ်ဖုန်းတွေက မရှိမဖြစ် ပစ္စည်းဖြစ်လာပါတယ်။

အမျိုးမျိုးသော လုပ်ဆောင်ချက်တွေကို စမတ်ဖုန်းတွေနဲ့သာ အသုံးပြုနိုင်ပေမယ့် အချို့လူတွေကတော့ စမတ်ဖုန်းအသုံးမပြုဘဲ သာမန်ဆဲလ်ဖုန်းများကိုသာ သုံးနေကြပါတယ်။

ဒါပေမဲ့ ဒီဂျစ်တယ်လောကကနေ အာရုံလွှဲပြောင်းချင်သူတွေကတော့ သာမန်ဆဲလ်ဖုန်းတွေကို ပြန်လည်စွဲကိုင်လာကြပါတယ်။

ဖင်လန်နိုင်ငံနဲ့ အမေရိကန် အော်လ်တိုတက္ကသိုလ်မှ သုတေသနတစ်ခု ပြုလုပ်ကြကာ လူအနည်းငယ်ကို မေးမြန်းခဲ့ကြပါတယ်။

စမတ်ဖုန်းနဲ့ အဆက်အသွယ်ဖြတ်တဲ့ အကျိုးဆက်တွေ၊ ကျန်းမာရေးအတွက် ရည်ရွယ်တဲ့ သာမန်ဆဲလ်ဖုန်း အသုံးပြုပုံတွေကို ရှာဖွေခဲ့ကြပါတယ်။

အချို့သော ဆဲလ်ဖုန်းတွေဆိုရင် ဈေးကြီးပြီး ပြည်တွင်းဈေးကွက်မှာ မရှိတဲ့အတွက် အာဖရိကကနေ မှာယူတဲ့ ဥရောပသားတွေရှိတယ်လို့ ကွန်ပျူတာသိပ္ပံဌာနမှ ပရော်ဖက်ဆာ ယန်းလင်းဗစ်က ဆိုပါတယ်။

စမတ်ဖုန်းမသုံးချင်ကြတော့တဲ့ အကြောင်းအရင်းတွေက အမျိုးမျိုး ဖြစ်နေကြပြီး အချို့မိဘတွေဆိုရင် ကလေးတွေ စမတ်ဖုန်းစွဲလမ်းမှုမဖြစ်အောင် ယင်းတို့ကိုယ်တိုင် အသုံးမပြုကြတာ ဖြစ်ပါတယ်။

စမတ်ဖုန်းမကိုင်တဲ့ သူတွေကတော့ တီထွင်ကြံဆပြီး နေထိုင်ကြရပါတယ်။

ကပ်ရောဂါကာလမှာဆိုရင် စမတ်ဖုန်းရဲ့ သက်ရောက်မှုက အလွန်ကြီးမားတာကို မြင်တွေ့နိုင်ပါတယ်။

စမတ်ဖုန်းမပါဘဲ နေထိုင်နိုင်ဖို့ နည်းလမ်းမျိုးစုံ ကြံဆရတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

အချို့ဆိုရင် စမတ်ဖုန်းလိုအပ်တဲ့အခါ ရင်းနှီးသူတစ်ယောက်ယောက်ရဲ့ ဖုန်းကို ငှားရမ်းအသုံးပြုကြရပါတယ်။

ဒါကြောင့် လက်တွေ့ကျကျ ပြောရမယ်ဆိုရင် စမတ်ဖုန်းမရှိဘဲ နေထိုင်ဖို့ဆိုတာ ပြောင်းလဲချင့်ချိန်တတ်ဖို့ လိုအပ်ပါတယ်။

Source: The Jerusalem Post

ကိုယ်အလေးချိန်ကျဖို့ရာအိပ်ရေးဝရန်အရေးကြီး

Published 19 April 2024

ကိုယ်အလေးချိန် ထိန်းသိမ်းဖို့ ကြိုးစားတဲ့အခါ အစားအသောက်ပုံစံနဲ့ လေ့ကျင့်ခန်းများအပြင် အခြားအရာတွေလည်း ပါဝင်ပါတယ်။

လုံလောက်စွာ အိပ်စက်ခြင်းက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ အရေးကြီးပါတယ်။

အိပ်ချိန်နည်းလွန်းခြင်းက ကိုယ်အလေးချိန်ချရာမှာ အနှောင့်အယှက် ဖြစ်စေနိုင်ပြီး ဝိတ်တက်စေနိုင်ပါတယ်။

အိပ်စက်ခြင်းစက်ဝန်းနဲ့ ကိုယ်အလေးချိန်ကြား ဆက်စပ်မှုကို အာဟာရပညာရှင် အမ်မာမီအက်ဂါဝယ်က ရှင်းပြသွားပါတယ်။

အစားမှန် လေ့ကျင့်ခန်းမှန် ပြုလုပ်တဲ့ကြားက ကိုယ်အလေးချိန် မကျဘူးဆိုရင် လုံလောက်စွာ မအိပ်စက်ရတာကြောင့် ဖြစ်နိုင်ပါတယ်။

ကိုယ်အလေးချိန်ကို အိပ်စက်ခြင်းက သက်ရောက်နေတဲ့ နည်းလမ်း ၃ မျိုးကတော့ ..

(၁) အိပ်ရေးပျက်တယ်ဆိုရင် အဆီမလောင်ကျွမ်းဘဲ အဆီသိုလှောင်လာကာ ကယ်လိုရီအနည်းငယ်သာ လောင်ကျွမ်းပါတယ်။

(၂) အိပ်ရေးပျက်ပါက ဖိစီးမှုဟော်မုန်း မြင့်တက်စေပြီး အဆီလောင်ကျွမ်းမှု နှောင့်နှေးစေပါတယ်။

(၃) ဇီဝကမ္မဖြစ်စဥ် မြန်တယ်ဆိုရင် ကယ်လိုရီပိုမိုလောင်ကျွမ်းတဲ့အတွက် အိပ်ရေးပျက်ရင်တော့ ဇီဝကမ္မဖြစ်စဥ်နှေးစေကာ ကိုယ်အလေးချိန်ကျဖို့ ခက်စေပါတယ်။

Source: NDTV

အတိတ်ကဖြစ်ရပ်ဆိုးတွေကိုကျော်ဖြတ်နိုင်စေမည့်နည်းလမ်း(၂)မျိုးအား သိပ္ပံပညာရှင်များတွေ့ရှိ

Published 18 April 2024

လူတွေအားလုံးဟာ ဘဝမှာ အတက်အကျမျိုးစုံ ကြုံတွေ့နေရပြီး အချို့သော အတွေ့အကြုံဆိုးတွေ၊ နာမကျန်းဖြစ်ခြင်းတွေ၊ ထိခိုက်နာကျင်ရတာတွေ၊ ခွဲခွာခြင်းမျိုးတွေဆိုရင် အမှတ်ရနေမိပြီး အတော်ကြာတဲ့အထိ အတွေးထဲဝင်နေတတ်ပါတယ်။

ဒါပေမဲ့ ဒီလိုမျိုး အဖြစ်ဆိုးတွေကနေ အကောင်းမြင်တတ်စေမယ့် နည်းလမ်း ၂ မျိုးကို သုတေသနပြုခဲ့ကြပါတယ်။

ပထမနည်းလမ်းကတော့ ပြန်လည်သုံးသပ်ခြင်း ဖြစ်ပါတယ်။

ဖြစ်ရပ်ဆိုးကို ပြန်လည်စဥ်းစားသုံးသပ်ပြီး အကောင်းမြင်ရှုထောင့်ကနေ ပိုမိုအသားပေးရမှာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် မိမိလက်တွဲဖော်နဲ့ ရင်နာနာကွဲကွာခဲ့ရပြီး ဘယ်တော့မှ ဖြည်ဆည်နိုင်မှာ မဟုတ်ဘူးလို့ ထင်နေတယ်ဆိုရင် ပြန်လည်သုံးသပ်ခြင်းဖြင့် အဆိုးထဲကနေ အကောင်းတွေကို မြင်လာတတ်ပြီး အနာဂတ်မှာ ပိုမိုခိုင်မြဲသေချာတဲ့ မေတ္တာရေးဖြစ်လာစေရန် အထောက်အကူ ဖြစ်စေပါတယ်။

နောက်ထပ်နည်းလမ်းကတော့ အတိတ်အကြောင်း ပြန်ပြောရင်း အဖတ်ဆယ်ဖို့ပဲ ဖြစ်ပါတယ်။

မကောင်းတဲ့ အတွေ့အကြုံတွေကို ဇာတ်လမ်းထဲ ဆွဲထည့်လိုက်ရင် ပိုမိုကျယ်ပြန့်ကောင်းမွန်တဲ့ ဇာတ်လမ်းဖြစ်လာနိုင်ပါတယ်။

ဇာတ်လမ်းတိုင်းက မနာကျင်ရတာမျိုး မရှိပေမယ့် ပြန်လည်ပြောပြဖို့ ဇာတ်လမ်းမျိုးဖြစ်လာနိုင်ပါတယ်။

အဆိုပါ နည်းလမ်း ၂ မျိုးက  အတိတ်က ဖြစ်ရပ်ဆိုးတွေကို ကျော်လွှားပြီး ပိုမိုကောင်းမွန်တဲ့ စိတ်အနေအထားဖြင့် ရှေ့ဆက်နိုင်မှာ ဖြစ်ပါတယ်။

Source: WION

Sport

ရွှေလီ-မူဆယ် နယ်စပ်ဖြတ်ကျော် ချစ်ကြည်ရေးမာရသွန်ပြေးပွဲ ရွှေလီမြို့တွင် ကျင်းပ

၂ ဇန်နဝါရီ ၂၀၂၄

ရွှေလီ-မူဆယ် တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲကို ၂၀၂၃ခုနှစ် ဒီဇင်ဘာ ၃၁ရက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းယူနန်ပြည်နယ် ရွှေလီမြို့မှာ ကျင်းပခဲ့ပါတယ်။ အဲဒီပြိုင်ပွဲကို မြန်မာနှင့်တရုတ်နှစ်နိုင်ငံမှ အပြေးသမားပေါင်း ၇၀၀၀ကျော်ဟာ အမျိုးအစားလေးမျိုးမှာ ဆင်နွှဲယှဉ်ပြိုင်ခဲ့ကြပါတယ်။

Source CCTV+

ကမ္ဘာ့ဖလားခြေစစ်ပွဲ မြန်မာအသင်းနှင့်ကစားမည့် မြောက်ကိုရီးယားဘောလုံးအသင်း ရန်ကုန်သို့ရောက်ရှိ

၁၈ နိုဝင်ဘာ ၂၀၂၃

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်ပွဲစဉ်အဖြစ် မြန်မာလက်ရွေးစင်ဘောလုံးအသင်း နှင့် ယှဉ်ပြိုင်မယ့် မြောက်ကိုရီးယားလက်ရွေးစင်ဘောလုံးအသင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ နိုဝင်ဘာ ၁၈ရက် ညပိုင်းက ရောက်ရှိခဲ့တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ 

မြောက်ကိုရီးယားအသင်းဟာ ရန်ကုန်မြို့ Inya Lake Hotel တွင် တည်းခိုမည်ဖြစ်ပြီး ‌နိုဝင်ဘာလ ၁၉ရက်နေ့မှ စတင်ကာ လေ့ကျင့်ရေးအစီအစဉ်များ စတင်လုပ်ဆောင်မှာဖြစ်ပါတယ်။

မြန်မာအသင်းနှင့်မြောက်ကိုရီးယားအသင်းတို့သည် နိုဝင်ဘာ ၂၁ ရက် ညနေ (၄)နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းကြီးထဲတွင် ယှဉ်ပြိုင်ကစားကြပါလိမ့်မယ်။

မြန်မာ - မြောက်ကိုရီးယား ပွဲစဥ်အတွက် လက်မှတ်များကို အထူးတန်း ၅၀၀၀ ကျပ်၊ ရိုးရိုးတန်း ၂၀၀၀ ကျပ်ဖြင့် ရောင်းချသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ယင်းပွဲစဥ်အတွက် လက်မှတ်များကို နိုဝင်ဘာ ၂၀ရက်တွင် နံနက် ၁၀နာရီမှ ညနေ ၄ နာရီအထိလည်းကောင်း ၊ နိုဝင်ဘာ ၂၁ရက်တွင် နံနက် ၁၀နာရီမှ နေ့လယ် ၂နာရီအထိ လည်းကောင်းမြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်တွင် ဝယ်ယူနိုင်ကြပါတယ်။ ယင်းအပြင် နိုဝင်ဘာ ၂၁ ရက် ၊ နေ့လယ် ၂နာရီမှ စတင်၍ အထူးတန်း လက်မှတ်များကိုသုဝဏ္ဏကွင်း (Gate-2) ၌ လည်းကောင်း၊ ရိုးရိုးတန်း လက်မှတ်များကို သုဝဏ္ဏကွင်း (Gate-8)၌ လည်း ကောင်း ဝယ်ယူနိုင်မယ်လို့လည်းသိရပါတယ်။

-ymg/knl

၁၉ ကြိမ်မြောက် ဟန်ကျူးအာရှအားကစားပြိုင်ပွဲကို တရုတ်သမ္မတရှီကျင့်ဖျင်ဖွင့်လှစ်

၂၄ စက်တင်ဘာ ၂၀၂၃

တရုတ်နိုင်ငံ ကျက်ကျန်းပြည်နယ်မြို့တော် ဟန်ကျူးတွင် စက်တင်ဘာ ၂၃ ရက်ညနေက ၁၉ကြိမ်မြောက် အာရှအားကစားပွဲ ဖွင့်ပွဲကျင်းပခဲ့ရာ တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

Source CCTV+

 

Technology

  • တစ်နာရီကို(၄၀၀)ကီလိုမီတာနှုန်းဖြင့်သွားနိုင်မည့် မြန်နှုန်းမြင့် CR450 EMUရထားရှေ့ပြေးပုံစံအား တရုတ်နိုင်ငံ ထုတ်လုပ်သွားမည်

    တစ်နာရီကို ၄၀၀ ကီလိုမီတာ အမြန်နှုန်းသွားနိုင်အောင် ထုတ်လုပ်ထားတဲ့ တရုတ်နိုင်ငံရဲ့ CR450 EMU ရထား ရှေ့ပြေးပုံစံကို ယခုနှစ်အတွင်း ဆောက်လုပ်သွားနိုင်ရန် စီစဥ်ထားကြောင်း တရုတ်ပြည်မီးရထားအဖွဲ့အစည်းမှ အကြီးတန်းအရာရှိတစ်ဦးက ဆိုလိုက်ပါတယ်။

     

  • အလိုရှိသည့်အခါပြုလုပ်နိုင်မည့်နေကြတ်ခြင်းဖြစ်စဥ်အတုဖန်တီးရန် သိပ္ပံပညာရှင်များစမ်းသပ်တီထွင်

    Published 14 April 2024

    နေကြတ်ခြင်းဖြစ်စဥ်တွေဟာ မြင်တွေ့ရသမျှထဲမှာ ထူးခြားဆန်းကျယ်ဆုံးသော ဖြစ်ရပ်တွေထဲက တစ်ခုဖြစ်ပြီး အခုဆိုရင် အလိုရှိတဲ့အတိုင်း ဖန်တီးနိုင်တော့မှာ                ဖြစ်ပါတယ်။

    ဥရောပမှ သိပ္ပံပညာရှင်များက နေကြတ်ခြင်းအတု ဖန်တီးနိုင်မယ့် နည်းလမ်းတစ်မျိုး တွေ့ရှိထားပြီ ဖြစ်ပါတယ်။

    Proba-3 လို့အမည်ပေးထားတဲ့ စီမံကိန်းမှာ အာကာသယာဥ် ၂ ခုကို နေရာချိန်ညှိပြီး နေကြတ်ခြင်းကို လိုချင်တဲ့အတိုင်း ဖန်တီးနိုင်ရန် စီစဥ်နေကြပါတယ်။

    ပြီးခဲ့တဲ့ ရက်သတ္တပတ် ဘယ်လ်ဂျီယံမှာ ပြုလုပ်တဲ့ ပွဲတစ်ပွဲမှာ ဥရောပအာကာသအေဂျင်စီ (ESA)က Proba-3 ဂြိုဟ်တုများဖြစ်တဲ့ Coronagraph နဲ့ Occulter တို့ကို ဖော်ထုတ်ပြသခဲ့ပါတယ်။

    Occulter က Coronagraph နားတဝိုက် ၁၅၀ မီတာခန့်ကနေ ပျံသန်းစေမှာ ဖြစ်ပါတယ်။

    ဂြိုဟ်တုတွေ သတ်မှတ်ထားတဲ့ နေရာအတိအကျကို ရောက်တာနဲ့ Occulter က Coronagraph မျက်နှာပြင်ပေါ် အရိပ်ထိုးစေကာ နေကိုပါအုပ်ပြီး စက်ဝန်းရောင် ထွက်ပေါ်စေမှာ ဖြစ်ပါတယ်။

    အနည်းမျှပင် နေရာလွဲချော်တာနဲ့ မအောင်မြင်နိင်တာကြောင့် အလွန်ခက်ခဲတယ်လို့ ESA ညွှန်ကြားရေးမှူး ဒီယက်မာပစ်ဇ်က ပြောပြပါတယ်။

    ၁၉၇၅ ခုနှစ်တုန်းကလည်း အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုတို့မှ နက္ခတ္တပညာရှင်များ ပူးပေါင်းကာ နေကြတ်ခြင်းအတု ဖန်တီးရန် အလားတူစမ်းသပ်ခဲ့ဖူးပါတယ်။

    ပျံသန်းမှုပုံစံ အမျိုးမျိုးကို ဖော်ပြသွားမှာဖြစ်ပြီး ဂြိုဟ်လည်ပတ်မှုနည်းပညာများနဲ့ စမ်းသပ်သွားမှာဖြစ်ကာ အောင်မြင်သွားပါက အနာဂတ်မစ်ရှင်တွေမှာ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

    Source: WION

  • BYD လျှပ်စစ်ကား အရှေ့အလယ်ပိုင်း ဈေးကွက်ထပ်ချဲ့

    ဖေဖော်ဝါရီ ၂၀၂၄

    တရုတ်နိုင်ငံရဲ့ ရောင်းအကောင်းဆုံးလျှပ်စစ်ကား BYD ဟာ အရှေ့အလယ်ပိုင်းမှာ ဈေးကွက်ချဲ့ထွင်ဖို့ စီစဉ်နေပါတယ်။ BYD ဟာ ၂၀၂၃ ပထမသုံးလတ်ပတ်မှာ ကမ္ဘာ့ရောင်းအကောင်းဆုံးလျှပ်စစ်ကားအဖြစ် Tesla ကို ကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။

    “လူတွေဟာ ပစ္စည်းအသစ် နည်းပညာအသစ်ကို လိုလိုလားလားလက်ခံလာပြီ။ သူတို့ဟာကားတွေကိုလည်း ဒီအတိုင်း စမ်းသုံးလာကြတယ်” လို့ BYD ရဲ့ အရှေ့အလယ်ပိုင်းနှင့်အာဖရိက ဆိုင်ရာ အထွေထွေမန်နေဂျာ အက်ဒ်ဟွမ်ကပြောပါတယ်။
    Source CCTV+

Contact Us

Building D, No.101, 1st Floor, Mahabandoola Tower(Near Mahabandoola Bridge), Mahabandoola Road, Pazundaung Township, Yangon.